ကလပ်တွေပိတ်သွားလို့ Food Deliver အလုပ် လုပ်နေရတဲ့ အဖော်အချွတ်မယ်များ

Instagram/@booberpdx

လက်ရှိဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် နိုင်ငံတစ်ချို့မှာ လူအစည်ကားဆုံးဖြစ်တဲ့ နိုက်ကလပ်တွေ၊ ဘားတွေကို ပိတ်လိုက်ရပြီပဲ ဖြစ်ပါတယ်။ ဒီလို နိုက်ကလပ်တွေကို ပိတ်လိုက်တဲ့အချိန်မှာတော့ ကလပ်က အဖော်အချွတ်မယ်တွေ၊ အကမယ်တွေခမျာ တော်တော်ဒုက္ခရောက်ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီနိုက်ကလပ်လောကကို မှီခိုပြီးစီးပွားရှာနေရတဲ့ သူတို့တွေခမျာမှာတော့ တော်တော်ဒုက္ခရောက်ရပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံရှိ ကလပ်တစ်ခုကတော့ သူတို့ဆီက အဖော်အချွတ်မယ်၊ အကမယ်တွေကို Food Deliver လုပ်ခိုင်းပြီး ဝင်ငွေရှာနေကြောင်း သိရပါတယ်။

[email protected]

အမေရိကန်နိုင်ငံ၊ Oregon ပြည်နယ်၊ Portland မြို့ရှိ The Lucky Devil Lounge လို့ အမည်ရတဲ့ နိုက်ကလပ်တစ်ခုကလည်း  အခြားဘားတွေ၊ကလပ်တွေလိုပဲ ဆိုင်ကို ပိတ်လိုက်ရပြီဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နိုက်ကလပ်ကို အမှီသဟဲပြုပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ နိုက်ကလပ်မယ်တွေအတွက် အစီအစဉ်တစ်ခုလုပ်ပေးခဲ့ပါတယ်။ အဲဒီအစီအစဉ်ကတော့ သူတို့ဆိုင်ရဲ့ စားသောက်စရာတွေကို Deliver လိုက်ပို့ခိုင်းတာပဲ ဖြစ်ပါတယ်။ စားသောက်စရာတွေကို ည ၇ နာရီမှစတင်ပြီး မနက် ၁ နာရီအထိမှာယူစားသောက်နိုင်ပါတယ်။ ရရှိတဲ့အစားအစာတွေကတော့ အမဲသား Steaနဲ့ ကြက်ကြော်တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘီယာတွေနဲ့ အခြား Soft Drinks တွေပါ မှာသောက်နိုင်ကြောင်း သိရှိရပါတယ်။ Delivery ကြေးကတော့ ဆိုင်နဲ့ အဝေးဆုံးကို ဒေါ်လာ ၃၀ အထိသာ ကောက်ခံကြောင်း သိရပါတယ်။

“ ဒီလို အကြံရတာတော့ ကလပ်ပိတ်ခိုင်းတဲ့ အမိန့်စာရောက်လာမှပါ။ ဒီလို ကလပ်ပိတ်လိုက်ရင် ကလပ်ကို မှီခိုနေတဲ့ နိုက်ကလပ်မယ်တွေ တော်တော်ဒုက္ခရောက်မှာအမှန်ပဲ။ ဒါ့ကြောင့် ကလပ်ကို ပိတ်လိုက်ပေမယ့် Kitchen ကိုတော့ ဖွင့်ထားတယ်။ ဆိုင်မှာလာစားလို့ မရပေမယ့် မှာရင် ကျွန်တော်တို့ ပို့ပေးပါတယ်။ အခုဆို သူတို့တွေတော်တော်အဆင်ပြေနေပါတယ်။ တော်တော်များများကတော့ အဖော်အချွတ်မယ်တွေ Food Delivery လုပ်တယ်ဆိုတော့ အထူးအဆန်းတွေဖြစ်ပြီး တော်တော်မှာကြတယ်။ ကျွန်တော့်အတွက်တော့ ကလပ်ပိတ်လိုက်လို့ ဝင်ငွေထိခိုက်ပေမယ့် ကျွန်တော့်ဝန်ထမ်းတွေကို အလုပ်ပေးနိုင်ပြီး လခပါပေးနိုင်တော့ ကျွန်တော်ပျော်ပါတယ်” လို့ The Lucky Devil Longue ပိုင်ရှင် Boulden က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE