ကျူရှင်မတက်နိုင်တဲ့ ကောင်လေးကို ဂျူတီချိန်ပြီးတာနဲ့ စာအမြဲသင်ပေးနေတဲ့ ရဲအရာရှိ

[email protected]

နိုင်ငံတော်တော်များများမှာ စာသင်ချင်ပေမယ့် ကျောင်းမတက်ရတဲ့ ကလေးတွေ အများကြီးပါပဲ။ များသောအားဖြင့် ဒီလိုကလေးတွေရဲ့ မိသားစုဟာ ငွေရေးကြေးရေးမပြည့်စုံတဲ့ မိသားစုတွေ ဖြစ်ပြီးတော့ အခြေအနေအကြောင်းကြောင်းကြောင့် သူတို့ကလေးတွေကို ကျောင်းတွေ၊ ကျူရှင်တွေ မထားပေးနိုင်ကပါဘူး။ အခုလည်း အိန္ဒိယနိုင်ငံက ရဲအရာရှိတစ်ယောက်ဟာ ကျူရှင်မတက်နိုင်တဲ့ ကောင်လေးတစ်ယောက်ကို နေ့စဉ်ဂျူတီချိန်ပြိးတာနဲ့ ယူနီဖောင်းတောင်မလဲပဲ အဆိုပါကောင်လေးထံသွားရောက်ပြီး နေ့စဉ်စာသွားသင်ပေးနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါရဲအရာရှိကတော့ အိန္ဒိယနိုင်ငံ၊ Palasia မြို့ရှိ Vinod Dikshit အမည်ရ ရဲအရာရှိပဲ ဖြစ်ပါတယ်။ Vindo ဟာ ဆင်းရဲပြီး ကျူရှင်မတက်နိုင်တဲ့ ကောင်လေးတစ်ယောက်ကို ဂျူတီချိန်ပြီးတာနဲ့ နေ့စဉ် သင်္ချာနဲ့ အင်္ဂလိပ်စာ ဘာသာရပ်တွေကို သွားရောက်သင်ကြားပေးကြောင်း သိရပါတယ်။ အဆိုပါကောင်လေးရဲ့ နာမည်ကတော့  Raj ဖြစ်ပြီး အင်မတန် ဥာဏ်ကောင်းပြီး စာကိုလဲ ကြိုးကြိုးစားစားသင်ယူတဲ့ ကောင်လေးတစ်ယောက်ဖြစ်ကြောင်း သိရပါတယ်။ Vinod ဟာ Raj ကို ဓာတ်ဆီသွားဖြည့်ရင်း တွေ့ခဲ့ရတာဖြစ်ပြီး Raj ရဲ့ ရည်မှန်းချက်က တစ်နေ့မှာ ရဲသားကြီးတစ်ယောက် ဖြစ်ချင်တာဖြစ်ကြောင်း သိရှိရပါတယ်။

READ
စစ်သားအရုပ်တွေထုတ်တဲ့ကုမ္ပဏီပိုင်ရှင်ကို ဥာဏ်သစ်ပွင့်စေခဲ့တဲ့ (၆)နှစ်အရွယ်ကောင်မလေး
[email protected]

“အဲဒီနေ့က မှတ်မှတ်ရရ ကျွန်တော်ဆီဖြည့်နေတုန်း Raj က ကျွန်တော့်ကို ခပ်လှမ်းလှမ်းကနေ ငေးကြည့်နေတာ သတိထားမိလိုက်တယ်။ ဒါနဲ့ ကျွန်တော်လည်း Raj ကို အနားခေါ်ပြီး ဘာလို့ ကျွန်တော့်ကို ကြည့်နေတာလဲလို့ ကျွန်တော်မေးခဲ့တယ်။ Raj က သူတစ်နေ့မှာ ကျွန်တော်လို ရဲအရာရှိတစ်ယောက်ဖြစ်ချင်တာကြောင့် အားကျလို့ငေးကြည့်နေတာဖြစ်ကြောင်း၊ ဒါနဲ့ကျွန်တော်ကလည်း သူ့ကို စာကြိုးစားဖို့ ပြောခဲ့တယ်။ အဲဒီအချိန်မှာ သူကငွေကြေးမရှိတဲ့အတွက်ကြောင့် ကျူရှင်မတက်နိုင်ကြောင်း သိလိုက်ရတဲ့ အချိန်မှာ ကျွန်တော်ကိုယ်တိုင်သူ့ကို စာသင်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်ဆုံးဖြတ်ချက် မမှားပါဘူး။ Raj က ကြိုးစားပြီးတော့ စာကို သေသေချာချာ လိုက်လုပ်တဲ့ ကောင်လေးမျိုးပဲဗျ” လို့ Vinod က ပြောကြားခဲ့ပါတယ်။

[email protected]

Pyi Hein Kyaw

SHARE