ကွင်းထဲမှာ ကျီးကန်း တရစပ် ဆိတ်နေလို့ ထွက်ပြေးခဲ့ရတဲ့ Rugby ကစားသမား

[email protected] Footy Yarns

Rugby ကစားနည်းဆိုတာ အချိန်ပြည့် ပြေးပြီးလှုပ်ရှားနေရတဲ့ ကစားနည်းတစ်ခုပါ။ ကိုယ့်အသင်းက ဘောလုံးရပြီလား၊ တစ်ဖက်အသင်းက ကစားသမားပြေးတာ ဘယ်နားရောက်နေပြီလဲ အစရှိသဖြင့် ကိုယ့်စိတ်ကို ကွင်းထဲမှာ အချိန်ပြည့် အာရုံနှစ်ထားပြီး ကစားရတဲ့ ဘောလုံးကစားနည်းပါ။ ဒါပေမယ့် Rugby ကစားသမားတစ်ယောက်ကတော့ ကစားပွဲထဲမှာ အာရုံအပြည့်မစိုက်နိုင်ခဲ့ပါဘူး။ အကြောင်းကတော့ သူကစားနေတဲ့အချိန်မှာ ကျီးကန်းတစ်ကောင်က တစ်ကွင်းလုံးမှာ သူတစ်ယောက်တည်းကိုပဲ တစ်ချိန်လုံး လိုက်လံထိုးဆိတ်နေပြီး နှောင့်ယှက်နေခဲ့လို့ ဖြစ်ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

[email protected] Footy Yarns

အဆိုပါကစားသမားကတော့ Parkes Spacemen လို့ အမည်ရတဲ့ Rugby အသင်းက လူငယ်ကစားသမားလေး Jack Skinner ပဲ ဖြစ်ပါတယ်။ Jack  ဟာ ပြီးခဲ့တဲ့ စနေနေ့(၁၂.၉.၂၀၂၀)တုန်းက Forbes Magpies အသင်းနဲ့ ယှဉ်ပြိုင်ကစားရတဲ့ အဝေးကွင်းပွဲစဉ်မှာ ကျီကန်းတစ်ကောင်ကြောင့် ကောင်းကောင်းမကစားခဲ့ရပါဘူး။ ပွဲစပြီး သိပ်မကြာခင်မှာ ကျီးကန်းတစ်ကောင်ဟာ ကွင်းထဲမှာ နားနေတာကြောင့် Jack ဟာ ထိခိုက်မိမှာ စိုးတာကြောင့် အဆိုပါကျီးကန်းကို ပျံသွားအောင် မောင်းထုတ်ခဲ့ပါတယ်။ ဒါပေမယ့် ကျီးကန်းက ထပျံမလို လုပ်ပြီးမှ Jack အနားကို ရုတ်တရက် ရောက်လာပြီး Jack ခေါင်းကို ထိုးဆိတ်ခဲ့ပါတယ်။

Young Parkes Spaceman player Jack Skinner has more than Dubbo to worry about today.Got many with the swoop the Forbes Magpies today!!!!!!

Posted by Bush Footy Yarns on Friday, September 11, 2020

ပြီးတော့ အဆိုပါကျီးကန်းဟာ သူနားခဲ့တဲ့ နေရာမှာ ပြန်သွားပြီး နေခဲ့ပါတယ်။ အဲဒီနောက်သိပ်မကြာခင် Jack အနားကို ပြန်ရောက်လာပြီး Jack ကို ထပ်မံ ထိုးဆိတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပျံသွားလိုက်၊ ပြန်လာလိုက်၊ Jack ကို ထိုးဆိတ်လိုက်နဲ့ အကြိမ်ကြိမ်ပြုလုပ်နေတာကြောင့် နောက်ဆုံးမှာ Jack ဟာ ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက် Trainer တစ်ယောက် ကွင်းထဲဝင်လာပြီး ကျီးကန်းကို မောင်းထုတ်လိုက်မှ အဆိုပါကျီးကန်းဟာ အဝေးကို ပျံသွားခဲ့ပါတယ်။ အဲဒီနောက်မှ Jack လည်း သေသေချာချာ စိတ်ချလက်ချ ဆော့နိုင်ပါတော့တယ်။ ဒါပေမယ့်လည်း ကောင်းကင်ကို ခဏခဏကြည့်လိုက်၊ ဆော့လိုက် လုပ်နေတဲ့ Jack ပုံစံကြောင့် နှစ်ဖက်ပရိသတ်တွေခမျာမှာတော့ တော်တော်လေးပွဲကျခဲ့ရပါတယ်။

READ
မီးဖိုချောင်ကပ်ဘေး ဒုက္ခသည်များ၏ ကိုယ်တွေ့မှတ်တမ်းပုံများ
[email protected] Footy Yarns

Pyi Hein Kyaw

SHARE