စာမသင်ချင်လို့ ကျောင်းရဲ့ Digital Learning System ကို hack ခဲ့တဲ့ ကျောင်းသား

Pixabay-Wokandapix

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါ အခြေအနေဖြစ်နေတာကြောင့် စာသင်ကျောင်းတော်တော်များများဟာပိတ်ထားရတဲ့ အခြေအနေပါ။ ကျောင်းသားကျောင်းသူတွေ ခမျာမှာလည်း ကျောင်းသွားရတယ်ဆိုတာ မရှိပဲ အိမ်မှာပဲ နေနေရပါတယ်။ ဒါပေမယ့် ဒီ COVID 19 ကပ်ရောဂါကြီးဟာ ဘယ်နေ့ဘယ်အချိန်မှာ ပြီးဆုံးနိုင်မှန်း မသိတာကြောင့် ကျောင်းတော်တော်များများမှာ ကျောင်းသားကျောင်းသူတွေကို အွန်လိုင်းကနေ စာသင်တဲ့ ပုံစံနဲ့ လက်ရှိမှာတော့ သင်ကြားနေပါတယ်။ အခုလည်း အမေရိကန်နိုင်ငံ အထက်တန်းကျောင်းတစ်ခုရှိ ကောင်းသားတစ်ယောက်ဟာ Digital Learning System ကို မကြိုက်တာကြောင့် အဆိုပါ system ကို hack ခဲ့ကြောင်း NBC News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-genesis3g

အဆိုပါ စာသင်ကျောင်းဟာ အမေရိကန်နိုင်ငံ၊ Florida ပြည်နယ်ထဲမှာ ရှိတဲ့ Miami-Dade လို့ အမည်ရတဲ့ အထက်တန်းကျောင်းပဲ ဖြစ်ပါတယ်။ အဆိုပါကျောင်းဟာ လက်ရှိမှာ COVID 19 ကပ်ရောဂါအခြေအနေကြောင့် ကျောင်းပိတ်ခဲ့ပြီး Online ကနေ စာသင်တဲ့ My School Online Platform ကို အသုံးပြုပြီး Online ကနေ စာသင်ခဲ့ပါတယ်။ ဒီလိုနဲ့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့(၃.၉.၂၀၂၀)တုန်းက အဆိုပါအထက်တန်းကျောင်းရဲ့ အသက် ၁၆ နှစ်အရွယ် အမည်ဖော်ပြထားခြင်းမရှိတဲ့ ကျောင်းသားတစ်ဦးဟာ ကျောင်းရဲ့ system ကို hack ခဲ့ပြီး Online ကနေ စာသင်လို့ မရအောင် ပြုလုပ်ခဲ့ပါတယ်။ ကျောင်းကတာဝန်ရှိသူတွေလည်း တစ်ယောက်ယောက် hack ထားမှန်းသိတာကြောင့် သက်ဆိုင်ရာကို တိုင်ကြားခဲ့ပါတယ်။  ဒီလိုနဲ့ သက်ဆိုင်ရာ police cyber တပ်ဖွဲ့ကနေပြီးတော့ ခြေရာခံကြည့်ရာမှ အဆိုပါကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်သားမှန်း သိခဲ့ပြီးနောက်မှာ ချက်ချင်းသွားဖမ်းခဲ့ပါတယ်။

READ
ဂျပန်နဲ့ ဆိုက်ဘေးရီးယားရှိ ကမ္ဘာ့ချစ်စရာအကောင်းဆုံး ရှဥ့်ပျံလေးများ
Pixabay-elizabethaferry

“ဒီနေ့ခေတ်မှာ Cyber အကြမ်းဖက်မှုတွေဟာ တစ်ခြားပြစ်မှုတွေထက် ပိုပြီး အပြစ်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို Cyber အကြမ်းဖက်မှုတွေကြောင့်ပဲ တိုင်းပြည်တစ်ပြည်ရဲ့ အရေးကြီးတဲ့ သတင်းတွေ မပေါက်ကြားသင့်ပဲ ပေါက်ကြားနေရတာပါ။ ပြီးတော့ ဒီလို ကျောင်းရဲ့ Digital Learning System ကို hack တာ ဒီကျောင်းသားတစ်ယောက်တည်း မဟုတ်ပါဘူး။ တစ်ခြားလူတွေပါ ရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အဲဒီလူတွေအကုန်လုံးကို မမိမိအောင် ဖမ်းသွားမှာပါ” လို့ အဆိုပါ Cyber ရဲတပ်ဖွဲ့ရဲ့ ရဲမှူးဖြစ်သူ Edwin Lopez ကပြောကြားခဲ့ပါတယ်။

Pixabay-GDJ

Pyi Hein Kyaw

SHARE