တပည့်တွေကို လွမ်းလွန်းလို့ ပုံတူအရုပ်ကလေးတွေ လုပ်ပြီးသိမ်းထားတဲ့ ဆရာမ

[email protected] Meinster-Van der Duin

COVID 19 ဖြစ်ပွားနေတဲ့ ဒီလိုအချိန်မှာ လူတွေ အိမ်မှာပဲနေနေကြရသလို ကျောင်းတွေ၊ရုံးတွေကိလည်း ပိတ်လိုက်ပြီ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေကတော့ ဒီလိုအချိန် အိမ်မှာပဲ နေနေကြရသလို တစ်ချို့တွေကျောင်းတွေကတော့ Online ကနေ စာသင်ပေးလျက်ရှိပါတယ်။

Posted by Stratford Knit and Sew on Saturday, May 2, 2020

ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေလည်း ဒီအချိန်မှာ သူတို့ကျောင်းနဲ့ ဆရာဆရာမတွေကို သတိရနေမှာ ဖြစ်သလို ဆရာဆရာမတွေလည်း သူတို့ ကျောင်းသားကျောင်းသူတွေကို သိတိရနေကြပါတယ်။ အခုလည်း ကျောင်းဆရာမတစ်ယောက်ဟာ သူ့ရဲ့တပည့်တွေကို သတိရလွန်းလို့ တပည့်တွေရဲ့ ပုံတူအရုပ်ကလေးတွေကို ကိုယ်တိုင်ပြုလုပ်ပြီး နေ့တိုင်းအရုပ်လေးတွေကို အလွမ်းပြေကြည့်ရင်း သူ့တပည့်တွေကို သတိရနေကြောင်း Bored Panda သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
ရေကန်ထဲကို လူမဆန်စွာ အားကုန်လွှင့်ပစ်ခံခဲ့ရတဲ့ ကြောင်ကလေး

Dutch နိုင်ငံက Miss Ingeborg Meinster-Van der Duin လို့ အမည်ရတဲ့ ကျောင်းဆရာမတစ်ယောက်ဟာ လက်ရှိအချိန်မှာ ကျောင်းပိတ်လို့ အိမ်မှာပဲ နေနေရပါတယ်။ ဒါပေမယ့် သူ့ဘဝရဲ့ တစ်ဝက်လောက်က ကျောင်းဆရာမတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့တာဆိုတော့ အခုလို တပည့်တွေနဲ့ ဝေးကွာနေရတဲ့ အချိန်မျိုးမှာ သူ့ရဲ့ တပည့်တွေကု တော်တော် သတိရနေဟန်တူပါတယ်။

[email protected] Meinster-Van der Duin

ဒါ့ကြောင့် Duin ဟာ သူ့တပည့်တွေရဲ့ ပုံတူသိုးမွေးအရုပ်ကလေးတွေကို သူကိုယ်တိုင် ပြုလုပ်ခဲ့ပြီး နေ့စဉ် အဆိုပါအရုပ်ကလေးတွေကို အလွမ်းပြေ ကြည့်နေကြောင်းသိရပါတယ်။ သူ့အတန်းမှာ သူ့တပည့် ၂၃ ယောက်ရှိတာကြောင့် အရုပ်ကလေး ၂၃ ရုပ်ကို သူကိုယ်တိုင်ပြုလုပ်ခဲ့ပါတယ်။

Primary school teacher Ingeborg Meinster-Van der Duin, from the Dr. H.Bavinck school in Haarlem, missed her students so…

Posted by Stuff Dutch People Like on Thursday, May 7, 2020

“ကျွန်မတပည့်တွေကို ကျွန်မအရမ်းသတိရပါတယ်။ သူတို့တွေနဲ့ အကြာကြီး ဖြတ်သန်းခဲ့ရတော့ ကျွန်မရဲ့ နေ့စဉ်ဘဝမှာ သူတို့က နေ့တိုင်းမပါမဖြစ်ပဲ။ အခုလိုတစ်ယောက်တည်းနေနေရတဲ့ အချိန်မျိုးမှာဆိုရင် ကျွန်မသူတို့လေးတွေကို အရမ်းသတိရတာပဲ” လို့ Miss Duin က Bored Panda သတင်းဌာနသို့  ပြောကြားခဲ့ပါတယ်။

READ
နောက်ဆုံးချိန်ကို လက်ချင်းဆုပ်ကိုင်ပြီး ဖြတ်သန်းခဲ့ကြတဲ့ အိုဟိုင်းယိုးက စုံတွဲ

Pyi Hein Kyaw

SHARE