ချစ်သူထွန်းထွန်းနဲ့သူမကြားကို ဝင်ခလောက်ဆန်တဲ့ ဖုန်းခေါ်ဆိုမှုကိုပြောပြလာတဲ့ Sam Dara

facebook.com.samdara/htinaunghtun

ထွန်းထွန်းကတော့ အဆိုတော်၊မင်းသားတစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ အောင်မြင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ပါ။ သူကတော့ အချစ်ရေးနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို ကွယ်ဝှက်ထားတဲ့သူတစ်ယောက်လည်းမဟုတ်ပါဘူး။ သူ့ရဲ့ ကောင်မလေးနဲ့ ဓါတ်ပုံတွေကိုလည်း တင်လေ့ရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

facebook.com.samdara
facebook.com.htinaunghtun

ပရိသတ်တွေပါ ဝိုင်းချစ်နေရတဲ့ ထွန်းထွန်းရဲ့ ချစ်သူကောင်မလေး Sam Dara ကတော့ ဒီကနေ့မှာ ထွန်းထွန်းရဲ့ချစ်သူပါလို့ပြောပြီး သူမကို ဖုန်းခေါ်လာတဲ့ ကောင်မလေးရဲ့ အကြောင်းကို ပြောပြလာတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ သူမနဲ့ ထွန်းထွန်းတို့အတူရှိနေချိန်ဖြစ်ပြီး ထွန်းထွန်းကို ဖုန်းလွှဲပေးပြီး အဲဒီကောင်မလေးနဲ့ ဖုန်ပေးပြောခဲ့ပါတယ်။

facebook.com.samdara

အဲဒီနောက်မှ ဖုန်းခေါ်တဲ့သူဟာ သူမရဲ့ သူငယ်ချင်း အရင်းကြီး DJ နဒီ ဖြစ်နေပြီး သူမတို့စုံတွဲကို စနောက်နေတာဖြစ်မှန်းသိခဲ့ရပါတော့တယ်။ ဒီအကြောင်းကိုတော့ သူမက ဖေစ်ဘုတ်ပေါ်မှာ ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ တည်ဆောက်ထားတဲ့ ထွန်းထွန်းတို့ချစ်သူနှစ်ဦးရဲ့ အချစ်ရေးကတော့ တကယ်ကို အားကျစရာပါပဲနော်။

READ
လုံးဝ လက်လွှတ်မခံသင့်တဲ့ Irrfan Khan ရဲ့ ဇာတ်ကား ( ၅) ကား

 

instagram.com.tuntun
facebook.com.samdara

Source: Sam Dara, Tun Tun

SHARE