အပြင်မထွက်ရ အမိန့်ကို ဖီဆန်ခဲ့ပြီး ရဲတွေကို ဖမ်းနိုင်ရင် ဖမ်းဖို့ စိန်ခေါ်ခဲ့တဲ့ အမျိုးသမီး

[email protected]_linnclark

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတိုင်းအိမ်ထဲမှာပဲနေဖို့ နိုင်ငံတော်တော်များများရဲ့ အစိုးရတွေဟာ သူတို့နိုင်ငံသားတွေကို တောင်းဆိုခဲ့ပါတယ်။ ဒီ စည်းမျဉ်းစည်းကမ်းတွေကို နာခံတဲ့သူတွေလဲရှိသလို မနာခံတဲ့သူတွေလဲ ရှိပါတယ်။ အခုလည်း သြစတြေးလျနိုင်ငံရောက်နေတဲ့ ဆွီဒင်နိုင်ငံက ခရီးသွားအမျိုးသမီးတစ်ယောက်ဟာ Lockdown ချထားတဲ့ ကာလအတွင်း အပြင်ထွက်ခဲ့မိတဲ့အတွက်ကြောင့် သူမကို လာဖမ်းပြီး သြဇီဒေါ်လာ ၁၂၀၀ ဒဏ်ငွေရိုက်ဖို့ စိန်ခေါ်ခဲ့ကြောင်း News.com.au သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Heeey

A post shared by Linn Clark 🏳️‍🌈 (@_linnclark) on

Linn Clark လို့ အမည်ရတဲ့ ဆွီဒင်ခရီးသွားအမျိုးသမီးဟာ Lockdown ချထားတဲ့ ကာလအတွင်းမှာ သြဇီနိုင်ငံရှိ Gold Coast ကမ်းခြေကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါ့အပြင် ကမ်းခြေမှာ အေးအေးဆေးဆေးနေပူစာလှုံပြီး ကမ်းခြေတစ်ဝိုက်ကို လျှောက်သွားခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ Linn ဟာ ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ ကမ်းခြေမှာ သူ့လိုအခြားလူတစ်ချို့လည်းရှိကြောင်း၊ ရဲတွေက အပြင်ထွက်ရင် ဖမ်းမယ်၊ဒဏ်ရိုက်မယ်လို့ ကြေညာပြီး တကယ့်လက်တွေ့မှာ ဘာမှဖြစ်မလာကြောင်း၊ အခု Lockdown ချထားတဲ့ကာလမှာ သူမကမ်းခြေရောက်နေပြီဖြစ်ကြောင်း ပြောဆိုပြီး ရဲတွေကို စိန်ခေါ်တဲ့ ပုံစံနဲ့ ပြောခဲ့ပါတယ်။

READ
တံခါးမခေါက်ဘဲ အိမ်ထဲဝင်လို့ဆိုပြီး စက်ဆုပ်ဖွယ်ပြစ်ဒဏ်ပေးတဲ့ ရွာသူကြီး

 

 

View this post on Instagram

 

Chris are you taking a photo???

A post shared by Linn Clark 🏳️‍🌈 (@_linnclark) on

တစ်ကယ်တော့ Linn ပြောချင်တဲ့ သဘောကဒီလိုပါ။ သြဇီနိုင်ငံအစိုးရက Lockdown ချထားတဲ့ကာလအတွင်း အပြင်ထွက်တဲ့သူတွေကို ဖမ်းဆီးပြီး သြဇီဒေါ်လာ ၁၂၀၀ ‘ဒဏ်ရိုက်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် အများပြည်သူတွေ သွားလာတတ်တဲ့နေရာတွေဖြစ်တဲ့ ကမ်းခြေလိုနေရာမျိုးမှာတောင် ရဲတွေမရှိသလို ဖမ်းဆီးဒဏ်ရိုက်မယ့်သူလဲ မရှိကြောင်း ပြောချင်တာပါ။

 

@linnclark##australia ##quarantine ##fineme ##foryou ##fyp ##letsgo♬ originalljud – linnclark

“ ကျွန်မပြောတာ ရှင်းရှင်းလေး။ ဒီထွက်ရင် ဒီလိုဖမ်းမယ်၊ ဒီလိုဒဏ်ရိုက်မယ်။ ပြောပြီးရင် ဖြစ်အောင်လုပ်လေ။ အခုကျတော့ ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး။ ကမ်းခြေမှာ အပန်းဖြေနေတဲ့ အခြားသူတွေလဲ ရှိတယ်။ ဒီလိုအများပြည်သူတွေ သွားလာတတ်တဲ့နေရာမျိုးတွေမှာ ရဲတွေက ပိုရှိနေသင့်ပါတယ်” လို့ Linn က ပြောကြားခဲ့ပါတယ်။

READ
ပေါင် (၅၃၀၀)လောက်အထိ ပေါက်ဈေးရှိနေတဲ့ Pokemon Card အဟောင်းများ

Pyi Hein Kyaw

SHARE