လိုင်းမကောင်းလို့ သစ်ပင်ပေါ် လင့်စင်ထိုးပြီး Online Class ကနေ စာသင်ပေးရတဲ့ ဆရာ

[email protected]

လက်ရှိအချိန်မှာ COVID 19 ကူးစက်ရောဂါဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် စာသင်ကျောင်းတွေ ပိတ်လိုက်ရပြီပဲ ဖြစ်ပါတယ်။ ကျောင်းဆရာဆရာမတွေကလည်း သူတို့တပည့်တွေကို ကျောင်းမတက်ရလည်း Online ကနေ ကျောင်းသင်ခန်းစာတွေကို ပို့ချပေးလျက် ရှိပါတယ်။ အခုလည်း Kolkata က ကျေင်းဆရာတစ်ယောက်ဟာ သူ့တပည့်တွေကို Online Class ပေးရာမှာ အင်တာနက်လိုင်း သိပ်မကောင်းတာကြောင့် နေ့စဉ်တမာပင်ပေါ်တက်ပြီး စာသင်ပေးနေရကြောင်း story Pick သတင်ဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Subrata Pati လို့ အမည်ရတဲ့ သမိုင်းဆရာတစ်ယောက်ဟာ Kolkata မြို့မှာ စာသင်ကြားတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ Kolkata မြို့နဲ့ ကီလိုမီတာ ၂၀၀ ကျော် ဝေးတဲ့ သူ့ရဲ့ မွေးရပ်မြေရွာကို ပြန်သွားတာပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ သူသင်နေတဲ့ စာသင်ကျောင်းဟာ လက်ရှိအချိန်မှာ COVID 19 ကူးစက်ရောဂါအခြေအနေတွေကြောင့် ယာယီပိတ်သွားသလို မြို့ကလည်း Lockdown ချတော့မှာမို့ လို့ သူ့ရွာကို ပြန်လာတာပဲ ဖြစ်ပါတယ်။ ဒီလို အိမ်ပြန်ရောက်သွားလည်း Pati ကတော့ သူ့ကျောင်းသားတွေကို နေ့စဉ် Online Class ကနေ ကျောင်းသင်ခန်းစာတွေကို ပို့ချသင်ကြားပေးလျက် ရှိပါတယ်။

READ
ရာဇ၀တ်မှုတွေ ကင်းစင်အောင် တိုက်ဖျက်ချင်တယ်ဆိုတဲ့ သက်ရှိ ပင့်ကူလူသား
[email protected]

ဒါပေမယ့် Pati ရွာမှာက အင်တာနက်လိုင်းက တော်တော် မကောင်းပါဘူး။ ဒါ့ကြောင့် အစပိုင်းမှာတော့ အိမ်ရှေ့က တမာပင်ကြီးပေါ်တက်တက်ပြီး လိုင်းစမ်းရာ အပင်ပေါ်မှာတော့ အင်တာနက်လိုင်းက တော်တော် အဆင်ပြေပါတယ်။ ဒီလိုနဲ့ Pati ဟာ သူ့ကျောင်းသားတွေကို Online Class ကနေ စာသင်ဖို့ နေ့တိုင်း တမာပင်ပေါ်တက်တက်ပြီး Video Call ခေါ်ကာ စာသင်ကြားရပါတယ်။ နောက်ပိုင်းမှာတော့ ပိုအဆင်ပြေအောင် တမာပင် အပေါ်မှာ လင့်စင်ပါထိုးထားလိုက်ပါတော့တယ်။

[email protected]

“ကျွန်တော်တို့ရွာမှာက အင်တာနက်လိုင်းက တော်တော်မကောင်းဘူးဗျ။ မြို့မှာလို မဟုတ်ဘူး။ လိုင်းက မိတစ်ချက် မမိတစ်ချက်နဲ့ တော်တော် အဆင်မပြေတာ။ ဒါကြောင့် အိမ်ရှေ့က တမာပင်ကြီးပေါ်တက်ပြီး လိုင်းစမ်းကြည့်တော့ အင်တာနက်လိုင်းက တော်တော် အဆင်ပြေနေတယ်။ ဒါ့ကြောင့် အခုလို နေဖြစ်သွားတာပါ။ အစပိုင်းမှာ သစ်ကိုင်းကို ခွထိုင်ရတော့ တင်ပါးနာတယ်။ နောက်ပိုင်း လင့်စင်လေးထိုးလိုက်မှ တော်တော်နေလို့ အဆင်ပြေသွားပါတော့တယ်” လို့ Pati က ပြောကြားခဲ့ပါတယ်။

READ
ရေကြီးနေတဲ့ကြားမှာ ပျော်စရာတွေ မျှဝေနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားများ

Pyi Hein Kyaw

SHARE