ဈေးသည်ကောင်လေးကို အစစ အရာရာ ကူညီပေးခဲ့တဲ့ ရဲသားကြီးရဲ့ ချီးကျူးဖွယ် လုပ်ရပ်

Youtube-South Bend officer helps boy with lemonade stand

လူတွေဟာ သတ္တဝါတွေထဲမှာ အရက်စက်ဆုံးနဲ့ အကြမ်းကြုတ်ဆုံးလို့ လူတော်တော်များများ မှတ်ချက်ပေးကြပေမယ့် ဒီလောကကြီးမှာ သနားကြင်နာတတ်တဲ့ လူတွေလည်း ရှိပါသေးတယ်။ အဲဒီလိုလူတွေဟာ ဘယ်သူ့ကို အကူအညီပေးရမလဲဆိုတာကို အမြဲလိုလိုမျက်စိဒေါက်ထောက် ကြည့်နေတတ်သလို လူတစ်ယောက် ဒုက္ခရောက်နေရင်လည်း အချိန်မရွေး ကူညီဖို့ အဆင်သင့် ရှိနေတတ်ပါတယ်။ အခုလည်း ရဲအရာရှိတစ်ယောက်ဟာ ကောင်လေးတစ်ယောက် သံပုရာဖျော်ရည်ရောင်းနေရာမှာ နေ့တိုင်းဆိုင်ဖွင့်တာအစ ဆိုင်ပိတ်တာအဆုံး အမြဲကူညီပေးနေကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Youtube-South Bend officer helps boy with lemonade stand

အဆိုပါကောင်လေးကတော့ အမေရိကန်နိုင်ငံ၊ Indiana ပြည်နယ်၊ South Bend မြို့မှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ်ရှိ Jaelynn Wilson အမည်ရှိ ကောင်လေးပဲ ဖြစ်ပါတယ်။ Wilson လေးဟာ သူ့မုန့်ဖိုး သူရှာဖို့အတွက်ရယ်၊ အိမ်အတွက် တစ်ဖက်တစ်လမ်းကနေလည်း ဝင်ငွေရအောင်အတွက် လူသွားလူလာများတဲ့နေရာတွေမှာ သံပုရာဖျော်ရည်တို့၊ ပေါက်ပေါက်ဆုပ်တို့ကို ရောင်းလေ့ ရှိသလို တစ်ခါတစ်ရံဆိုရင်တော့ Free drink တိုက်လေ့ ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက် Wilson လေးတစ်ယောက် ဈေးရောင်းနေတဲ့ နေရာကို Indiana ပြည်နယ် ရဲအရာ ရှိတစ်ဦးဖြစ်တဲ့ Ron Glon တစ်ယောက် ရောက်လာခဲ့ပါတယ်။

READ
အမြွာဘာသာစကားနဲ့ စကားတွေ ဖောင်ဖွဲ့နေခဲ့ကြတဲ့ ကလေးငယ်(၂)ဦး
Youtube-South Bend officer helps boy with lemonade stand

Wilson တစ်ယောက် ရဲအရာရှိ Glon ကို တွေ့လိုက်တဲ့အချိန်မှာ သူ့ရောင်းနေတဲ့ ပစ္စည်းတွေကို သိမ်းပြီး သူ့ကို ဖမ်းယ်လို့တောင် ထင်သွားခဲ့ပြီး ရုတ်တရက် ပြေးဖို့တောင် လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် Glon က သူနဲ့ စကားအေးအေးဆေးဆေးပြောပြီး Wilson ဘာကြောင့် ဒီလိုမျိုးဈေးရောင်းနေတယ်ဆိုတာကို သိရှိသွားခဲ့ပါတယ်။ ဒီလိုနဲ့ Glon ဟာ နောက်နေ့ကစပြီး Wilson တစ်ယောက် ဆိုင်ဖွင့်တဲ့အချိန်ဆို သူကိုယ်တိုင် Wilson ကို သွားခေါ်ပြီး ဈေးရောင်းမယ့်နေရာအထိ လိုက်ပို့ပေးသလို ဆိုင်သိမ်းချိန်မှာလည်း ကိုယ်တိုင်ဝင်ရောက် သိမ်းဆည်းပေးပြီး Wilson ကို အိမ်အထိ လိုက်ပို့ခဲ့ပါတယ်။

LARGER THAN LEMONADE:Longtime South Bend Police officer Ron Glon is offering his time and money to help a 12-year-old boy with his lemonade stand.Find out below why the boy running the stand says the sweet and surprising gesture is so much more than just lemonade.https://www.wndu.com/2020/07/27/sbpd-officer-helps-12-year-old-with-lemonade-stand-makes-generous-donation/

Posted by Ibrahim Samra WNDU on Sunday, July 26, 2020

“အသက် ၁၂ နှစ် အရွယ်နဲ့ ကိုယ့်ရဲ့ မိသားစုအတွက် ပြန်ကြည့်ပေးတဲ့ လူငယ်လေးတစ်ယောက်ကို ကျွန်တော်ဘယ်လိုမျိုးစိတ်နဲ့ ဖမ်းဆီးရမှာလဲ။ Wilson က တော်တော်ကို လိမ္မာတဲ့ ကလေးတစ်ယောက်ပါ။ ဒီအရွယ်ကတည်းက ကိုယ့်ခြေထောက်အပေါ်ကိုယ်ရပ်နိုင်အောင် ကြိုးစားနေပြီး တစ်ဖက်တစ်လမ်းကနေ မိသားစုကို ထောက်ပံ့ပေးဖို့ ကြိုးစားနေတာ တော်ရုံလူတစ်ယောက် မလုပ်နိုင်တယ့် အလုပ်မျိုးပါ။ ကျွန်တော် Wilson ရဲ့ စိတ်ဓာတ်ကို တော်တော်လေးစားမိပါတယ်” လို့ ရဲအရာရှိ Glon က ပြောကြားခဲ့ပါတယ်။

READ
နှလုံးသားနုနုလေးတွေရဲ့ အကြောက်တရားကို ဂရုဏာနဲ့ငြိမ်းအေးစေခဲ့တဲ့ မီးသတ်သမား

Pyi Hein Kyaw

SHARE