ရှားပါးတဲ့ အပြာရောင် ပုစွန်တုပ်ကြီးမို့ ချက်မစားပဲ ပြန်လွှတ်ပေးခဲ့တဲ့ စားသောက်ဆိုင်

Image:Facebook/Akron Zoo

မြင်ရခဲတဲ့ ရှားပါးတဲ့ အပြာရောင် ပုစွန်တုပ်ကြီးကိုတော့ စား သောက်ဆိုင် ၀န်ထမ်း တစ်ယောက်က တွေ့ ခဲ့ပါတယ်။ ရှားပါးတဲ့ အ ကောင်ကြီး မို့ ချက်မစား တော့ ပဲ  အေ မရိကန် Ohio ပြည်နယ်မှာ ရှိတဲ့ တိရစ္ဆာန် ရုံ ကို ပို့ ပေးခဲ့ပါတယ်။ဒီအ  ကြောင်းကိုတော့ Akron Zoo ရဲ့ Facebook စာမျက်နှာ ပေါ် မှာ တင်ခဲ့တာပါ။Red Lobster စား သောက် ဆိုင် ရဲ့ဝန်ထမ်း က Cuyahoga Falls မြို့ ကို ပို့မယ့် အထဲမှာ အပြာရောင် ပုစွန် တုပ်ကြီးကို  တွေ့ ခဲ့တာပါ။ မြင် နေ ကျ တွေ နဲ့ မတူတဲ့ ထူးခြားတဲ့ အ ရောင်  ကြောင့်ရှားပါး မျိုး ဆိုတာကို ချက်ချင်း သိခဲ့တာပါ။ဒီအ ကြောင်းကိုတော့ CNN မှာ ဖော်ပြထားပါတယ်။

Image:Facebook/Akron Zoo
ပုစွန်တုပ် အ ကောင် (၂)သန်း မှာ အပြာရောင်က တစ်ကောင် လောက်ပဲ ပါတဲ့ အထိ ရှားပါးတာလို့ Ohio ပြည်နယ်မှာ ရှိတဲ့ တိရစ္ဆာန် ရုံ  မှ တာဝန်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။ဒီလို ပြာ နေတာ ဟာ မျိုးရိုးဗီဇပုံမှန် မဟုတ်တဲ့အ  ခြေ အ နေ ကြောင့် ဖြစ်နိုင်တယ်လို့ လည်း ဆိုပါတယ်။Red Lobster ၀န်ထမ်း က တော့ အပြာရောင် ပုစွန် တုပ် ကြီးကို Clawde  လို့ နာမည် ပေးခဲ့ပါတယ်။ရှားပါး အ ကောင်မို့  Monterey Bay ငါးပြ တိုက် နဲ့ ဆက်သွယ် ကာ တိရစ္ဆာန် ရုံကို လွှဲ ပေးခဲ့တာပါ။
Clawde ဆိုတဲ့ နာမည်သစ်ကို ရ သွားတဲ့ ပုစွန်တုပ် ကြီး က တော့ အခုဆိုရင် သူ့ရဲ့ အိမ် သစ်Akron တိရစ္ဆာန် ရုံ ကို ရောက်  နေပြီး ၀န်ထမ်း တွေ က  သူ့ကို ၀ိုင်း စောင့်ရှောက် ပေးေ န ကြပါတယ်။Clawde  က တော့ တိရစ္ဆာန် ရုံ ထဲက Komodo Kingdom ဆိုတဲ့ အ ဆောက်အအုံမှာ နေ နေ ကြောင်း၊ လက်ရှိမှာတော့ ကိုဗစ် ကြောင့် အဲ့ဒီ အ  ဆောက်အအုံကို ယာယီ ပိတ် ထားပါတယ်။အပြာရောင် ပုစွန်တုပ်ကို တွေ့ တယ်ဆိုတာ ရှားပါးတဲ့ ဖြစ် ရပ်ပါ။ (၂၀၁၉) မေ တုန်းက အ မေရိကန် Massachusetts က စားသောက်ဆိုင်မှာ အပြာရောင် ပုစွန်တုပ် ကြီး ကို တွေ့ ခဲ့ လို့ ဒေသခံ ငါးပြတိုက် ထံ ပို့ ပေးခဲ့တဲ့ ဖြစ်ရပ် မျိုး ဖြစ်ခဲ့ဖူးပါတယ်။လအနည်းငယ် အကြာ မှာတော့ ငါးဖမ်း သမား တစ်ယောက်က Cotton candy  လို အ ရောင်ရှိတဲ့ ရှားပါးတဲ့ ပုစွန်တုပ်ကြီးကို နှစ်ကြိမ် ဖမ်းမိခဲ့ဖူး ပါတယ်။ နောက် ထပ် ငါးဖမ်းသမား တစ်ယောက် ကလည်း အနီနဲ့ အနက် ရောင် ပုစွန် တုပ်ကြီး တွေကို ဖမ်း မိ ခဲ့ ဖူးပါတယ်။

Your Akron Zoo has adopted a rare blue American lobster from a Red Lobster after restaurant employees recognized the…

Posted by Akron Zoo on Sunday, July 26, 2020

#SHWEMOM

SHARE