သခင်ကို မျက်စိအောက်က အပျောက်မခံပဲ ဘယ်သွားသွား လိုက်ချင်နေတဲ့ ချစ်စဖွယ်ရှဥ့်လေး

[email protected] _thelifeofsweetpea

လူတော်တ်ာများများရဲ့ ပတ်ဝန်းကျင်ရှိ သစ်ပင်က ရှဉ့်ကလေးတွေကို တွေ့ဖူးကြမှာပါ။ ဒါပေမယ့် ရှဉ့်လေးတွေ သစ်ပင်ပေါ်မှာ လျှောက်သွားနေလည်း ဒီအတိုင်းကြည့်တာကလွဲပြီး ဘာမှမလုပ်ကြပါဘူး။ အခုလည်း ကောင်မလေးတစ်ယောက်ဟာ အိမ်ရှေ့သစ်ပင်အောက်က ရှဉ့်ကလေးတစ်ကောင်ကို ဒီအတိုင်းလေးခေါ်လာပြီး အစာကျွေးမိရာကနေ သူတို့တစ်အိမ်လုံးရဲ့ အချစ်တော် အိမ်မွေးတိရစ္ဆာန်လေးဖြစ်လာကြောင်း Bright Side သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

View this post on Instagram

“You don’t mind if I eat my mushroom on your painting do you, ma?” Nahhhh…I don’t mind. Glad the paint was already dry. We’re slowly but surely working on our YouTube page and seeing a few of you there visiting with us already! Thank you so much! Please keep checking in every day to see what’s happening in Sweet Pea‘s world! We’ll see you there! Her page name is the same in every platform to make it easier for you to keep up with her: The Life Of Sweet Pea Thank you! We love you all and send wishes for wellness and safety during #corona #crisis #sweetpea #takecareofanimals #loveyourneighbor #animalsareyourneighbortoo #artistsoninstagram #artist #painting #squirrelsofinstagram #squirrellove #animallover #instalove #tiktok #youtube #pawsup #shrooms #lol #mygirl #makesmehappy #comecheckusout #squirrelsquad #thedodo #brightside

A post shared by Sweet Pea (@_thelifeofsweetpea) on

အဆိုပါ ရှဉ့်ကလေးရဲ့နာမည်ကိုတော့ Sweet Pea ပဲ ဖြစ်ပါတယ်။ Sweet Pea လေးနဲ့ အမြဲတမ်း အတူတူ ရှိနေတဲ့ အမျိုးသမီးကြီးကတော့ Miki လို့ အမည်ရတဲ့ အမျိုးသမီးကြီးပဲ ဖြစ်ပါတယ်။ Sweet Pea လေးကို စပြီး တွေ့ရှိခဲ့တဲ့သူကတော့ Miki ရဲ့ သမီးဖြစ်သူ Vannah ပဲ ဖြစ်ပါတယ်။ Vannah ဟာ Sweet Pea ကို အိမ်ရှေ့က သစ်ပင်တစ်ပင်ရဲ့ အောက်မှာ ချမ်းပြီး တုန်နေတာတွေ့လိုက်ရတဲ့အချိန်မှာ အိမ်ထဲကို ခေါ်လာခဲ့ပါတယ်။ အဲဒီတစ်နေ့လုံး Sweet Pea လေးကို နွေးနွေးထွေးထွေးထားခဲ့ပြီး ရေတွေ၊ အစာတွေတောင် တိုက်ကျွေးခဲ့ပါသေးတယ်။

ဒီလိုနေ့ နောက်တစ်နေ့ မနက်မှာ Sweet Pea လေးကို တွေ့ခဲ့တဲ့ သစ်ပင်အောက်မှာ သွားပြန်လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် Sweet Pea လေးကတော့ ချက်ချင်းဆိုသလို အိမ်ထဲကို ပြန်ပြေးဝင်ခဲ့ပြီး သူအိပ်ခဲ့တဲ့ နေရာလေးမှာ သွားပြန်နေခဲ့ပါတယ်။ ဒါကို သတိထားမိတဲ့ Miki ကတော့ Sweet Pea လေးကို ပျော်သလောက်နေစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး Miki ဟာ Sweet Pea လေးအပေါ် သံယောဇဉ်ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခု ထူးခြားတာကတော့ တစ်ခြားလူတွေ အပြင်သွားရင် ဘာမှမသိသလိုနေနေတဲ့ Sweet Pea လေးဟာ Miki အပြင်ထွက်တာနဲ့ကို ချက်ချင်း Miki အနားကို ရောက်ရောက်လာတတ်တာပါပဲ။

“အခုနောက်ပိုင်း ကျွန်မအပြင်သွားရင် သူ့ကို ဘယ်နေရာမဆို အမြဲခေါ်သွားဖြစ်တယ်။ သူကလည်း ကျွန်မသွားတဲ့ ဘယ်နေရာကိုမဆို လိုက်ချင်နေတာချည်းပဲ။ အခုတော့ Sweet Pea လေးကို တော်တော် သံယောဇဉ်ဖြစ်နေပါပြီ။ သူကိုယ်တိုင်ကလည်း ကျွန်မတို့ အိမ်ကို သူ့အိမ်လို့ သဘောထားထားတဲ့ပုံပါပဲ” လို့ Miki က ပြောကြားခဲ့ပါတယ်။

READ
အဆန်းလွန်ပြီး ရယ်စရာဖြစ်သွားခဲ့တဲ့ ကိတ်မုန့်ဒီဇိုင်းများ

https://www.instagram.com/p/B6WZhoqAmwL/

Pyi Hein Kyaw

SHARE