မထင်မှတ်တဲ့ ဗီဒီယိုဖိုင်တစ်ခုကြောင့် ပြင်သစ်နိုင်ငံမှာ ဆယ်လီဖြစ်သွားခဲ့တဲ့ အမျိုးသား

[email protected]_lt

ပြီးခဲ့တဲ့ စနေနေ့(၇.၁၁.၂၀၂၀)တုန်းက အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ Joe Biden တစ်ယောက် အနိုင်ရပြီးသွားတဲ့အချိန်မှာတော့ အမေရိကန်နိုင်ငံသား တော်တော်များများဟာ နောက်ရက်မှာ လမ်းမတွေပေါ်တွေထွက်ပြီး ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတာကိုတော့ တော်တော်များများသိကြမှာပါ။ အဆိုပါနေ့မှာ သတင်းဌာနတော်တော်များများဟာလည်း အမေရိကန်နိုင်ငံအနှံ့က ပြည်သူတွေကို အင်တာဗျူးတွေလိုက်မေးလိုက်၊ ပြည်သူတွေ အောင်ပွဲခံနေတဲ့ပုံတွေကို ဓာတ်ပုံရိုက်လိုက်နဲ့ အလုပ်တွေ ရှုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ Washington DC မြို့က အောင်ပွဲခံနေတဲ့ ပြည်သူတွေကိုတော့ BFM TV သတင်းဌာနက Maxime Switek လို့ အမည်ရတဲ့ ပြင်သစ်သတင်းတစ်ယောက်က အင်တာဗျူးခဲ့ပါတယ်။

 

အပေါ်ကတွေ့ရတဲ့ဗီဒီယိုထဲမှာ အင်တာဗျူးဖြေနေတဲ့ အမျိုးသားကတော့ Meka လို့ အမည်ရတဲ့ အမျိုးသားပဲ ဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ပြီး နားထောင်လိုက်ရင်တော့ Meka တစ်ယောက် ဘာပြောနေမှန်း မသိလောက်ပါဘူး။ Meka ဟာ သူ့ကို အင်တာဗျူးမေးတဲ့ သတင်းထောက်က ပြင်သစ်လူမျိုးတစ်ယောက်မှန်း သိသွားတဲ့အခါမှာတော့ ပြင်သစ်လို ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ပြင်သစ်အစားအစာတွေကို ဘယ်လောက်ကြိုက်ကြောင်း၊ ပြင်သစ်နိုင်ငံကို အလည်လာဖူးချင်ကြောင်းပြောခဲ့ပြီး ပြင်သစ်လူမျိုးတွေ ရယ်တဲ့ ပုံစံနဲ့ ရယ်ပြီး ထွက်သွားခဲ့ပါတယ်။ ဒီအင်တာဗျူး ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ ကြည့်ရှု့သူ ၁၀ သန်းကျော်ရှိခဲ့ပြီး ပြင်သစ်ပြည်သူ တော်တော်များများဟာ Meka ကို တော်တော်လေး သဘောကျ နှစ်ခြိုက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Forbes လို နာမည်ကြီးမဂ္ဂဇင်းကတောင် Meka ကို ရအောင်ဆက်သွယ်ခဲ့ပြီး အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။

READ
မတော်တဆဖြစ်ပြီး၊ တုတ်ချောင်းကြီးက ဆိုင်ကယ်သမားရဲ့ ဗိုက်ကို ထုတ်ချင်းပေါက်စိုက်ဝင်ခဲ့
[email protected]_lt

“ကျွန်တော်အဲဒီလောက် နာမည်ကြီးသွားမယ်မှန်း မသိရပါဘူး။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် လာပြောပြမှ သိရတာ။ ပြင်သစ်နိုင်ငံက အစားအစာ၊ သူတို့ရဲ့ ရိုးရာဝတ်စုံ၊ သူတို့ရဲ့ စကားပြောပုံဆိုပုံတွေကို ကျွန်တော်တော်လေး သဘောကျပါတယ်။ ပြီးတော့ ထပ်ကြွားပြောရမယ်ဆိုရင် ကျွန်တော်ပြင်သစ်စကားကို ကောင်းကောင်းပြောတတ်ပါတယ်။ အစကတော့ ၂၀၂၀ ခုနှစ်အစောပိုင်းမြှ ပြင်သစ်နိုင်ငံကို အလည်လာဖို့ စီစဉ်ခဲ့တာပါ။ ဒါပေမယ့် COVID 19 ကြောင့် အစီအစဉ်ပျက်သွားခဲ့တာပါ။ COVID 19 ကပ်ရောဂါကြီး ပြီးသွားပြီးဆိုတာနဲ့ ပြင်သစ်နိုင်ငံကို ကျွန်တော်ကျိန်းသေသွားရောက်လည်ပတ်မှာပါ” လို့ Meka က ပြောကြားခဲ့ပါတယ်။

[email protected]_lt

Pyi Hein Kyaw

SHARE