ထူးကဲလှတဲ့ အရသာမျိုးစုံနဲ့ Bubble-tea ချစ်သူတို့အတွက် Bubble-tea Hot Pot

youtube/ Food Insider

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်က ဗန်ကူးဗားမြို့နဲ့ ရစ်ခ်ျမွန်းမြို့တွေဟာ ပုလဲသီးလက်ဖက်ရည်နဲ့ ပတ်သက်ရင် ထင်ရှားပါတယ်။ ဒီမြို့တွေထဲမှာတော့ ထိုင်ဝမ်အဖျော်ယမကာတစ်မျိုးဖြစ်တဲ့ ပုလဲသီးလက်ဖက်ရည်ဆိုင်တွေဟာ အရသာအမျိုးမျိုးနဲ့ မှိုလိုပေါက်နေပါတယ်။ ဒါပေမယ့် ဒီလိုဆိုင်တွေအများကြီးရှိတဲ့အထဲက ရစ်ခ်ျမွန်းမြို့မှာ ထူးထူးခြားခြား ပုလဲသီးလက်ဖက်ရည်ဆိုင်လေးတစ်ဆိုင် ရှိပါတယ်။ အဲဒီစားသောက်ဆိုင်မှာတော့ ပုလဲသီးဟော့ပေါ့ကို ရောင်းချပါတယ်။

စားသောက်ဆိုင်ရဲ့ နာမည်က အေဗရီလို့ခေါ်ပါတယ်။ အေဗရီပုလဲသီးဟော့ပေါ့ဆိုင်လေးကို လွန်ခဲ့တဲ့ () နှစ်ခွဲလောက်က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပိန်းဥလုံးအချိုပွဲဟော့ပေါ့ကိုတော့ အခုနှစ်အစောပိုင်းကမှ စတင်မိတ်ဆက်ခဲ့တာပါ။

youtube/ Food Insider

ဆိုင်တာဝနှ်ရှိသူတစ်ဦးဖြစ်တဲ့ ရန်ကျောင်းကတော့ ကျွန်တော်တို့က တရုတ်စာနဲ့ အနောက်တိုင်းအစားအစာကို ပေါင်းစည်းထားတာပါ။ ကျွန်တော်တို့က ဒေသခံဖောက်သည်တွေအတွက် ရည်ရွယ်ပြီး ယခုလို ဟော့ပေါ့စတိုင်မျိုးကို မိတ်ဆက်ပေးတာပါ။ ဟော့ပေါ့မီနူးအသစ်ထပ်ထည့်ထားတာတော့ သုံးလေးလလောက်ပဲ ရှိပါသေးတယ်။ ဒီအိုင်ဒီယာက ဘယ်လိုရလဲဆိုတော့ လူတွေအနေနဲ့ ပုလဲသီးလက်ဖက်ရည်ဆိုင်တွေသွားတဲ့အခါ အထဲမှာ ပိန်းဥလုံးတွေကို ကိုယ်စားချင်သလောက် ထည့်စားလို့ မရဘူးလေ။ ဒါကြောင့်ပဲ ပိန်းဥပုလဲသီးကို အရမ်းကြိုက်တဲ့သူတွေအတွက် အခုလိုလေး ဖန်တီးဖြစ်တာပါ…” လို့ ပြောပြပါတယ်။

youtube/ Food Insider

ခုလို အကြံဥာဏ်ကနေအစပြုကာ ဘယ်လိုတည်ခင်းကြမလဲ စဉ်းစားကြတဲ့အခါမှာတော့ ရိုးရိုးရှင်းရှင်းပဲ ဟော့ပေါ့အိုးတွေထဲထည့်ကာ စားသုံးသူကို တည်ခင်းဧည့်ခံကြဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒီအချိုပွဲဟော့ပေါ့ကိုတော့ ပိန်းဥဘောလုံးဟော့ပေါ့ လို့ ခေါ်ကြသလို ဘိုဘာဟော့ပေါ့ သို့မဟုတ် ဘိုဘာဟော့ပေါ့အချိုပွဲ လို့လည်း ခေါ်ကြပါတယ်။ စားသုံးသူအနေနဲ့ အချိုပွဲဟော့ပေါ့ကို စားသုံးရာမှာလည်း အချိုရည်ကို အပူဖြစ်ဖြစ်၊ အအေးဖြစ်ဖြစ် () မျိုးစလုံးနဲ့ စားသောက်နိုင်ပါသေးတယ်။

youtube/ Food Insider

ပုလဲသီးလက်ဖက်ရည်နှစ်ခြိုက်သူတွေအတွက်ကတော့ ဒီဟော့ပေါ့ဆိုင်လေးဟာ သွားရည်ယိုချင်စရာပါ။ ပုလဲသီးအမျိုးအစား () မျိုးထဲက နှစ်သက်ရာကို ရွေးချယ်နိုင်တဲ့အပြင် ပဲနီ၊ ကျောက်ကျောအေး၊ သာဂူ၊ ပိန်းဥ၊ အုန်းသီးဂျယ်လီ၊ မြေပဲ၊ သကြားညိုပုလဲသီး၊ ဗနီလာရေခဲမုန့်နဲ့ ဖရဲသီးတို့ကိုလည်း တွဲဖက်စားသုံးဖို့အတွက် မှာယူနိုင်ပါသေးတယ်။ ပုလဲသီးတွေနဲ့အတူ လိုက်ဖက်စွာစားသုံးဖို့ ဆော့စ်တွေလည်း အမျိုးမျိုးရှိပါသေးတယ်။ စတော်ဘယ်ရီ၊ ချောကလက်၊ နို့ဆီ၊ ပျားရည်၊ သရက်သီး စသဖြင့် ကြိုက်နှစ်သက်ရာ ဆော့စ်တွေကို ရွေးချယ်နိုင်မှာ ဖြစ်တယ်လို့လည်း insider သတင်းအရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE