ပေါင်(၃.၄)သန်းတန်ကားကြီးကို ဖခင်မသိအောင် ခိုးမောင်းခဲ့တဲ့ သူဌေးသားလေးရဲ့ အဖြစ်

[email protected] ggexotics

ကားတစ်စီးမောင်းတယ်ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ အထူးသဖြင့် တန်ဖိုးကြီးပြိုင်ကားတွေပါပဲ။ အဆိုပါ ပြိုင်ကားတွေဟာ သာမန်ကားတွေထက် အရှိန်နှုန်းပိုမြင့်ပြီး အရှိန်မထိန်းနိုင်ရင် ကျိန်သေးယာဉ်တိုက်မှု အကြီးအကျယ်ဖြစ်နိုင်စေတဲ့ ကားတွေပါပဲ။ ဒီလိုမျိုး တန်ဖိုးကြီးပြိုင်ကားတွေကို သာမန်ကေားမောင်းတတ်သူတစ်ယောက်အတွက်တောင် မောင်းနှင်ဖို့ ခက်ခဲပါတယ်။ အခုလည်း အသက်မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်ရဲ့ တန်ဖိုးကြီး ဇိမ်းခံကားတစ်စီးကို ယူမောင်းရင် အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်ကို ဝင်တိုက်မိခဲ့ကြောင်း Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

အဆိုပါ ကောင်လေးကတော့ အမေရိကန်နိုင်ငံ၊ Texas ပြည်နယ်ရှိ Dallas မြို့မှာ နေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ် Gage Gillean အမည်ရှိ ကောင်လေးပဲ ဖြစ်ပါတယ်။ Gage ရဲ့ ဖခင်ကတော့ Dallas မြို့အခြေစိုက် ကုမ္ပဏီတော်တော်များများကို ပိုင်ဆိုင်တဲ့ သန်းကြွယ်သူဌေးကြီးတစ်ဦးဖြစ်သူ Tim Gillean ပဲ ဖြစ်ပါတယ်။ သန်းကြွယ်သူဌေးတစ်ဦးရဲ့ သားဖြစ်သူ Rich kid လေး Gage ဟာလည်း လက်ရှိမှာတော့ GG Exotics အမည်ရ ကိုယ်ပိုင် Youtube ချန်နယ်တစ်ခုရှိပြီး subscriber ၈၄,၀၀၀ ကို ပိုင်ဆိုင်ထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

READ
ကင်ဂျုံအန်ပုံစံတူ အရုပ်ပြုလုပ်သူကို မြောက်ကိုရီးယားတို့ တားဆီးဖို့ကြိုးစားနေ

 

Gage ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၈.၁၁.၂၀၂၀)တုန်းက သူ့ဖခင်ရဲ့ တန်ဖိုးကြီးဇိမ်ခံ ပြိုင်ကားအသစ်တစ်စီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၃.၄ သန်းတန် Pagani Huayra Roadster ပြိုင်ကားကြီးကို ယူမောင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Gage ဟာ အရှိန်တင်ပြီး အဝေးပြေးလမ်းမတစ်ခုပေါ်မှာ မောင်းနေတုန်း အရှိန်မထိန်းနိုင်ပဲ လမ်းဘေးက သစ်ပင်ကြီးကို ဝင်တိုက်ခဲ့ပြီး Gage ဟာလည်း ကားထဲကနေ လွင့်စင်ပြုတ်ကျသွားခဲ့ပါတယ်။ ကားကတော့ တော်တော်လေးကို စုတ်ပြတ်သတ်သွားပြီး ကားရှေ့ဘီးတွေကို ပြုတ်ထွက်ကုန်ကာ ကားအရှေ့ခြမ်းတစ်ခုလုံးဟာ လုံးဝကို စုတ်ပြတ်သတ်သွားပါတော့တယ်။ ကံကောင်းတာ တစ်ခုကတော့ Gage လွင့်ထွက်သွားတဲ့ နေရာဟာ မြက်ခင်းပြင်တစ်ခု ဖြစ်နေတာကြောင့် အသက်အန္တရာယ် သေဆုံးအထိ မဖြစ်ခဲ့ပဲ ထိခိုက်ဒဏ်ရာတစ်ချို့သာ ရရှိခဲ့ပါတယ်။

READ
ဘာလီရောက်နိုင်ငံခြားသားများ လက်မထပ်သေးဘဲ ချစ်တင်းနှောရင်ထောင်ချမယ်

“ဘုရားသခင်က ကျွန်တော့ကို ကယ်တင်ပေးခဲ့တယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက်အရှိန်များပြီး လွင့်ထွက်သွားတာတောင် ကျွန်တော် မသေခဲ့လို့ပါပဲ။ လွင့်ထွက်သွားတဲ့ အရှိန်က တော်တော်လေးကို ပြင်းပြီး ကြောက်စရာကောင်းပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း သေသွားပြီလို့ ထင်ခဲ့တာပါ။ ဒါပေမယ့် ဘယ်ဖက်လက်မှာသာ ထိခိုက်ဒဏ်ရာတစ်ချို့ ရရှိခဲ့ပါတယ်”လို့ Gage က သူ့ Instagram ရဲ့ MyDay Post မှာ ရေးသားခဲ့ကြောင်း သိရပါတယ်။

 

Pyi Hein Kyaw

SHARE