VR နည်းပညာသုံးပြီး ရွာကျောင်းက ကလေးတွေကို Online ကနေ စာသင်ပေးခဲ့တဲ့ ဆရာ

[email protected]ನಮ್ಮೂರ ಸರಕಾರಿ ಶಾಲೆ ಭೂತ್ರಾಮನಹಟ್ಟಿ

အခုလို COVID 19 ကပ်ရောဂါကြီး ဖြစ်နေတဲ့အချိန်မှာ လူတော်တော်များများ အိမ်မှာပဲ နေနေကြရသလို ကျောင်းတွေလည်း အချိန်တော်တော်ကြာ ပိတ်ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စာသင်ကျောင်းတော်တော်များများကတော့ သူတို့ကျောင်းသားကျောင်းသူတွေကို Online ကနေ စာသင်တဲ့ စနစ်နဲ့ပဲ ခရီးဆက်နေကြတာ တော်တော်လေး ကြာခဲ့ပါပြီ။ အခုဆိုရင်လည်း အိန္ဒိယနိုင်ငံက ကျောင်းဆရာတစ်ယောက်ဟာလည်း သူ့ရဲ့ ကျောင်းသားတွေကို စာသင်တာ အများသူငါ ဆရာဆရာမတွေလို ရိုးရိုးမသ်ငပဲ VR နည်းပညာသုံးပြီး စာသင်ခဲ့တာကြောင့် ဆိုရှယ်မီဒီယာမှာ တော်တော်နာမည်ကြီးနေကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါကျောင်းဆရာကတော့ အိန္ဒိယနိုင်ငံ၊ Karnataka ပြည်နယ်ရှိ Basavaraj Sungari လို့ အမာည်ရတဲ့ ကျောင်းဆရာပဲ ဖြစ်ပါတယ်။ Basavaraj ဟာ လက်ရှိအချိန်မှာတော့ Bhutaramanahatti လို့ အမည်ရတဲ့ ရွာလေးတစ်ရွာမှာ အစိုးရကျောင်းဆရာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ အခုလို COVID 19 ကပ်ရောဂါဖြစ်ပြီး ကျောင်းတွေ ပိတ်နေတဲ့အချိန်မှာတော့ Basavaraj ဟာ အခြားဆရာဆရာမတွေလိုပဲ သူရဲ့ ကျောင်းသားကျောင်းသူတွေကို   အွန်လိုင်းကနေ စာသင်ပေးခဲ့ပါတယ်။ ဒါပေမယ့် Basavaraj ဟာ တစ်ခြားဆရာဆရာမတွေနဲ့ မတူတဲ့အချက်ကတော့ အွန်လိုင်းကနေ စာသင်တဲ့အခါမှာ VR နည်းပညာကို အသုံးပြုပြီး စာသင်ကြားပေးတာပါပဲ။

READ
ဆရာဝန်ဖြစ်ချင်လို့ စာအရမ်းကြိုးစားခဲ့ကြတဲ့ အချစ်ဆုံး ငယ်သူငယ်ချင်း(၃)ဦး

https://www.facebook.com/100009629721584/videos/1295060384158273/

အပေါ်က ဗီဒီယိုမှာဆိုရင်တော့ Basavaraj ဟာ နေအဖွဲ့အစည်းအကြောင်း သင်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီလို နေအဖွဲအစည်းအကြောင်း သင်ပေးနေတဲ့ ဗီဒီယိုထဲမှာဆိုရင်တော့ Basavaraj အရှေ့မှာ 3D ပုံစံ နေမင်းကြီးကို အခြားဂြိုလ်တွေက လှည့်ပတ်နေတာကို VR နည်းပညာသုံးပြီး သင်ကြားပေးနေတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တိရစ္ဆာန်တွေအကြောင်း သင်တဲ့အချိန်မှာလည်း Basavaraj ရဲ့ ဘေးမှာ ဆင်ကြီးတစ်ကောင်ရှိနေတာတို့၊ ပျားပိတုန်းအကြီးကြီး တစ်ကောင်ရှိနေတာတို့ကို VR နည်းပညာအသုံးပြုပြီး သူ့ရဲ့တပည့်တွေကို သေသေချာချာ ရှင်းပြသင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

https://www.facebook.com/100009629721584/videos/1301898643474447/

ဘာပဲဖြစ်ဖြစ် Basavaraj ရဲ့ စာသင်တဲ့ပုံစံဟာ တော်တော်လေး လက်တွေ့ကျပြီး ခေတ်မီတာကြောင့် ဆိုရှယ်မီဒီယာ အသုံးပြုသူတော်တော်များများဟာ Basaravaj ရဲ့ စာသင်တဲ့ ပုံစံကို တော်တော်လေးသဘောကျပြီး ချီးမွမ်းနေကြပါတယ်။ “ကျွန်တော့် စိတ်ထဲမှာတော့ ဒီအတိုင်းကြီး ပါးစပ်ကနေ ရှင်းပြနေတာထက် VR နည်းပညာနဲ့ တစ်ခုခုကို ဖန်တီးပြီး သေသေချာချာ နားလည်အောင် ရင်ပြပေးချင်တာပါ။ ဒါမှလည်း ကလေးတွေကိုယ်တိုင် မှတ်မိပြီး ခေါင်းထဲမှာ ခဏလေးနဲ့ စွဲသွားမှာပဲ ဖြစ်ပါတယ်”လို့ Basaravaj က ရှင်းပြခဲ့ပါတယ်။

READ
ကျောင်း ၆ ခုကအကြွေး သိန်း ၆၀ ဖိုးကို စီးပွားရေးလုပ်ပြီး ဆပ်ပေးခဲ့တဲ့ ၈ နှစ်သားလေး

https://www.facebook.com/permalink.php?story_fbid=1296041827393462&id=100009629721584

Pyi Hein Kyaw

SHARE