ကလေးတွေရဲ့ မျိုးဗီဇအများစုဟာ မိခင်ဘက်က အဖွားထံမှ အမွေဆက်ခံရရှိကြောင်း သိရ

အဖွားတွေဟာ မြေးတွေနဲ့ ထူးခြားတဲ့ဆက်နွယ်မှုရှိကြောင်း လေ့လာချက်တစ်ရပ်က ဆိုပါတယ်။ အဖွားတွေဟာ မျိုးရိုးဗီဇအားဖြင့်ရော၊ စိတ်ပိုင်းဆိုင်ရာအရပါ မြေးတွေအပေါ် လွှမ်းမိုးမှုများစွာ ရှိပါတယ်။ တကယ်လို့ မိခင်ဘက်က အဖွားတွေနဲ့ အတူမနေခဲ့ရရင်တောင်မှ အဖွားနဲ့ မြေးတွေကြားက ဆက်စပ်နေတဲ့ စည်းနှောင်မှုဟာ ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြေးတွေဟာ မိခင်ဘက် အဖွားဖြစ်သူထံမှ ဒီအန်အေ၊ ပင်ကိုစရိုက်၊ အကြိုက်နဲ့ စိတ်ပိုင်းဆိုင်ရာတွေကို အမွေဆက်ခံရရှိလို့ ဖြစ်ပါတယ်။

© CurtisMark / reddit

စာရေးဆရာတစ်ဦးဖြစ်တဲ့ အလီဂျန်ဒရိုဂျိုဒိုရော်စကီကတော့ ကလေးတွေဟာ မိခင်ရဲ့ သားအိမ်ထဲ ရှိနေစဉ်ကတည်းက အဖွားဖြစ်သူရဲ့ မျိုးဗီဇတွေကို တိုက်ရိုက်ရရှိကြတယ်လို့ ဆိုပါတယ်။ အဖွားဆိုတာ အဖေ့ဘက်မှာရော အမေ့ဘက်မှာရော ရှိပေမယ့် များသောအားဖြင့် ကလေးတစ်ယောက်ရဲ့ မျိုးဗီဇအများစုက အမေ့ဘက်က အဖွားနဲ့ပဲသက်ဆိုင်တယ်လို့ သိရပါတယ်။

© dittidot / reddit

မိသားစုတစ်စုမှာ မျိုးဗီဇတွေဟာ မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ကို ဒီတိုင်း တိုက်ရိုက်ကူးသွားနိုင်တာ မဟုတ်ပါဘူး။ ကြားထဲမှာ တစ်ဆင့်ခံနေပါသေးတယ်။ ဒါကြောင့်ပဲ အချို့ကလေးတွေဆိုရင် မွေးထားတဲ့ အဖေ၊အမေနဲ့မတူပဲ အဒေါ်နဲ့တူတာ၊ ဦးလေးနဲ့တူတာ၊ အဖိုးတွေ အဖွားတွေနဲ့ ရုပ်တူနေတာတွေ ရှိပါတယ်။

READ
ရောက်သွားတာနဲ့ အသတ်ခံရနိုင်တဲ့ ကမ္ဘာ့အန္တရာယ်အများဆုံးကျွန်း

ဒီလိုပြောလို့ ကလေးတွေက အဖွားဖြစ်သူနဲ့ အားလုံးအတိအကျတူနေရမယ်လို့ မဆိုလိုပါဘူး။ အထူးသဖြင့် မှဲ့၊ အပြုံး၊ မျက်လုံးအရောင်၊ လမ်းလျှောက်ပုံ စတာလေးတွေ တူနေတာကို ဆိုလိုတာပါ။ တစ်ခါတစ်လေ အဖွားတွေဆီက မြေးတွေဟာ အရိုးတည်ဆောက်ပုံ၊ ကြွက်သားတွေနဲ့၊ မျိုးဗီဇအလိုက် ရောဂါတွေကိုပါ ဆက်ခံရရှိလေ့ ရှိပါတယ်။ လူသားတွေရဲ့ ပျမ်းမျှ (၂၅) ရာခိုင်နှုန်းသော ဒီအန်အေတွေဟာ အဖိုးအဖွားတွေနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။

© MrsNeverNude / reddit

လေ့လာချက်တစ်ခုမှာတော့ မိခင်ဘက်က အဖွားတွေဟာ သူတို့ရဲ့ X-chromosomes (၂၅) ရာခိုင်နှုန်းကို မြေးတွေဆီ လက်ဆင့်ကမ်းပေးနိုင်ပြီး ဖခင်ဘက်က အဖွားတွေကတော့ သူတို့ရဲ့ မြေးမတွေဆီကိုသာ X-chromosomes ပေးနိုင်ပြီး မြေးယောက်ျားလေးတွေဆီကိုတော့ မလွှဲပေးနိုင်ကြောင်း သိရပါတယ်။ ဒီလိုသိရလို့ မြေးတွေ အနေနဲ့ အဖေဘက်က အဖိုးအဖွားတွေကတော့ တို့နဲ့ အရမ်းမရင်းနှီးဘူးလို့ သတ်မှတ်ဖို့ မသင့်ပါဘူး။ အဓိကကတော့ မြေးတွေအနေနဲ့ အဖေဘက်ရော အမေဘက်ပါ အဖိုးအဖွားတွေကို နွေးထွေးစွာဆက်ဆံပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ အရေးကြီးဆုံးပဲ ဖြစ်ပါတော့တယ်။

READ
ပန်းချီကားထဲက အမျိုးသမီးကို အလွယ်တကူ မြင်ရလား ... ?
© elderkate / reddit

လင်းလင်း (ShweMom)

Ref: brightside

SHARE