အ၀ါရောင်လား၊ အစိမ်းရောင်လား အင်တာနက်ပေါ်မှာ အငြင်းပွားနေတဲ့ ခွေးလေး Hulk

Twitter/RexHodge

ခွေးပေါက်ကလေးတွေကို မချစ်တဲ့သူတော့ မရှိလောက်ပါဘူးလို့ထင်ပါတယ်။ ခွေးပေါက်ကလေးဆိုတဲ့အသံကြားတာနဲ့တင် မမြင်ချင်တဲ့သူ မရှိလောက်ဘူးလို့ ထင်ပါတယ်။ အကယ်လို့ အဲဒီခွေးပေါက်လေးဟာ ခြေခြောက်ချောင်းရှိနေတာပဲဖြစ်ဖြစ်၊ အမြီးက ခေါင်းပေါ်မှာ ပေါက်နေတာပဲ ဖြစ်ဖြစ် ဘယ်လိုချို့ယွင်းချက်ရှိနေရှိနေ ချစ်ကြမှာပဲလို့ ထင်ပါတယ်။

Twitter/RexHodge

အခုပြောပြချင်တာကတော့ North Carolina ပြည်နယ်၊  Haywood County မြို့မှာရှိတဲ့ ခွေးပေါက်ကလေးတစ်ကောင်အကြောင်းပါ။ အဆိုပါမြို့မှာ နေထိုင်တဲ့ Stamey မိသားစုရှိ Gypsy အမည်ရှိတဲ့ ခွေးမကြီးဟာ ခွေးပေါက်ကလေး၈ကောင်ကို ကျန်းမာစွာမွေးဖွားခဲ့ကြောင်း News 18 သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ထူးဆန်းတာက မွေးလာတဲ့ခွေးကလေး၈ကောင်ထဲမှာ ခွေးကလေးတစ်ကောင်က ၀ါဝါလေးဖြစ်နေတာပါပဲ။

ထို့နောက် Stamey မိသားစုဟာ သူတို့ခွေးမကြီးက ခွေးပေါက်အစိမ်းလေးမွေးကြောင်း၊ အဆိုပါခွေးလေးကို Hulk လို့ အမည်ပေးထားကြောင်း  Twitter မှာ တင်ခဲ့ပါတယ်။ အဆိုပါပို့စ်ကိုတွေ့တဲ့  လူတစ်ချို့ဟာ ခွေးလေးက အစိမ်းမဟုတ်ကြောင်း၊ အ၀ါရောင်ဖြစ်ကြောင်း အငြင်းပွားမှုတွေ ဖြစ်ခဲ့ကြပါတယ်။

READ
သင့်ဘ၀မှာ ဒီလိုတကိုယ်ကောင်းဆန်တဲ့သူတွေ တွေ့ဖူးလား
Twitter/RexHodge

“ဒီလိုခွေးပေါက်လေးစိမ်းတာ မွေးခဲ့တဲ့ခွေးမကြီးဟာ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ အရောင်ပါတဲ့ရေကို သောက်မိလို့ပါ။ ဒါကြောင့် မွေးလာတဲ့ခွေးလေးတွေထဲမှာ တစ်ကောင်ထဲ ဒီလိုကွက်ပြီး အရောင်ပြောင်းနေတာပါ”လို့ Junaluska တိရစ္ဆာန်ဆေးရုံရှိ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Suzanne Cianciulli က ABC News သတင်းဌာနကို ပြောပြခဲ့ပါတယ်။

 

Pyi Hein Kyaw

SHARE