ခွေးကြောက်တဲ့ အမျိုးသမီးနဲ့ လူကြောက်တဲ့ ခွေးကလေးတို့ရဲ့ ထူးခြားတဲ့ဇာတ်လမ်း

[email protected]

လူတော်တော်များများကတော့ ခွေးကလေးတွေကို ချစ်ကြသလို တစ်ချို့ကြတော့လဲ ခွေးကလေးတွေကို မချစ်ကြပါဘူး။ တစ်ချို့ကြပြန်တော့လဲ ခွေးကို ကြောက်တတ်ကြပါတယ်။ ဒီလို ခွေးကြောက်တဲ့ရောဂါကိုတော့ Dog Phobia လို့ခေါ်ပါတယ်။ ဒီလို Dog Phobia အကြီးအကျယ်ဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ရှိပါတယ်။ သူမရဲ့ နာမည်ကတော့ Tresa Hwang ပဲ ဖြစ်ပါတယ်။ Hwang တစ်ယောက် ခွေးတွေကို ကြောက်တာကလဲ အကြောင်းရှိပါတယ်။

ketophoria

အသက် ၅၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Hwang ဟာ Canada နိုင်ငံ၊ Oakville မြို့ရှိ ကျောင်းဆရာမတစ်ဦးပဲ ဖြစ်ပါတယ်။ Hwang ဟာ ငယ်ငယ်တုန်းက ခွေးနှစ်ကြိမ်အကိုက်ခံခဲ့ဖူးပါတယ်။ ပထမအကြိမ်ကတော့ အသက် ၁၀ နှစ်အရွယ်မှာ နဖူးကို သူငယ်ချင်းတစ်ယောက်ရဲ့ ခွေးတွေကိုက်တာခံခဲ့ရဖူးသလို အသက် ၂၀ မှာတော့ ခြေထောက်မှာလဲ ခွေးကိုက်ခံခဲ့ရဖူးပါတယ်။ အဲဒီဖြစ်ရပ်တွေ ဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ Hwang ဟာ ခွေးတွေကို အကြီးအကျယ်ကြောက်လန့်ပြီး လမ်းမှာတွေ့ရင်တောင် ခွေးတွေကို ရှောင်သွားတတ်လာပါတယ်။

ketophoria

ဒီလိုခွေးကြောက်တတ်တဲ့ ရောဂါကြီးဟာ တစ်သက်လုံး ဖြစ်သွားမယ်လို့လဲ သူမကိုယ်သူမထင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဘဝကို ပြောင်းလဲပေးဖို့ Boo လို့အမည်ရတဲ့ ခွေးထီးလေးတစ်ကောင် ရောက်ရှိလာပါတယ်။ ထူးခြားတာတစ်ခုကတော့ Boo ဟာ လူအရမ်းကြောက်တတ်တာပါပဲ။ ခွေးတွေကို ချစ်တတ်လာအောင် သင်ပေးတာကတော့ Hwang ရဲ့ ချစ်သူပဲ ဖြစ်ပါတယ်။ Hwang ဟာ Dog Phobia ရောဂါကြီးကို ရေရှည်မဖြစ်ျင်တာကြောင့် သူမကိုယ်တိုင် အိမ်မှာ ခွေးကလေးတစ်ကောင် မွေးဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

READ
ရထား အတွဲဟောင်းတွေကို ဆေးပြန်သုတ်ပြီး ဖန်တီးထားတဲ့ စာသင်ကျောင်းလေး
ketophoria

Hwang ဟာ ဆိုရှယ်မီဒီယာကို အသုံးပြုပြီး ခွေးလေးတစ်ကောင်မွေးဖို့ ရှာဖွေရာမှာ Boo ကိုတွေ့ခဲ့တာဖြစ်ပါတယ်။ Boo ဟာ သူနဲ့ထပ်တူညီတဲ့ ခွေးကလေးတစ်ကောင်လို့ ခံစားမိရာကနေ Boo ကို မွေးစားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Boo တစ်ယောက် Hwang အိမ်ကို စရောက်ရောက်ချင်းမှာ လုံးဝ လူကပ်မခံပါဘူး။ Hwang တစ်ယောက် Boo အနားကို ကပ်တာနဲ့ Boo ဟာ ချက်ချင်းကို ထွက်သွားပါတယ်။ Hwang ကလည်း လုံးဝကို လက်မလျှော့ပါဘူး။ ဒီလိုနဲ့အချိန်တွေကြာလာတာနဲ့အမျှ Boo တစ်ယောက်ဟာ သူ့သခင်မ Hwang ရဲ့ မေတ္တာတွေကို လက်ခံသွားပါတော့တယ်။

 

@ketophoria“Change is the essence of life; be willing to surrender what you are for what you could become.” ~ Reinhold Niebuhr ##rescuedog ##dog ##furbaby ##doglove♬ Surrender – Natalie Taylor

“ Boo က လူကြောက်သလို အရမ်းလဲ အရှက်အကြောက်ကြီးတယ်။ စစရောက်ချင်း ကျွန်မသူ့အနားကပ်ရင် လုံးဝအကပ်မခံဘူး။ ပြန်တော့မကိုက်တတ်ဘူး။ ကျွန်မသူ့အနားကပ်တာနဲ့ တန်းထွက်သွားတာ။ ဆော့လဲမဆော့ဘူး။ ကျွန်မလုံးဝ Boo အပေါ် လက်မလျှော့ခဲ့ပါဘူး။ အခုအချိန်မှာတော့ Boo ဟာ အရင် Boo နဲ့ တစ်ခြားဆီပါပဲ။ ကျိန်းသေတာကတော့ လူတွေက ကြောက်ဖို့မကောင်းဖူးဆိုတာ ကျွန်မ Boo ကို သက်သေပြနိုင်ခဲ့ပြီလို့ ထင်ပါတယ်” လို့ Hwang က Bored Panda သတင်းဌာနကို ပြောပြခဲ့ပါတယ်။

READ
ချစ်သူကို အချိန်ကိုက် အမိုက်စားစပရိုက်လုပ်ပြီး ပရိုပို့စ်လုပ်ခဲ့တဲ့ အမျိုးသားရဲ့ အားထုတ်မှု

Pyi Hein Kyaw

SHARE