Tiktok ရိုက်နေတဲ့အချိန် အမှတ်မထင်ရောက်လာတဲ့ အမျိုးသမီးကြီးရဲ့ ချစ်စရာအပြုအမူ

Alexis Dinga/TikTok

Tiktok ရိုက်တယ်ဆိုတာကတော့ ဒီဘက်ခေတ်လူငယ်တွေအတွက် သိပ်ထူးဆန်းတဲ့အရာတော့ အမုတ်တော့ပါဘူး။ ဒီလိုမျိုး အိမ်ထဲကအိမ်အပြင် မထွက်ရတဲ့အချိန်မျိုးမှာဆိုရင်တော့ လူငယ်တော်တော်များများရဲက စိတ်ထွက်ပေါက်ဟာ ဆိုရှယ်မီဒီယာသုံးမယ်၊ Tiktok ရိုက်မယ်၊ ဂိမ်းဆော့မယ် ဒါတွေချည်းပါပဲ။ ချစ်စရာကောင်းတဲ့ Tiktok ဗီဒီယိုဖိုင်တော်တော်များများကို သင်တွေ့ဖူးမှာပါ။ ဒါပေမယ့် ဒီဗီဒီယိုထဲမှာပါတဲ့ စာပို့အမျိုးသမီးကြီးဟာ တော်တော် ချစ်ဖို့ ကောင်းပါတယ်။

 

@lexnotalexisIM CRYIN @collinskitchens ##neverfitin ##acnh ##onecommunity ##fail ##viral ##funny♬ Party Girl – StaySolidRocky

ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Alexis Dinga နဲ့ Collins Kitchens လို့အမည်ရတဲ့ ကောင်မလေးတစ်ယောက်ဟာ Tiktok ဗီဒီယိုရိုက်ဖို့အတွက် လမ်းတစ်ဖက်မှာ ကင်မရာကို ချိန်ထားပြီး Tiktok ဗးဒီယို ရိုက်ကူးနေပါတယ်။ အဲဒီအချိန်မှာပဲ ကင်မရာအရှေ့ကို ကားတစ်စီး ရုတ်တရက် ထိုးစိုက်လာပါတယ်။ သူကတော့ USPS က စာပို့အမျိုးသမီးကြီး Annette Desmond ပဲ ဖြစ်ပါတယ်။ Annette ဟာ ဒီအတိုင်းစာပို့ဖို့ ကားရပ်လိုက်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူမရဲ့ ညာဖက်မှာ ကင်မရာထောင်ထားတာကိုတွေ့သွားတဲ့အပြင် သူမရဲ့ ဘယ်ဖက်မှာလည်း Alexis နဲ့ Collins တို့ ကနေတာကို တွေ့သွားတော့မှာ ရှက်သွားပြီး “ How you doing?” လို့ သာပြောပြီး ရယ်နေပါတော့တယ်။

“ ကျွန်မတို့ကနေတဲ့အချိန် စာပို့အမျိုးသမီးကြီး လမ်းထဲကို ကားနဲ့ ဝင်လာတာတွေ့လိုက်တယ်။ အဲဒါနဲ့ ကားကျော်သွားရင် Tiktok ကို အစကနေ ပြန်ရိုက်ဖို့တောင် စဉ်းစားလိုက်သေးတယ်။ ဒါပေမယ့် သူ စာပို့ရမှာက ကျွန်မတို့အနားမှာ ဖြစ်နေတော့ ဖုန်းရှေ့မှာပဲ ကားရပ်လိုက်တာ။ ကင်မရာကိုလည်းတွေ့၊ ကျွန်မတို့ကနေတာကိုလည်းတွေ့တော့မှ သူကျွန်မတို့ဖုန်းအရှေ့မှာ ကာရပ်သလိုဖြစ်သွားတာ သတိထားမိပြီး ရှက်သွားတာ” လို့ Alexis က ပြောကြားခဲ့ပါတယ်။

READ
သိုလှောင်ထားသမျှ အိမ်သာသုံးစက္ကူတွေကို သေချာမသိမ်းမိခဲ့တဲ့ မိခင်တစ်ဦးရဲ့ အဖြစ်

 

@lexnotalexisy’all asked, SHE delivered 💙 ##literally @collinskitchens♬ original sound – dj_yames

အဲဒီလို ဖြစ်ပြီး နောက်ပိုင်း Alexis တို့ဟာ Desmond နဲ့အတူတူ Tiktok ဗီဒီယိုတောင် ရိုက်ကူးခဲ့ကြပါသေးတယ်။ Desmond ရဲ့ ရှက်သွားတဲ့ ဗီဒီယိုဖိုင်လေးကတော့ Tiktok မှာ ကြည့်ရှု့သူ ၂၉ သန်းကျော်ရှိခဲ့ပြီး Alexis ရဲ့ Tiktok အကောင့်မှာလည်း Follower ၂ သိန်းနီးပါးတိုးလာကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pyi Hein Kyaw

SHARE