ဂေါ့ဖ်ချန်ပီယံ ချစ်သူကောင်လေးကို ပါရမီဖြည့်ပေးခဲ့တဲ့ ချစ်သူ ကောင်မလေး

[email protected] katherinezhuu

အောင်မြင်တဲ့ ယောကျာ်းလေးတိုင်းရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းကလေးတစ်ယောက်ရှိတယ်ဆိုတဲ့ စကားကို တော်တော်များများ ကြားဖူးကြမှာပါ။ အဲဒီစကားဟာ သေသေချာချာ စဉ်စားကြည့်မယ်ဆိုရင်တော့ အမှန်ပါပဲ။ မယုံရင် ကမ္ဘာတစ်ဝှမ်းက နယ်ပယ်အသီသီးမှာ အောင်မြင်ကျော်ကြားနေတဲ့ ယောကျာ်းတိုင်းကို ကြည့်လိုက်ပါ။ သူတို့နောက်ကွယ်မှာ သူတို့ကို စိတ်ပိုင်းဆိုင်ရာကော၊ ရုပ်ပိုင်းဆိုင်ရာပါ အဖက်ဖက်က ကူညီပေးနေတဲ့ ထက်မြက်တဲ့ မိန်းမတစ်ယောက်ဆိုတာ ရှိစမြဲပါပဲ။

 

အပေါ်မှာတွေ့ရတဲ့ အမျိုးသားကတော့ လက်ရှိ PGA Tour ဂေါဖ့်ရိုက်ပွဲတွေမှာ ပူပူနွေးနွေးအနိုင်ရရှိထားတဲ့ အမေရိကန်-ဂျပန်ကပြား အမျိုးသား Collin Morikawa ပဲ ဖြစ်ပါတယ်။ Collin ဟာ ကောလိပ်ကျောင်းမှာ စကစားတဲ့ US Amateur ဂေါ့ဖ်ပြိုင်ပွဲတွေကနေ စတင်ယှဉ်ပြိုင်ခဲ့ပြီး PGA Tour ပရော်ဖက်ရှင်နယ် ဂေါ့ဖ်ရိုက်ပွဲတွေမှာ ချန်ပီယံဖြစ်တဲ့အထိ တောက်လျှောက်အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ ဒီလို Collin တစ်ယောက် အောင်မြင်မှုတွေရယူခဲ့တဲ့ တောက်လျှောက်နောက်ကွယ်ကနေ အမြဲတမ်းအားပေးခဲ့တဲ့လူရှိပါတယ်။ အဲဒီလူကတော့ Collin ရဲ့ ချစ်သူကောင်မလေး Katherine Zhu ပဲဖြစ်ကြောင်း NYpost သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ချက်ကြိုး လည်ပင်းမှာပတ်ပြီး ရေဆင်းပေါက်ထဲ စွန့်ပစ်ခံခဲ့ရတဲ့ ကလေးရဲ့ ကြမ္မာ

 

 

View this post on Instagram

 

💛

A post shared by Kat (@katherinezhuu) on

Zhu ဟာ Collin အတွက် အမြဲတမ်း ဂုဏ်ယူခဲ့သလို သူ့ချစ်သူ Collin ရဲ့ ဂေါ့ဖ်ရိုက်ပွဲတွေကို တောက်လျှောက်အားပေးခဲ့ပါတယ်။ ဘယ်လောက်တောင် အားပေးသလဲဆိုရင် Collin ရဲ့ caddy(ဂေါ့ဖ်အိတ်သယ်ပေးသူ) အဖြစ်ပွဲတိုင်းလိုလိုမှာ Zhu ကိုယ်တိုင် ပါဝင်ပေးခဲ့ပါတယ်။ ဒီလိုပါဝင်နိုင်ရတဲ့အကြောင်းကလည်း Zhu ဟာလည်း အမျိုးသမီး ဂေါဖ့်ရိုက်သမား ဖြစ်နေလို့ပါပဲ။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ခဲ့ကြပြီး ပြီးခဲ့တဲ့ မတ်လထဲမှာလည်း သူတို့နှစ်ဦးရဲ့ (၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ပွဲလေးကို ကျင်းပခဲ့ကြောင်း သိရပါတယ်။

READ
သူငယ်ပြန်နေတဲ့ လူနာအဖိုးကြီးကို လက်သီးနဲ့ (11)ကြိမ်အထိ ထိုးခဲ့တဲ့သူနာပြု

 

 

View this post on Instagram

 

golf is great⛳️ @descentegolf.kr

A post shared by Kat (@katherinezhuu) on

“ကျွန်မတို့နှစ်ယောက်ဟာ ခွေးချစ်တာလည်း တူသလို ဂေါ့ဖ်ရိုက်တာ ဝါသနာပါတာလည်း တူပါတယ်။ အခုအချိန်အထိကတော့ ပြသနာ ကြီးကြီးမားမား တစ်စုံတစ်ရာမှတော့ မဖြစ်ဖူးသေးပါဘူး။ သူတစ်ခုခုဖြစ်နေရင်လည်း ကျွန်မကို ပွင့်ပွင့်လင်းလင်း ပြောတတ်သလို ကျွန်မတစ်ခုခုဖြစ်နေပြီဆိုရင်လည်း သူသိပါတယ်။ နောက်ပိုင်းမှာလည်း သူလိုအပ်တဲ့ အရာတွေမှန်သမျှ ဖြည့်ဆည်းပေးပြီးပဲ သူ့ကိုချစ်သွားမှာပါ” လို့ Zhu က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

always better together. happy 3 years.

A post shared by Kat (@katherinezhuu) on

Pyi Hein Kyaw

SHARE