အကြာကြီး ကားပိတ်နေလို့ ကားပေါ်မှာတင် အိပ်ထ,မတင် လုပ်နေတဲ့ တက္ကစီမောင်းသမား

[email protected] Book Chaoguay

ကားပိတ်တဲ့အချိန်ဆိုတာ လူတိုင်းအတွက်စိတ်ညစ်စရာအခြေအနေတစ်ခုပါ။ အဲဒီလိုအချိန်ကြရင် ကားကလုံးဝမရွေ့ပဲ အကြာကြီးပိတ်နေတာပဲဖြစ်ဖြစ်၊ ကားရွေ့သွားပြန်တော့လည်း ကားကလိပ်လေးလိုပဲ တရွေ့ရွေ့သွားနေတာ တော်တော် စိတ်ညစ်စရာ အခြေအနေတစ်ခုပါ။ ဒါပေမယ့် ဘန်ကောက်မြို့က တက္ကစီမောင်းတဲ့ အမျိုးသားတစ်ယောက်ကတော့ ကားပိတ်နေတာတောင် ကားပေါ်မှာတင်ပဲ အိပ်ထမတင်လုပ်နေကြောင်း World Of Buzz သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

วินาทีที่รถติด เขาก็กลายเป็นนักกีฬา ไม่ใช่คนขับรถแท็กซี่อีกต่อไป #ท่านั่งสลายพุง #สสส #ลดพุงลดโรค

Posted by Book Chaoguay on Thursday, February 13, 2020

ဒီဗီဒီယိုကိုတော့ ကားပိတ်နေတဲ့အချိန် အဲဒီတက္ကစီကား အနောက်ဘေးမှာရှိတဲ့ ကားတစ်စီးပေါ်မှ အမျိုးသားတစ်ယောက်က ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ “ သူ့ကားကြီးက ရပ်ထားရက်သားနဲ့ အရမ်းလှုပ်နေတော့ ဘာဖြစ်တာလဲဆိုပြီး လှမ်းကြည့်လိုက်မှ သူအိပ်ထမတင်လုပ်နေမှန်းသိလိုက်တာပါ” လို့ ဗီဒီယို ရိုက်ကူးခဲ့တဲ့သူက ပြောပြခဲ့ပါတယ်။

READ
လူနေအိမ်နားထိလာပြီး အပူဒဏ်ကို အန်တုဖို့ကြိုးစားခဲ့တဲ့ သမင်ကြီး
[email protected] Book Chaoguay

ဒီဗီဒီယိုလေးဟာ ဆိုရှယ်မီဒီယာပေါ်တင်တင်ပြီးချင်း သိပ်မကြာခင်မှာပဲ like and shar က 40k လောက်ရှိခဲ့ပါတယ်။ လူတော်တော်များများကတော့ အိမ်မှာ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိသူတိုင်း အဆိုပါ တက္ကစီအမျိုးသားကို အတုယူသင့်ကြောင်း မှတ်ချက်ပေးခဲ့ကြပါတယ်။

Pyi Hein Kyaw

SHARE