အဖမဲ့သားကို မျက်နှာမငယ်စေချင်တဲ့ မိခင်တစ်ယောက်ရဲ့ ကြိုးပမ်းအားထုတ်မှု

တစ်ကိုယ်တော်မိခင်တစ်ဦးဖြစ်တဲ့ ရီဗက်ဗက်ဇ်ကေးဟာ တစ်နေ့ သားဖြစ်သူကို ကျောင်းလိုက်ပို့ရင်း ကားပါကင်ထဲမှာ ကားတွေ အပြည့်ရှိနေတာကို တွေ့လိုက်ရပါတယ်။ သားဖြစ်သူ အီလီဂျာကို မေးတော့ အီလီဂျာက ကျောင်းမှာ “Donuts with Dads” ဆိုတဲ့ အစီအစဉ်တစ်ခုရှိကြောင်း ပြောပြပါတယ်။ အစီအစဉ်မှာတော့ ကျောင်းသားတွေရဲ့ ဖခင်တွေဟာ ကလေးတွေနဲ့အတူ မနက်စာဒိုးနပ်မုန့်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်ကြမှာဖြစ်ပါတယ်။

ရီဗက်ဟာ ဖခင်မရှိလို့ မုန့်စားပွဲအစီအစဉ်ထဲ တစ်ယောက်တည်း ဖြစ်နေမယ့် သားဖြစ်သူကို စာနာပြီး အခုလို ကြံစည်ခဲ့ပါတယ်။ သူမဟာ အိမ်ကို ကားပြန်မောင်းသွားပြီး ရှပ်အင်္ကျီအကွက်ဝတ်၊ ဘော့စ်ဘောဦးထုပ်ကိုဆောင်းပြီး နှာခေါင်းမွှေးတုတပ်ကာ ကျောင်းကို ပြန်လာခဲ့ပါတယ်။ အမျိုးသားတစ်ယောက်ရဲ့ ပုံစံဖမ်းပြီးနောက်မှာတော့ ရီဗက်ဟာ အီလီဂျာနဲ့အတူ မုန့်စားအစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ သူမက အခုလို ပွဲမျိုးမှာ အခြားကလေးတွေက ဖခင်တွေကိုယ်စီနဲ့ ပျော်ပျော်ပါးပါး စားသောက်နေချိန်မှာ အီလီဂျာက တစ်ယောက်တည်း ငိုင်နေမယ့်အဖြစ်မျိုးကို မလိုချင်တာကြောင့်လို့ ဆိုပါတယ်။ ဒါကြောင့်ပဲ single mom တစ်ယောက်အဖြစ် ရပ်တည်နေရပေမယ့် သားဖြစ်သူကို မိခင်လိုရော ဖခင်လိုပါ မေတ္တာပေးနိုင်ဖို့ သူမက မျှော်လင့်ထားတာ ဖြစ်ပါတယ်။ သားသမီးအတွက်ဆို အမြဲဦးစားပေးစဉ်းစားတတ်တဲ့ ရီဗက်ကိုတော့ အခုလို တွေ့ရမှာပါ။

READ
ရင်ထဲထိရှစေမယ့် လူတစ်ဦးနဲ့ ခွေးတစ်ကောင်တို့ရဲ့ ကြည်နူးဖွယ် မြင်ကွင်းလေး

သားဖြစ်သူအတွက် တစ်နေ့တာမှာ ဖခင်ကောင်း ပီသစေခဲ့တဲ့ ရီဗက်ပါ…

boredpanda

သူမက အမျိုးသားလို ၀တ်ဆင်ပြီး ကျောင်းအစီအစဉ်တစ်ခုကို တက်ရောက်ခဲ့တာပါ..

boredpanda

ရှပ်အင်္ကျီ၊ ဦးထုပ်၊ မုတ်ဆိတ်တွေနဲ့ အသေအချာ ပြင်ဆင်လာခဲ့တာပါ..

boredpanda

ဖေ့စ်ဘုတ်ပေါ်မှာတော့ အခြားကလေးတွေကို ဖခင်တွေနဲ့ မြင်ရတဲ့အခါ သူမက စိတ်မကောင်းဖြစ်ပေမယ့် ဒါဟာ ဘ၀ပါပဲလို့ ဆိုခဲ့သူပါ..

boredpanda

ဘာပဲပြောပြာ အီလီဂျာကိုတော့ ပျော်ရွှင်စေခဲ့ပါတယ်.. ဒါဟာ အရေးကြီးဆုံးပဲ မဟုတ်ပါလား..

boredpanda

လင်းလင်း (ShweMom)

Ref: boredpanda

SHARE