ဆိုင်ထိုင်စားလို့ရတဲ့ Service ပုံစံသစ်ကို မိတ်ဆက်ပေးလိုက်တဲ့ နယ်သာလန်က စားသောက်ဆိုင်

Image:twitter/@NIAPR_01

အခုဆိုရင်တော့ စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်စားသောက်လို့ မရ တော့ပါဘူး။ကပ်ရောဂါ က စ လိုက်တဲ့ ပြဿနာ ဟာ လူတွေရဲ့ နေထိုင်စားသောက်မှု ပုံစံတွေ အကုန်လုံးကိုပါ ပြောင်းလဲ ပစ်ခဲ့ပါတယ်။ကပ်ရောဂါ ကြီး ပြီးခဲ့ရင် လဲ အ ရင်လိုပဲ သွားလာ နေထိုင်စားသောက်လို့ ပြန်ရမှာလား၊နေထိုင်မှု ပုံစံ တွေ အားလုံးကို ပြောင်းလဲ ပစ်ရ တော့မှာ လား ဆိုတာက တော့ အားလုံးက သိချင် နေကြပါတယ်။တစ်ဖက်မှာလည်း မဖြစ် မ နေ social distancing လုပ် ရမယ် ဆိုတဲ့ အချက် ကလည်း ရှိနေတဲ့ ကြားကပဲ စီးပွားရေး သမားတွေ က တော့ တီထွင်ကြံဆ မှုတွေ လုပ် နေရပါတယ်။ နယ်သာလန်က စားသောက်ဆိုင်တစ်ဆိုင်က တော့ ဆိုင်ထိုင်စားလို့လဲ ရ၊social distancing လဲ ဖြစ်ရမယ် ဆိုတဲ့ စည်းကမ်းချက်တွေ နဲ့ လိုက်လျောညီ ထွေ ရှိတဲ့ Service ပုံစံ သစ်ကို မိတ်ဆက် ပေးလိုက်ပါတယ်။ဒီ အ ကြောင်း ကိုတော့ CNN မှာ ဖော်ပြထားတာပါ။

Image:twitter/@NIAPR_01

အဲ့ဒီဆိုင်က တော့ နယ်သာလန်နိုင်ငံ Amsterdam မြို့က Mediamatic ETEN ဆိုတဲ့ ဆိုင်ပါ။ဒီဆိုင်မှာ တော့ ညစာ စားမယ့်သူတွေ အတွက် အသီးအရွယ် Menu လေးမျိုး ၀န် ဆောင်မှု ပေးထားပါတယ်။လက်ရှိ ဖြစ် နေတဲ့  ကပ်ရောဂါ ကူးစက်မှု အန္တရာယ် အတွက်လည်း Safe ဖြစ် အောင်လို့ ဆိုင်မှာဆိုရင် သီးသန့် ထိုင်စရာ နေရာ quara ntine greenhouse လေးတွေ ဖန်တီးပေးထားပါတယ်။သီးသန့် လေးလဲ ရှိပြီး ကိုယ့်မှန်လုံအိမ် လေးတွေနဲ့ ကိုယ်မို့  ဆိုင် ထိုင်စားသောက်ချင်သူတွေ အတွက် အကြိုက် တွေ့မယ့် ဆိုင်လေးပါ။အခုဆိုရင်တော့ ဒီဆိုင် လေးက နာမည် ကြီး နေပြီး လာရောက်စားသောက်ဖို့ ကြိုတင်ဘိုကင်ယူထားတာတွေ အကုန်ပြည့်နေပြီလို့ ဆိုင်ရဲ့ ၀က်ဘ် ဆိုက်မှာ ဖော်ပြထားပါတယ်။

READ
လဲကျသွား တရုတ်အမျိုးသားကို CPR နည်းနဲ့ပြုစုဖို့ ငြင်းဆန်ခဲ့လို့ မသေသင့်ဘဲ သေခဲ့ရ
Image:screenshot/mediamatic

မေလ (၅)ရက်နေ့တုန်းက အဲ့ဒီဆိုင်မှာ သွားစားခဲ့တဲ့ သူငယ်ချင်းတစ်စု ကတော့ ဆိုင်ထိုင်စားရတာ အရမ်း သက် သောင့် သက်သာရှိသလို ၊အစား အ သောက်တွေ ကလည်း အရသာရှိတယ်လို့ သူတို့ရဲ့ အတွေ့ အကြုံ တွေကို ပြန်လည် ဝေမျှ ခဲ့ပါတယ်။ဆိုင်မှာ ၀န်ဆောင်မှု ပေးနေတဲ့ စားပွဲ ထိုးဝန်ထမ်း တွေ ကတော့ လက်အိတ် နဲ့ face shield  တွေကို အကာအကွယ် အဖြစ် သေချာဝတ်ဆင်  ပေးထားတယ်လို့ Mediamatic ETEN ဆိုင်မှ  တာဝန် ရှိသူ တစ်ယောက်က ဆိုပါတယ်။

Image:screenshot/mediamatic

မှာယူထားတဲ့ အ စား အ သောက်တွေကိုလည်း greenhouse အိမ် လေး တွေ အထိ  အရောက်လာပို့ ပေးပြီး ၀န်ဆောင်မှု ပေးတာပါ။အခုဆိုရင်တော့ အ မေ ရိကန်မှာလည်း ပြည်နယ် တစ် ၀က် ကျော် လောက်မှာ ရှိတဲ့ ဆိုင်တွေ ကို ပြန်စ ဖွင့် နေပါပြီ။ပြန် ဖွင့်မယ့် စား သောက်ဆိုင်တွေ အနေနဲ့ တခါသုံး ပစ္စည်းတွေကိုပဲ သုံးကြဖို့ ရောဂါထိန်းချုပ် ကာကွယ်ရေး စင်တာက ညွှန်ကြားထားပါတယ်။

SHARE