ဆရာဆရာမတွေဆိုတာ ဖယောင်းတိုင်တစ်တိုင်လိုပါပဲ။ ကိုယ့်တပည့်တွေကို သူတို့ဘဝမှာ အောင်မြင်ဖို့အတွက် အမြဲလိုလို အနစ်အနာခံပေးပြီး တပည့်တိုင်းကို အတော်ဆုံးဖြစ်စေချင်တာ သူတို့ရဲ့ ဆန္ဒပါပဲ။ ဒါပေမယ့် သူတို့အကျိုးအတွက်လုပ်နေတာ ဘာတစ်ခုမှ မပါပါဘူး။ သူတို့ဘဝမှာ ကြုံတွေရတဲ့ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေကို တပည့်တွေရှေ့မှာ ဘယ်တော့မှ ထုတ်မပြတတ်တာ ဆရာဆရာမတွေရဲ့ ထုံးစံပါပဲ။ အခုပြောပြချင်တဲ့ ဆရာတစ်ယောက်ဆိုလည်း အဲဒီလိုပါပဲ။ တရုတန်နိုင်ငံက ဆရာတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ ဆိုရှယ်မီဒီယာပေါ်မှာ တော်တော်လေး ခေတ်စားနေပါတယ်။

အပေါ်က ပုံထဲမှာ တွေ့မြင်ရတဲ့ ဆရာဖြစ်သူကတော့ တရုတ်နိုင်ငံ၊ Qinghuangdao မြို့ရှိ စာသင်ကျောင်းတစ်ခုမှာ ပညာသင်ကြားနေတဲ့ ကျောင်းဆရာတစ်ဦးပဲ ဖြစ်ပါတယ်။ ဒီလိုမျိုးကျောင်းဆရာတစ်ယောက်က ဆိုရှယ်မီဒီယာမှာ ဘာကြောင့်များ နာမည်ကြီးနေသလဲလို့ တော်တော်များများ တွေးနေကြမှာ အမှန်ပါပဲ။ အကြောင်းကတော့ အဆိုပါ ဆရာဖြစ်သူဟာ စာသင်ခန်းထဲ မဝင်ခင် ကြိုးစားပြီးပြုံးကာ စာဝင်သင်ခဲ့လို့ပဲ ဖြစ်ပါတယ်။
Smile, you’re a teacher!
A video of a Chinese school teacher forcing a smile before entering the classroom has gone viral on Chinese social media platforms. pic.twitter.com/tLZjopudXS
— CGTN (@CGTNOfficial) December 26, 2020
ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း ဆရာဖြစ်သူဟာ အကြောင်းကိစ္စတစ်ခုခုကြောင့် တော်တော်လေးကို စိတ်ညစ်နေဟန်တူပါတယ်။ ဒါပေမယ့်လည်း စာသင်ခန်းထဲကို မဝင်ခင်မှာ အတက်နိုင်ဆုံး ကြိုးစားပြုံးပြခဲ့ပါတယ်။ ကိစ္စတစ်ခုခုကြောင့် စိတ်ညစ်နေပေမယ့်လည်း သူစိတ်ညစ်နေတဲ့ပုံစံကို တပည့်တွေ မမြင်စေချင်လို့ အတက်နိုင်ဆုံး အတန်းထဲမဝင်ခင် သက်ပြင်းတစ်ချက်ချကာ ကြိုးစားပြီး ပြုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပြုံးပြုံးလေးနဲ့ပဲ အတန်းထဲကို ဝင်သွားကာ စာသင်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာမှာ တော်တော်လေး နာမည်ကြီးခဲ့ပြီး လူတော်တော်များများက ဆရာဖြစ်သူရဲ့ ပုံစံကို လေးစားကြောင်း၊ သူဟာ ကျောင်းသားကျောင်းသူတွေအတွက် တော်တော်လေးကို ကောင်းမွန်တဲ့ ဆရာတစ်ယောက်ဖြစ်ကြောင်း comment တွေ ပေးခဲ့ကြပါတယ်။

Pyi Hein Kyaw