ရုရှားမုန့်ဖုတ်ပညာရှင်တစ်ဦးရဲ့ အံ့သြဖွယ် ဂန္တ၀င်မြောက်လွန်းတဲ့ ကိတ်မုန့်ကြီးများ

ရုရှားက Renat Agmazov ဟာ လေးစားစရာကောင်းလောက်အောင် မုန့်ဖုတ်ပညာမှာ ထူးချွန်လွန်းသူဖြစ်ပါတယ်။ ဒါကြောင့်လဲ သူဟာ ရုရှားမှာတင်မကပဲ နိုင်ငံအနှံ့အပြားမှာ ပေါ်ပြူလာဖြစ်နေတာပါ။ အောက်ဘက်မှာတော့ ပြောင်မြောက်လှတဲ့ Renat Agmazov ရဲ့ ကိတ်လက်ရာတွေကို တွေ့မြင်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Magic Castle

brightside

ကိတ်မုန့်ကြီးရဲ့အလွှာတိုင်း အလွှာတိုင်းဟာ ရင်သပ်ရှူမောဖွယ်ပါပဲ။ မီးအလင်းအမှောင်ကို စနစ်တကျသုံးထားတာကြောင့်လည်း ကိတ်မုန့်ကြီးက စားရက်စရာမရှိအောင် လက်ရာမြောက်နေတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။

Valeri Fountain

brightside

စားလို့ရပါ့မလားလို့တောင် ထင်နိုင်စရာရှိတဲ့ ကိတ်မုန့်ကြီးဖြစ်ပါတယ်။ တွေ့ရတဲ့ ရေပြာပြာတွေဟာ သကြားအချိုရည်တွေဖြစ်ပြီး ရေနတ်ဘုရား၊ ရေသူမ၊ ငါးနဲ့ ရေနဂါးအရုပ်တွေကိုတော့ ချောကလက်နဲ့ လုပ်ထားတာပါ။ ကိတ်မုန့်ကြီးရဲ့ အမြင့်ဟာ (.) ပေရှိပါတယ်။

Magic Apples

brightside

ဒီကိတ်ကြီးမှာတော့ ထူးခြားတာက ပန်းသီးသကြားလုံးကြီးတွေပါ။ သကြားရည်ကို ခုလောက်အရွယ်အစားရှိတဲ့ ပန်းသီးကြီးဖန်တီးရတာ လွယ်ကူတာတော့ မဟုတ်ပါဘူး။ ကိတ်မုန့်ကြီးရဲ့ အမြင့်ကတော့ (.) ပေ ရှိပါတယ်။

The Louvre

brightside

ဒါကတော့ ချောကလက်ကိတ်သားနဲ့ ပြုလုပ်ထားတဲ့ မီးပန်းဆိုင်းကြီးပါ။ ဘောင်ထဲထည့်ထားတဲ့ ဓာတ်ပုံလေးက အစ တော်တော်ကြီး အသေးစိတ်ပြုလုပ်ထားတဲ့ ကိတ်မုန့်ကြီးလည်း ဖြစ်ပါတယ်။ ကိတ်ကြီးရဲ့ အမြင့်ဟာ (.) ပေရှိပြီး အလေးချိန်ကတော့ (၉၉၂) ပေါင် ရှိပါတယ်။

Dancing Swans

brightside

ကိတ်မုန့်မှာ ပုံဖော်ထားတဲ့ ငန်းလှလှကြီးတွေက လုံးဝကို ရင်သပ်ရှူမောဖွယ်ပါပဲ။ ငန်းကြီးတွေဟာ စားလို့ရပါတယ်။ ငန်းကြီးတွေကို သကြားလုံးအမာစားတစ်မျိုးနဲ့ ပြုလုပ်ထားပြီး စားလို့ရတဲ့ ရွှေကို အပေါ်ကနေ ထပ်အုပ်ထားပါတယ်။ စိတ်ဝင်စားစရာတစ်ခုက အလယ်ကောင်က ငန်းဟာ အမှန်တကယ် ကတတ်ပါတယ်။

Flying Butterflies

ကိတ်မုန့်မှာ မြင်ရတဲ့ လိပ်ပြာတွေဟာ တကယ်ပဲ ပျံသန်းနိုင်ပါတယ်။ ဒါဟာ သမရိုးကျထက် ပိုလွန်တဲ့ မုန့်ဖုတ်ပညာရပ်တင်မကပဲ အင်ဂျင်နီယာစွမ်းရည်တွေပါ ရောပြွန်းပြီး အသုံးချထားတာ ဖြစ်ပါတယ်။

Grandissimo

brightside

မြင်ရတဲ့ ကိတ်ကြီးကတော့ (၁၆.) ပေအမြင့် ရှိပါတယ်။ နို့နှစ်နဲ့ အလှဆင်ထားတဲ့ ဖယောင်းတိုင်တွေနဲ့ ပန်းခက်အပွင့်အဖူးတွေဟာ ကိတ်မုန့်ကြီးကို ပိုပြီး ကျက်သရေရှိ လှပစေပါတယ်။

Baccarat

brightside

အခုကိတ်မုန့်ကတော့ ဥရောပနန်းတော်ကြီးထဲမှာ ထားသင့်တဲ့ ခရစ္စတယ် မီးပန်းဆိုင်းကိတ်မုန့်ကြီး ဖြစ်ပါတယ်။ ကိတ်မုန့်ကြီးရဲ့ အမြင့်ဟာ (၁၁.) ပေရှိပါတယ်။

Romeo and Juliet

brightside

ဒီကိတ်မုန့်ကြီးရဲ့ထူးခြားချက်ကတော့ မီးအလင်းအမှောင်ပဲ ဖြစ်ပါတယ်။ ဖောက်ထွင်းမြင်ရပြီး မီးအလင်းရောင် အေးအေးလေးနဲ့တွေ့ရတာက သကြားရည်သုံးထားတဲ့ အပိုင်းပါ။ ချောကလက်ပါတဲ့ အပိုင်းတွေကိုတော့ မီးရောင် နွေးနွေးလေးသုံးထားတာကြောင့် မြင်ရုံနဲ့ စိတ်ထဲ နွေးထွေးမှူပေးနိုင်တဲ့ ကိတ်မုန့်ကြီးဖြစ်ပါတယ်။

Zwinger Castle

အခုတွေ့ရတဲ့ ကိတ်မုန့်ကြီးဟာ အလေးချိန်() တန်ရှိပြီး အလျား(၂၂) ပေနဲ့ အမြင့် (၁၁) ပေရှိပါတယ်။ စိတ်ဝင်စားစရာကောင်းတာကတော့ ကိတ်မုန့်ကြီးရဲ့ ပြတင်းပေါက်တွေပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

READ
အင်ပရက်ရှင်ဝါဒနဲ့ အင်ပရက်ရှင်နစ် ပန်းချီပညာရှင်တို့ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ 

Ref: Brightside

SHARE