လူသားဆန်ပြီး နွေးထွေးလွန်းလှတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ရဲ့ လုပ်ရပ်

[email protected] Kang's Prawn Noodle House [email protected] cassakating

လူတော်တော်များများ ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။ “မင်းကတော်တော်ကလေးဆန်တာပဲ” ဆိုတဲ့ စကားကတော့ လူတိုင်းကြားဖူးကြမယ် ထင်ပါတယ်။ ကလေးဆန်တယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကိုယ်ရဲ့ အနေအထိုင်၊ အပြုအမူ၊ အပြောအဆိုတွေက လေးလေးနက်နက်မရှိပဲ ပေါ့ပျက်ပျက်ရှိလွန်းလှတယ်လို့ ပြောချင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုပြောပြချင်တဲ့ ကလေးမလေးတစ်ယောက်ကတော့ ရင့်ကျက်တဲ့ လူကြီးတစ်ယောက်တောင် မလုပ်နိုင်တဲ့ အပြုအမူတစ်ုကို ပြုလုပ်ခဲ့တဲ့ ကလေးမလေးပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့(၁၇.၇.၂၀၂၀)တုန်းက စင်ကာပူနိုင်ငံ၊ Toa Payph ဒေသရှိ နာမည်ကြီး စာဖိုးမှုး Kang ဖွင့်ထားတဲ့ Prawn Noodle House ဆိုင်မှာ နွေးထွေးတဲ့ ဖြစ်ရပ်လေးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒါကတော့ ကျောင်းသူကလေးမလေးတစ်ယောက်ဟာ စားနေတဲ့ ထမင်းဟင်းတွေ မကုန်လို့ ဆိုင်ကို တောင်းပန်တဲ့အနေနဲ့ သူမရဲ့ မုန့်ဖိုးထဲက ၂ ဒေါ်လာကို tip money အဖြစ် ချန်ထားခဲ့သလို တောင်းပန်စာလေးတစ်ခုပါ ရေးခဲ့ပါတယ်။

ဆိုင်ရှင်ရဲ့ ပြောပြချက်အရတော့ အဆိုပါကျောင်းသူကလေးမလေးဟာ သူ့အမေရယ်၊ သူ့အမရယ်နဲ့အတူတူ ဆိုင်ကို လာပြီး စားသောက်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အရေးကြီးကိစ္စတစ်ခု ပေါ်လာခဲ့ပုံရပြီး စားလက်စတွေကိုတောင် ဘာမှဆက်မစားနိုင်တော့ပဲ ပိုက်ဆံရှင်းပြီး သားအမိသုံးယောက်လုံး ထွက်သွားခဲ့ကြပါတယ်။ ဒါနဲ့ ဆိုင်ရှိ ဝန်ထမ်းတွေလည်း အဆိုပါစားပွဲက စားစရာတွေကို သွားရောက်သိမ်းဆည်းတဲ့အခါမှာတော့ စားပွဲပေါ်မှာ ပိုက်ဆံ ၂ ဒေါ်လာနဲ့ စာလေးတစ်စောင် ချန်ထားတာကို တွ့လိုက်ရပါတယ်။

READ
ကမ္ဘာ့အရပ်အမြင့်ဆုံးခွေးဖြစ်ဖို့နီးစပ်နေသော ရှစ်ပေအမြင့်ရှိတဲ့ခွေးကြီး
[email protected] Kang’s Prawn Noodle House

အဆိုပါစာထဲမှာတော့ သူတို့မှာထားတဲ့ နံရိုးထမ်းနဲ့ ပုစွန်ခေါက်ဆွဲဟာ အင်မတန် အရသာရှိပြီး စားလို့လဲကောင်းကြောင်း၊ ဒါပေမယ့် သူတို့မှာ အရေးတကြီးကိစ္စပေါ်လာခဲ့တဲ့အတွက် မှာထားတာတွေကို အကုန်မစားနိုင်ပဲ ထွက်သွားခဲ့ရကြောင်း၊ ဒီအတွက် ဆိုင်ကအစားအစာတွေကို မကောင်းလို့ မစားသွားမဟုတ်ကြောင်း၊ သူတို့ရဲ့ လုပ်ရပ်အတွက်တောင်းပန်ကြောင်း၊ သူမမုန့်ဖိုးထဲက ၂ ဒေါ်လာကို tip money အဖြစ်ထားခဲ့တာကို လက်ခံပေးပါလို့ စာလေးတစ်စောင်ချန်ထားခဲ့ကြောင်း သိရှိရပါတယ်။

Pyi Hein Kyaw

SHARE