UNESCO စာရင်းဝင် ပိုလန် ဆားမိုင်းတွင်းကြီးရဲ့ အ ကြောင်း

Image:IG/ Wieliczka

ကမ္ဘာတစ်ဝန်းမှာတော့ ကိုယ့် အ နေနဲ့ ရောက်ဖို့ အလှမ်းဝေးတဲ့ နေရာ ထူးထူးဆန်းဆန်းတွေ အများကြီး ရှိပါ တယ်။ အဲ့ ဒီ လို နေရာ တွေ အများကြီးထဲကမှ စိတ်ဝင်စားစရာ ကောင်းတဲ့ သမိုင်းကြောင်းတွေ နဲ့ ပြည့် နေတဲ့ ပိုလန်က ဆား မိုင်း တွင်းကြီးရဲ့ အ ကြောင်းကို Shwemom စာဖတ်သူတွေ အတွက် ဗဟု သုတ အ နေနဲ့ ဝေမျှ ပေး ချင် ပါတယ်။ဒီ ဆား မိုးတွင်းကြီးကတော့ ပိုလန်နိုင်ငံ Krakow မြို့ နားမှာ တည်ရှိတာပါ။ဆားမိုင်းတွင်းကြီးရဲ့ အ ကြောင်းကိုတော့ wikipedia နဲ့ boredpanda မှာ ဖော်ပြထားတဲ့ အချက်အလက်တွေ ကို ကိုးကားပြီး ပြန်လည် ဝေမျှ ပေးတာပါ။

Image:IG/ Wieliczka

သူ့နာမည်ကိုတော့ Wieliczka salt mine ဆိုပြီး ခေါ်ပါတယ်။ပိုလန် နိုင်ငံ တောင်ပိုင်း Krakow မြို့ နားမှာ တည် ရှိ ပြီး ခရီးသွားတွေ ကြားမှာ ရေပန်းစားတဲ့ နေရာ တစ်ခုပါ။(၁၃)ရာစု လောက်တည်းက နေ အခုချိန် ထိ တည်ရှိ နေတဲ့ မိုင်း တွင်းကြီးမို့ သူ့ရဲ့  သက်တမ်း ကတော့မနည်း တော့ပါဘူး။ဒါကြောင့်လည်း UNESCO  စာရင်း ၀င်ခဲ့တာပါ။ ဆား မိုင်း တွင်းကြီး ကတော့ (၁၀၇၂)ပေ အနက် မှာ တည်ရှိတာပါ။မိုင်းတွင်းကြီး မှာတာ့ မြေ အောက် ရေ ကန်  ရှိပါတယ်။

Image:IG/ Wieliczka

လာရောက်လည် ပတ် ချင်စရာ ဖြစ် အောင် ပြန်လည် မွမ်းမံ ထား တာ မို့  မိုင်းတွင်း ထဲ ကို  လည် ပတ် မယ်ဆိုရင်ေ တာ့ အထဲမှာ ခမ်းနားလှပတဲ့ အဆောင်ခန်း (၂၀၀၀)၊၀တ်ပြု ဆုတောင်းရာ နေရာ တွေ နဲ့ လှပတဲ့ မီးဆိုင်း ကြီး တွေ ကို တွေ့  မြင် ရမှာပါ။ဒါတင်ပဲ လားဆိုရင်တော့ မက သေးပါဘူး. ဆားနဲ့ လုပ်ထားတဲ့ အရာ တစ်ချို့ ကို လည်း မိုင်း တွင်းထဲမှာ တွေ့ မြင်ရမှာပါ။တော် တော် လေးကို ခမ်းနားကြီးကျယ်တဲ့ နေရာကြီး ဆိုတာကို တော့  ပုံတွေ ကို ကြည့် ရင် သိနိုင်ပါတယ်။

သူ့ရဲ့ သမိုင်း ကြောင်းကို နည်းနည်း ပြောပြ ပေးချင်ပါတယ်။(၁၃)ရာစု ကနေ (၂၀၀၇) အထိ ဆားတွေ ကို ထုတ် ပေး ခဲ့ တာမို့ ကမ္ဘာ့ ပေါ်မှာ လုပ်ငန်း သက်တမ်းအ ရှည်ဆုံး ဆားမိုင်းတွင်းကြီး ပါ။ Żupy Krakowskie ကုမ္ပဏီ က ဆားထုတ်တဲ့ လုပ်ငန်းတွေ ကို ဆောင်ရွက်ခဲ့တာပါ။နောက်ပိုင်းမှာတော့ ဆားဈေး တွေ ကျတာ၊မိုင်းတွင်း ရေကြီး မှု တွေ ကြောင့် (၁၉၉၆)လောက်မှာ လုပ်ငန်းတွေ ကို ရှေ့ မဆက် နိုင် တဲ့ အထိ ဖြစ်ခဲ့ဖူးပါတယ်။လက်ရှိ မှာ တော့ ပိုလန် ရဲ့ သမိုင်းဝင် နေရာ တစ်ခု ဖြစ်လာခဲ့ပါပြီ။

READ
ခံစားချက်အသစ်တွေကိုပေးစွမ်းနိုင်မယ့် ဒိန်းမတ်ကသစ်ပင်အိမ်ဟိုတယ်လေး
Image:IG/ Wieliczka

ဝင်္ကပါ ကြီးလို မျိုး ရှုပ် ထွေး တဲ့ လမ်း ကြောင်း တွေ ကိုလည်း မိုင်း တွင်းထဲမှာ တွေ့မြင် ရမှာပါ။ရှေးခေတ်က ဆား ဘယ်လို လုပ်ကြလဲ ဆိုတဲ့ နည်းပညာ တွေကိုလည်း မိုင်းတွင်း ထဲ မှာ ခင်းကျင်းပြသ ပေးထားပါတယ်။မြေ အောက် ရေကန် အပြင် မိုင်းလုပ်သးတွေ ထွင်းထု ထားခဲ့တဲ့ ရုပ်တု ကြီး တွေကိုလည်း တွေ့ မြင်ရမှာပါ။

Wieliczka salt mine ရဲ့ တရားဝင် ၀ဘက်ဆိုက်မှာ ဖော်ပြထားတဲ့ အချက် အလက်တွေ အရ Middle Ages ( ငါး ရာစု က နေ ၁၅ ရာစုကာလ) မှာတော့ ဆားမိုင်းလုပ်သား ပေါင်း (၃၀၀-၃၅၀) လောက်က  မိုင်းတွင်း ကြီးထဲ မှာ အလုပ်လုပ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။ဒါ့အပြင် တစ်နှစ်ကို ဆား တန်ချိန် ပေါင်း (၇-၈) တန် လောက် အထိ ထုတ် နိုင် ခဲ့ကာ၊ မိုင်းတွင်းကြီးကို လာရောက်လည်ပတ်တဲ့ ပထမဆုံး ခရီးသွားဧည့်သည်ကတော့ Nicolaus Copernicus ဖြစ် ပြီး (၁၄၉၃)တုန်းက လာခဲ့တာလို့ လည်း ဖော်ပြထားပါတယ်။

READ
အာဂျင်တီးနားနိုင်ငံ၏ အထင်ကရနေရာများ
Image:IG/ Wieliczka

အရင်တုန်းက (အခုကိုဗစ်မတိုင်ခင် ) က  တစ်နှစ်  ကို ခရီးသွားဧည့်သည် နှစ်သန်း လောက် လာရောက်လည် ပတ် လေ့ရှိပါတယ်။မိုင်းတွင်းကြီးမှာ အထပ် (၉)ထပ် ရှိတယ် ။နောက်ဆုံး အထပ် ကတော့ အနက် (၁၀၇၂)ပေမှာ တည်ရှိတာပါ။ Wieliczka က တော့ ကမ္ဘာ ပေါ်မှာ (၅)ခု မြောက် အကြီးဆုံး ဆားမိုင်းတွင်းကြီးပါ။အကြီးဆုံး ကတော့ Sifto Salt Mine ပါ။ က နေဒါ နိုင်ငံ Ontario ပြည် နယ်မှာတည်ရှိတာပါ။Lake Huron ကန် ကြီးရဲ့ အနက် ပေ (၁၈၀၀) မှာ တည်ရှိတာပါ။

#SHWEMOM
SHARE