တစ်ခါမှမတွေ့ဖူးတဲ့သူကို ကယ်ဖို့ကြိုးစားရင်း အသက်ဆုံရှုံးခဲ့တဲ့ ကျောင်းအုပ်ကြီး

ကျောင်းအုပ်ဆရာကြီးတစ်ဦးဟာ သူနဲ့ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးတဲ့ (၁၄) နှစ်သားလေးကို ကယ်တင်ဖို့ကြိုးစားရင်း သေဆုံးခဲ့ကြောင်း ပြီးခဲ့တဲ့ (၂.၄.၂၀၁၉)ရက်နေ့တုန်းက ၄င်းမိသားစုက ပြောပြခဲ့ပါတယ်။ သေဆုံးသူ ကျောင်းအုပ်ကြီးဟာ အသက်(၄၄) နှစ်အရွယ် နယူးဂျာစီမြို့နေ ဒဲရစ်ခ်နယ်လ်ဆန်ဆိုသူပါ။ ဖေဖော်ဝါရီလတုန်းက ဒဲရစ်ခ်ဟာ ပြင်သစ်မှာရှိနေတဲ့ နာမကျန်းဖြစ်နေသူ ဆယ်ကျော်သက်လေးတစ်ဦးကို ရိုးတွင်းခြင်ဆီလှူဖို့ စီစဉ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ရိုးတွင်းခြင်ဆီလှူဒါန်းဖို့ ခွဲစိတ်ကုသမှုတွေ လုပ်အပြီးမှာတော့ သူဟာ စကားပြောမနိုင်တော့ပါဘူး။ ဒဲရစ်ခ်ရဲ့ ဖခင်ဖြစ်သူ (၈၁) နှစ်အရွယ် ၀ီလီကတော့ “…ကျွန်တော့်သားက မျက်လုံးတွေဖွင့်ကြည့်တော့ ကျွန်တော်တို့ ဘယ်သူတွေလဲဆိုတာ သူမှတ်မိတယ်။ ဒါပေမယ့် သူက မလှုပ်ရှားနိုင်တော့ဘူး။ စကားလည်း မပြောနိုင်တော့ဘူး….” လို့ ဆိုပါတယ်။ မိသားစုဝင်အားလုံးက ဒဲရစ်ခ်ကို ကိုမာဖြစ်နေရာကနေ ပြန်ပြီး ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ကြပေမယ့် မကြာခင်မှာ ဒဲရစ်ခ်ဟာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Facebook

ဒဲရစ်ခ်မှာ ယာယီအသက်ရှူရပ်သွားတတ်တဲ့ ရောဂါရှိပါတယ်။ ဆရာဝန်တွေဟာ ပထမတော့ ရိုးတွင်းခြင်ဆီထုတ်ယူဖို့အတွက် ဒဲရစ်ခ်ကို  မေ့ဆေးပေးရမှာ စိုးရိမ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မလွှဲမရှောင်သာပဲ ဒဲရစ်ခ်ကို မေ့ဆေးပေးနဲ့ ခွဲစိတ်ခဲ့ကြပါတယ်။ ခြင်ဆီထုတ်ယူပြီးတဲ့အခါမှာတော့ သူဟာ အခုလိုအဖြစ်ဆိုးနဲ့ ကြုံခဲ့ရတာပါ။

READ
သူငယ်ချင်းနဲ့ ဖောက်ပြန်နေတဲ့ ခင်ပွန်းလောင်းအကြောင်းကို နောက်ကျမှ သိခဲ့ရတဲ့အမျိုးသမီး

ခွဲစိတ်ကုသမှုမတိုင်ခင်ကတော့ ဒဲရစ်ခ်က “… ကျွန်တော် အသားနည်းနည်း အနာခံလိုက်လို့ တစ်ယောက်ယောက်က ပျော်ရွှင်သွားတယ်။ အသက်ဆက်ရှင်သန်ခွင့်ရမယ်ဆိုရင် ကျွန်တော်ကျေနပ်ပါတယ်..” လို့တောင် ဆိုခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ (၈.၄.၂၀၁၉)ရက်နေ့မှာတော့ Westfield အထက်တန်းကျောင်း ကျောင်းအုပ်ကြီးဖြစ်တဲ့ ဒဲရစ်ခ်ရဲ့ အသုဘကို စည်စည်ကားကား ကျင်းပခဲ့တယ်လို့ သိရပါတယ်။

Facebook

လင်းလင်း (ShweMom)

Ref: news.com.au, nypost

SHARE