သတင်းတင်ဆက်သူ လုပ်နေပြီဆိုတဲ့ နာမည်ကြီး ရုရှားသူနာပြု ဆရာမ

Vk-Nadia Zhukova

COVID 19 စဖြစ်ခါစ ကာလတွေတုန်းက နာမည်အရမ်းကြီးခဲ့တဲ့ ရရှားနိုင်ငံက သူနာမပြု နာ့စ်မလေးကို သိကြဦးမယ် ထင်ပါတယ်။ အခုအချိန်မှာတော့ အဲဒီနာ့စ်မလေးဟာ သူနာပြုအလုပ်အပြင် သတင်းဌာနတစ်ခုမှာ မိုးလေဝသ အစီအစဉ်တင်ဆက်သူအဖြစ်ပါ လုပ်ကိုင်နေပြီဖြစ်ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချကအရ သိရှိရပါတယ်။

ရုရှားနိုင်ငံမှာ သူနာပြုတစ်ဦးဖြစ်သူ အသက် ၂၃ နှစ်အရွယ် Nadia Zhukova လို့ အမည်ရတဲ့ အမျိုးသမီးကိုတော့ တော်တော်များများ မှတ်မိကြအုံးမှာပါ။ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ မေလ က သတင်းဌာနတော်တော်တော်များများမှာ သတင်းစားခေါင်းကြီးပိုင်းတွေမှာ အမြဲဖော်ပြခြင်းခံရတဲ့ သူနာပြုတစ်ဦးဆိုလည်း မမှားပါဘူး။ အကြောင်းကတော့ Nadia ဟာ ဆေးရုံမှာ round လှည့်နေတဲ့အချိန်အတွင်း PPE ဝတ်စုံအောက်မှာ အတွင်းခံတစ်ခုသာဝတ်ပြီး round လှည့်ခဲ့လို့ပဲ ဖြစ်ပါတယ်။

READ
ရထားတိုက်ခံရပေမယ့် အသက်မသေတဲ့ အိန္ဒိယအမျိုးသမီး
VK_Nadia Zhukova

ဒီလိုပုံစံနဲ့ ဆေးရုံအတွင်းမှာ လျှောက်သွားခဲ့လို့လည်း ဆေးရုံတာဝန်ရှိလူကြီးတွေရဲ့ သတိပေးခြင်းကို ခံခဲ့ရသလို လူအများအပြာရဲ့ ဝေဖန်ခြင်းကိုပါခံခဲ့ရသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းတဲ့ဖက်က ကြည့်မယ်ဆိုရင်တော့ Nadia ဟာ နာမည်ကြီး Sportsewar ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zasport မှာ မော်ဒယ်လပ်ဖို့ ကမ်းလှမ်းခံခဲ့ရသလို နောက်ဆုံးမှာ အဆိုပါ ကုမ္ပဏီနဲ့ စာချုပ်ပါ ချုပ်ခဲ့ကြောင်း သိရပါတယ်။ အခုအချိန်မှာလည်း သတင်းဌာနတစ်ခုမှာ မိုးလေဝသသတင်း အစီအစဉ်တင်ဆက်သူအဖြစ် အချိန်ပိုင်း လုပ်ကိုင်နေကြောင်း သိရပါတယ်။

“ ကျွန်မကတော့ အလုပ်တစ်ခုထဲမှာ အချိန်ပြည့် မလုပ်ချင်ပါဘူး။ ဒါကြောင့်မို့လို့လည်း မိုးလေဝသသတင်း အစီအစဉ်တင်ဆက်သူအဖြစ်ပါ အခုအချိန်မှာ လုပ်ကိုင်နေတာဖြစ်ပါတယ်။ ပြီးတော့ Zasport ကုမ္ပဏီနဲ့လည်း စာချုပ်သက်တမ်းရှိသေးတော့ မော်ဒယ်အလုပ်ပါ ဆက်လက်လုပ်ကိုင် သွားမှဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ရည်မှန်းချက်က တစ်ချိန်ကျရင် ဆရာဝန်တစ်ဦး ဖြစ်ဖို့ပါပဲ။ အခုအချိန်အထိလည်း သူနာပြုအလုပ်ကို ဆက်လက်လုပ်ကိုင်နေပါသေးတယ်” လို့ Nadia က ပြောကြားခဲ့ပါတယ်။

READ
လေကြောင်းသရုပ်ပြရာကနေ ကြောက်မက်ဖွယ်ကပ်ဆိုးကြီးဖြစ်ခဲ့ရတဲ့ လေယာဉ်မတော်တဆမှု

Pyi Hein Kyaw

SHARE