မိုးရေထဲရပ်နေရတဲ့ ခွေးလေးကို ထီးဆောင်းပေးခဲ့တဲ့ လုံခြုံရေးအမျိုးသားကြီး

[email protected] Dearman [email protected] Rat

များသောအားဖြင့် လူတွေဟာ ကိုယ်ချင်းစာတရား မရှိပေမယ့် ကိုယ်ချင်းစာတရားရှိတဲ့လူတွေကလည်း ကိုယ်ချင်းစာတရားအပြည့်ရှိပါတယ်။ တစ်ခါတစ်လေကျရင် ပါးစပ်ကနေ ငါ့မှာ ကိုယ်ချင်းစာတရားရှိတယ်လို့ ထုတ်ပြောမယ့်အစား အလုပ်နဲ့ သက်သေပြတာကတော့ အကောင်းဆုံးပါပဲ။ အခုလည်း ဈေးဝယ်စင်တာ အပြင်ဘက်မှာ ရှိတဲ့ ခွေလေးတစ်ကောင်ကို မိုးရွာနေတုန်း လုံခြုံရေးအမျိုးသားကြီးက ထီးမိုးပြီး ဆောင်းထားပေးခဲ့ကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Scotland နိုင်ငံ၊ Giffnock မြို့မှာ ရှိတဲ့ Morrisons ဈေးဝယ်စင်တာက Ethan Dearman လို့အမည်ရတဲ့ အမျိုးသားကြီးလုပ်ရပ်ဟာ မြင်တွေ့ရသူအဖို့ စိတ်ကြည်နူးစရာ ဖြစ်ခဲ့ပါတယ်။ ဈေးဝယ်စင်တာ အထဲဝင်ပြီး ဈေးဝယ်ရင် အထဲကို အိမ်မွေးတိရစ္ဆာန်မခေါ်ရဘူးဆိုတဲ့ စည်းမျဉ်းကို တော်တော်များများ သိကြမှာပါ။ လွန်ခဲ့တဲ့တစ်ပတ်လောက်တုန်းက အဆိုပါဈေးဝယ်စင်တာထဲကို ဈေးဝယ်သူတစ်ယောက်ဟာ သူ့ရဲ့ ခွေးကလေးတစ်ကောင်ကို အပြင်ကတိုင်မှာ ကြိုးချည်ခဲ့ပါတယ်။

READ
ထောင်တွင်းစာဖိုမှုးဆိုပြီး TikTok မှာ နာမည်ကြီးနေတဲ့ အကျဉ်းသား
Ethan Dearman

Looks like I'm viral now, lol.

Posted by Ethan Dearman on Monday, June 29, 2020

ဒီလိုကြိုးချည်ပြီးတာနဲ့ ပိုင်ရှင်ဟာ စင်တာထဲဝင်ပြီး ဈေးဝယ်နေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ မိုးက အကြီးအကျယ်ရွာချလိုက်တာကြောင့် ခွေးကလေးခမျာ မိုးရေထဲ ရပ်နေခဲ့ရပါတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ အဆိုပါ ဈေးဝယ်စင်တာရဲ့ လုံခြုံရေးတစ်ယောက်ဖြစ်တဲ့ Ethan ဟာ ခွေးကလေး အနားကို ရောက်လာခဲ့ပြီး သူ့ရဲ့ ထီးနဲ့ မိုးပေးခဲ့ရှာပါတယ်။ အင်မတန်ကို စိတ်ချမ်းသာစရာကောင်းတဲ့ မြင်ကွင်းလေးတစ်ခုပါပဲ။

Pyi Hein Kyaw

SHARE