ဆူရှီလိုလို ဂျယ်လီလိုလို ပုံစံရှိတဲ့ ပင့်ကူတစ်မျိုး သြစတေးလျနိုင်ငံမှာတွေ့ရှိ

ဆူရှီလိုလို၊ မုန့်အချိုလိုလို ပင့်ကူတစ်ကောင်ရဲ့ ဓာတ်ပုံက ဆိုရှယ် မီဒီယာ အသုံးပြုသူတွေကြားမှာ တော်တော်လေး လှုပ်ခတ်ခဲ့ပါတယ်။

သြစတေးလျနိုင်ငံက ဆစ်ဒနီမြို့က ၀ီလီယမ် ၀ီလီယမ်ဆန်ဆိုတဲ့ အမျိုးသားက ၄င်းရဲ့ အိမ်မှာပဲ ဒီ ထူးဆန်းတဲ့ ပင့်ကူကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

william williamson/facebook

အိမ်လှေကားမှာ ကပ်နေတဲ့ ယင်း ပင့်ကူဟာ အခွံပျော့ ဂဏန်းတွေလို ခြေထောက်တွေရှိပြီး ယင်းရဲ့ ကျောဘက်မှာ ရှိတဲ့ အစိမ်းရောင်လုံးက သစ်ခွားသီးပိုင်းနဲ့တောင် တူနေပါတယ်။

၎င်းအမျိုးသားက ပင့်ကူပုံကို Facbook group တွေထဲကို ဘာအမျိုးအစားလဲ သိရအောင် ရှဲခဲ့ပါတယ်။ အဲ့ဒီ့မှာတော်တော်များများက ဒီလို အကောင်ပုံစံမျိုး တစ်ခါမှတောင် မမြင်ဖူးဘူးဖြစ်နေတယ်။ ဒီ ပင့်ကူကို မက်ဂနီဖီးရှန့် ပင့်ကူလို့ သတ်မှတ်ကြပြီး တနည်းအားဖြင့် အောဒ့်ဂါးရီးယစ် မက်ဂနီဖီကပ်စ် ပင့်ကူလို့ သိကြတယ်။

READ
အထက်လူကြီးရဲ့ မမျှတမှုကို တရားစွဲဆိုရာမှ လျော်ကြေးငွေများစွာနဲ့ အမှုနိုင်ခဲ့တဲ့ရဲသား

အမတွေက ခန္ဓာကိုယ်ပေါ်မှာ ထင်ရှားတဲ့ အမှတ်အသားတွေ ရှိတယ်။ ခန္ဓာကိုယ်က အဖြူရောင်ကိုမှ ၀မ်းဗိုက်မှာ အ၀ါရောင် တောက်တောက် ဆေးစက်လိုအရာ နှစ်ခုပါတယ်၊ ပြီးတော့ အနီရောင်အစက်အပြောက်လေးတွေရှိတယ်။

ပင့်ကူအမတွေက အပင်တွေပေါ်ကနေ တွဲလောင်ချိတ်ဆွဲထားလို့ရတဲ့ ဗိုင်းလိပ်တံ ပုံ ဥအိတ်တွေကို အတွဲလိုက် ဖန်တီးကြပါတယ်။ အိတ်တစ်အိတ်ကို ဥ (၆၀၀) လောက် ဆံ့ပါတယ်။

ဘယ်လိုကြီးမှန် မသိတဲ့ အသွင်ပုံစံရှိနေပါသော်လည်း လူတွေကို အန္တရာယ် မပြုဘူးလို့ သြစတေးလျ ပြတိုက်ရဲ့ အဆိုရ သိရပါတယ်။ အံ့ချီးလောက်တဲ့ ဒီ ပင့်ကူတွေကို  ယေဘုယျအားဖြင့် နယူးဆောက်ဝေးလ်စ်နဲ့ ကွင်းစ်လန်းတို့မှာ တွေ့ရတတ်ပြီး ယင်းတို့က ၂.၅ စင်တီမီတာအထိ ကြီးထွားနိုင်ကြောင်း သိရပါတယ်။

တခြား ပင့်ကူတွေနဲ့ မတူတာကတော့ ယင်းတို့က ပိုးချည်အိမ် မဖွဲ့ကြပါဘူး။ အဲ့ဒီ့အစား ယင်းတို့ရဲ့ စေးကပ်တဲ့ ပိုးချည်လုံးနဲ့ တခြားပိုးကောင်တွေကို ဖမ်းယူကြပါတယ်။ ပန်းခြံတွေထဲမှာ နေထိုင် ရှင်သန်ကြတဲ့ ပင့်ကူတွေဟာ အပင်တွေကို ပိုးကျတဲ့ အခြေအနေကို ထိန်းသိမ်းပေးပါတယ်။

READ
မနက်စာစားဖို့ငြင်းဆန်တဲ့(၂)နှစ်အရွယ်သားလေးကို သေသည်အထိရိုက်နှက်ခဲ့သည့်စုံတွဲ

Ref: Daily Mail

Matthew (ShweMOM)
SHARE