အိမ်ခန်းရောင်းထွက်စေဖို့ ဖြတ်ထိုးဥာဏ်ကောင်းကောင်းနဲ့ ကြော်ငြာဆွဲခဲ့တဲ့ အမျိုးသား

Quentin Tarantino ဟာ အမေရိကန်နိုင်ငံက ရုပ်ရှင်ရိုက်ကူးသူ၊ သရုပ်ဆောင်၊ ရုပ်ရှင်ပရိုဂရမ်ရေးဆွဲသူနဲ့ ရုပ်ရှင်ရုံပိုင်ရှင်တစ်ဦးဖြစ်ပါတယ်။ သူဟာ ဘရက်ပစ်၊ လီယိုနာဒိုဒီကာပရီယိုနဲ့ မာဂေါ့ရူဘီတို့ပါဝင်သရုပ်ဆောင်ထားတဲ့ Once Upon a Time in Hollywood ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတစ်ယောက် ဖြစ်သလို ရုပ်ရှင်ထဲမှာလည်း သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မကြာသေးခင်ကတော့ Quentin Tarantino ဟာ Once Upon a Time in Hollywoodရုပ်ရှင်ပရီးမီးယားပွဲအတွက် မော်စကိုကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်။

instagram/quentin_tarantino_fan_club

ရုရှားတွေက သူ့ကို တော်တော်ချစ်ကြပုံပါပဲ။ သူ့ကို သဘောကျလွန်းလို့ Quentin Tarantino ရဲ့ ဓာတ်ပုံတွေကို ဟာသကာတွန်းတွေနဲ့ memes တွေထဲတောင် ထည့်ဖန်တီးခဲ့ကြပါတယ်။ ဒီလိုလူတွေထဲကမှ Quentin Tarantino ရဲ့ ဓာတ်ပုံတွေကို လုံးဝအကျိုးရှိရှိ အသုံးချခဲ့တဲ့ ရုရှားအမျိုးသားတစ်ဦးကိုလည်း brightside မှာ အခုလို တွေ့ခဲ့ရပါသေးတယ်။

ဒီအမျိုးသားနာမည်ကတော့ Alexander Kainov ဖြစ်ပါတယ်။ ရုရှားလူမျိုးတွေကြားထဲမှာ လတ်တလော Quentin Tarantino က နာမည်သိပ်ကြီးပြီး လူပြောအရမ်းများနေတော့ သူဟာ ဒီအချက်ကို အခွင့်ကောင်းယူပြီး သူ့တိုက်ခန်း အမြန်အရောင်းစွံစေဖို့ အသုံးချခဲ့တာ ဖြစ်ပါတယ်။

facebook/Александр Кайнов

အဲဒါကတော့ Quentin Tarantino ကိုယ်တိုင်က သူ့တိုက်ခန်းကို လာကြည့်ခဲ့သယောင် ဖန်တီးခဲ့တာပါ။ Alexander ဟာ သူ့ရဲ့ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်းနဲ့ မီးဖိုခန်းမှာပါ မကျန် Quentin Tarantino ရဲ့ ဓာတ်ပုံတွေကို ဖိုတိုရှော့နဲ့ ဖြတ်ညှပ်ကပ်ပြီး ထည့်ခဲ့ပါတယ်။ သူ့ရဲ့ ဧည့်ခန်းမှာ Quentin Tarantino က သဘောကျစွာ လမ်းလျှောက်နေပုံ၊ သူ့ရဲ့အိပ်ခန်းကိုကြည့်ပြီး Quentin Tarantino က လက်မထောင်ပြထားတဲ့ ဓာတ်ပုံတွေကိုပါ ဖြတ်ညှပ်ကပ်ထည့်ခဲ့တာ ဖြစ်ပါတယ်။

facebook/Александр Кайнов
facebook/Александр Кайнов
facebook/Александр Кайнов
facebook/Александр Кайнов
facebook/Александр Кайнов

Alexander ရဲ့ ကြော်ငြာနည်းကတော့ ဘာပဲဖြစ်ဖြစ် ရုရှားလူမျိုးတွေရဲ့ လူမှူကွန်ယက်ပေါ်မှာတော့ ပေါက်သွားခဲ့တာ အမှန်ပါ။ မကြာခင်တော့ Alexander အနေနဲ့ သူ့တိုက်ခန်းလေးကို ၀ယ်ယူမယ့် အဆင်ပြေတဲ့သူမျိုးနဲ့ အမြန်ဆုံးတွေ့လိမ့်မယ်လို့ မျှော်လင့်ရပါတော့တယ်။

Продаю 3-х комнатную 121 серия, напротив ТРК "Алмаз" (репост +) https://www.avito.ru/chelyabinsk/kvartiry/3-k_kvartira_67_m_89_et._1312852242

Posted by Александр Кайнов on Sunday, August 11, 2019

လင်းလင်း (ShweMom)

SHARE