ဂျပန်တွေအဖို့ အသက်နဲ့ရင်းပြီး တန်ဖိုးထားရတဲ့ မြင့်မြတ်သော နန်းစဉ်ရတနာ(၃)ပါး

ဂျပန်ဘုရင် နာရူဟီတိုဟာ ဖခင်ဖြစ်သူ အာခီဟီတို နန်းစွန့်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာပဲ ဂျပန်နိုင်ငံရဲ့ တရားဝင် အင်ပါယာဘုရင်မင်းမြတ်ဖြစ်လာခဲ့ပါတယ်။ နာရူဟီတိုရဲ့ နန်းတက်ပွဲမှာ သူဟာ ဂျပန်ဘုရင်တိုင်း အစဉ်အဆက်ထိန်းသိမ်းကြရတဲ့ နန်းစဉ်ရတနာ(၃) ပါးကို ဆက်ခံရရှိပါတယ်။

အဲဒီ(၃) ပါးကတော့ ကူဆာနာဂီဓား၊ ယာဆာကာနို မာဂါတာမာ ရတနာကျောက်နဲ့ ယာတာနို ကာဂါမီ မှန်တို့ပဲ ဖြစ်ပါတယ်။ ယာတာနို ကာဂါမီမှန်ကတော့ ရှင်တိုဘာသာရဲ့ အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ အီဆေးဂရန်းဗိမာန်မှာ ရှိနေပါတယ်။ ကူဆာနာဂီဓားနဲ့ ယာဆာကာနို မာဂါတာမာ ရတနာကျောက်တွေကိုတော့ ဘုရင်နာရူဟီတိုဟာ သစ်သားသေတ္တာလေးတစ်လုံးနဲ့ လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။

AFP

ဒီပစ္စည်းသုံးမျိုးဟာ ဘုရင်က ပြည်သူတွေအပေါ်မှာထားတဲ့ သူရသတ္တိ၊ ဥာဏ်ပညာနဲ့ စေတနာသဒ္ဓါတရားကို ရည်ညွှန်းပြဆိုပါတယ်။ ထူးခြားတာက ဒီပစ္စည်းတွေကို ဘုရင်အပါအ၀င် ရှင်တိုဘာသာမှာ ဘုန်းတန်ခိုးအကြီးဆုံး ဘုန်းတော်ကြီးတွေကလွဲလို့ ဘယ်သူမှ ထိတွေ့ကြည့်ရှုခွင့်မရှိပါဘူး။ ရတနာပစ္စည်း(၃) ပါးနဲ့ ပတ်သက်လို့ ဒဏ္ဍာရီလာပုံပြင်တွေအရ အခုလို သိရပါတယ်။ ဒီရတနာပစ္စည်းတွေကို ဂျပန်ဒဏ္ဍာရီလာ နေနတ်ဘုရားမဖြစ်တဲ့ အမတာရာစုက ပိုင်ဆိုင်ပါတယ်။ တစ်နေ့တော့ သူမဟာ မောင်တော် မုန်တိုင်းနတ်ဘုရား ဆူစာနိုရဲ့ တိုက်ခိုက်မှုကို ခံရတာကြောင့် သူမရဲ့အလင်းတွေကို ဖျောက်ပြီး လိုဏ်ဂူတစ်ခုထဲမှာ ပုန်းအောင်းနေခဲ့ရပါတယ်။

READ
ကမ္ဘာတစ်လွှားမှ အခြေခံလူတန်းစားရပ်ကွက်နှင့် ဆင်ခြေဖုံးအိမ်ရာများကြားက အလွှာပါး
Asiaone

ဂူထဲမှာ ပုန်းနေတဲ့ အမတာရာစုကိုတော့ နတ်ဘုရားတစ်ပါးဖြစ်တဲ့ အမီနိုအူဇူမီက ဂူပြင်မှာ မှန်နဲ့ ရတနာကျောက်တစ်မျိုးကို ချိတ်ပြီး သူမ အပြင်ပြန်ထွက်လာအောင် သွေးဆောင်နိုင်ခဲ့ပါတယ်။ ဆူစာနိုဟာ နောက်ပိုင်းမှာ နောင်တရသွားပြီး သူ့ရဲ့ အမတော် အမတာရာစုကို ကူဆာနာဂီလို့အမည်ရတဲ့ ဓားတစ်ချောင်းလက်ဆောင် ပေးခဲ့ပါတယ်။ ဓားကနှယ်နှယ်ရရ ဓားမဟုတ်ပဲ ခေါင်း(၈) လုံးပါ မြွေကြီးကို သတ်ဖြတ်တုန်းက အသုံးပြုခဲ့တဲ့ ဓားဖြစ်ပါတယ်။ ဒီနောက်မှာတော့ နတ်ဘုရားတွေရဲ့ ရတနာ (၃)ပါးစလုံးကို အမတာရာစုရဲ့ မြေးဖြစ်သူ နီနီဂျီနိုမီကီတိုက ဂျပန်ပြည်ငြိမ်းအေးပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာမြေပြင်ဆီကို ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်။

scmp

ရတနာပစ္စည်းတွေရဲ့ အစဖြစ်ပေါ်ရာဟာ ဒဏ္ဍာရီလာသဘောအတိုင်း ရှိနေပေမယ့် အပြင်မှာတော့ ဒီပစ္စည်းတွေဟာ တကယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ (၁၁၈၅) ခုနှစ်လောက်မှာ ဂျပန်ရဲ့ နန်းစဉ်ရတနာ(၃)ပါးဟာ အင်အားကြီးတဲ့ မျိုးနွယ်စုတစ်စုဖြစ်တဲ့ တာအီရာမျိုးနွယ်စုလက်ထဲ ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် တာအီရာတွေဟာ မီနာမိုတို မျိုးနွယ်စုတွေနဲ့ ရေကြောင်းခရီးလမ်းကနေ တိုက်ပွဲဖြစ်ပြီး နန်းစဉ်ရတနာအားလုံးဟာ သမုဒ္ဒရာထဲကို ကျရောက်ခဲ့ပါတယ်။ ဒီထဲမှာ မှန်နဲ့ ရတနာကျောက်ကိုတော့ ပြန်ရှာတွေ့ခဲ့ပြီး ဓားကိုတော့ ပြန်ရှာမတွေ့တော့လို့ ပုံတူပြန်သွန်းလုပ်ခဲ့ရကြောင်း သိရပါတယ်။ ထိုစဉ်ကစလို့ ဂျပန်လူမျိုးတွေဟာ တော်ဝင်နန်းစဉ်ရတနာ(၃) ပါးကို သေချာစွာစောင့်ရှောက်ထားပါတယ်။ ရတနာတွေကို ကာကွယ်ဖို့လိုလာရင် အသက်ပါပေးဖို့အထိ ဘုရင်က အမိန့်ချထားကြောင်းလည်း သိရပါတယ်။

READ
တစ်ခြားတစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့သူကို အလွယ်တကူဖမ်းနည်းများ

လင်းလင်း (ShweMom)

Ref: asiaone

SHARE