ထိုင်ဝမ်ရဲ့ အသက်ငယ်ဆုံး ပါလီမန်အဖွဲ့ဝင်တစ်ဦးဖြစ်လာတဲ့ Cosplayer မိန်းကလေး

[email protected]賴品妤

အသက်၂၈နှစ်အရွယ်သာရှိသေတဲ့ Cosplayer မိန်းကလေးတစ်ဦးဟာ ထိုင်ဝမ်နိုင်ငံရဲ့ အသက်အငယ်ဆုံးပါလီမန်အဖွဲ့အဝင်တစ်ဦးဖြစ်လာခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Posted by 賴品妤 on Tuesday, October 15, 2019

[email protected]賴品妤

Posted by 賴品妤 on Sunday, October 20, 2019

Lai Pin-yu လို့ အမည်ရတဲ့ အဆိုပါ မိန်းကလေးဟာ ၁၂ကြမ်မြောက်ကျင်းပတဲ့ ထိုင်ဝမ်နိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိလာခဲ့တာ ဖြစ်ပါတယ်။ Democratic Progressive Party (DDP) မှာ အဖွဲ့ဝင်တစ်ဦးဖြစ်လာတဲ့ အဆိုပါ ကောင်မလေးဟာ လမ်းပန်းဆက်သွယ်ကောင်းမွန်ရေး၊ ဆေးဝါးလိုအပ်နေတဲ့ နေရာတွေကို ဆေးဝါးထောက်ပံ့ပေးခြင်းနဲ့ နိုင်ငံခြားသားခရီးသွားလည်ပတ်ရေးတို့ကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ (၂၀၁၄) နောက်ပိုင်းကစပြီး ထိုင်ဝမ်ဟာ နိုင်ငံရေးလောကမှာ လူငယ်တွေကို နေရာပေးလာခဲ့တာပဲဖြစ်ပါတယ်။

READ
၂နှစ်အရွယ်ကလေးငယ်ကိုသတ်မှုဖြင့် Lesbianချစ်သူ၂ဦးထောင်ဒဏ်တစ်သက်ကျ
[email protected] Lai Pin-yu

Posted by 賴品妤 on Sunday, December 22, 2019

“ ကျွန်မ ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး နိုင်ငံရေးလောကထဲကို ဝင်ရောက်လာပေမယ့် cosplayer ဘဝက အနားယူမှာ မဟုတ်ပါဘူး။ အခက်အခဲတွေ အများကြီး ရင်ဆိုင်ခဲ့ရပေမယ့် ကျွန်မ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျွန်မကို ယုံကြည်ပေးခဲ့တဲ့ ပြည်သူတွေအတွက် ကျွန်မ အကောင်းဆုံး အလုပ်အကျွေး ပြုသွားမှာပါ” လို့ Lai က Stand News သတင်းဌာနကို ပြောပြခဲ့ပါသေးတယ်။

Pyi Hein Kyaw

SHARE