ကပ်ရောဂါ ကူးစက်ခံရတဲ့ ကလေးတွေအတွက် ဒေါ်လာ(၁)သိန်းလှူခဲ့တဲ့ Greta Thunberg

[email protected]

Greta Thunberg လို့ အမည်ရတဲ့ အသက် ၁၇ နှစ် အရွယ်ပဲ ရှိသေးတဲ့ ကောင်မလေးကိုတော့ လူတော်တော်များများ သိကြမှာ မဟုတ်ပါဘူး။ Greta ဟာ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ၊ ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်မှုဆိုင်ရာ လှုပ်ရှားမှု နယ်ပယ်တွေမှာ ကျော်ကြားတဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်ပါပဲ။ အခု Greta ဟာ COVID 19 ကူးစက်ခံရတဲ့ ကလေးသူငယ်တွေအတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို UNICEF အဖွဲ့အစည်းကို လှူဒါန်းခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

Greta ဟာ သူမရဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောမှုတွေ၊ လှုပ်ရှားမှုတွေကြောင့် Danish Worldwide Development အဖွဲ့အစည်းက ချီးမြှင့်တဲ့ အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ ကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဆုကို ရရချင်းမှာပဲ Greta ဟာ သူမကိုယ်ကျိုးအတွက် လုံးဝမသုံးပဲ COVID 19 ကူးစက်ခံရတဲ့ ကလေးသူငယ်တွေအတွက် အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ လုံးကို UNICEF (United Nations Childern’s Fund) သို့ လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် သူမနဲ့အတူတူ ပါဝင်လှူဒါန်းဖို့ကိုလည်း နှိုးဆော်တိုက်တွန်းခဲ့ပါသေးတယ်။

READ
ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ အခေါ်ခံရတာကို ဂုဏ်ယူတဲ့ ဥရုဂွေးနိုင်ငံရဲ့ သမ္မတဟောင်း

 

“ ကလေးတွေဆိုတာ အများကြီး ကြီးပြင်ဖို့ လိုပါသေးတယ်။ လူ့လောကအကြောင်းတွေ၊ သဘာဝတရားကြီးရဲ့ အလှအပတွေကို ခံစားသိမြင်ဖို့ လိုပါသေးတယ်။ ဒီလိုငယ်ရွယ်နုနယ်သေးတဲ့အချိန်မှာ ရောဂါတွေနဲ့ ဘဝကို မဆုံးစေချင်သေးပါဘူး။ သူတို့လေးတွေ ရှေ့လျှောက်လူလုပ်ရမှာ အများကြီးလိုသေးတယ်။ ကျွန်မနဲ့အတူတူ ပါဝင်လှူဒါန်းဖို့ကိုလည်း တောင်းဆိုချင်ပါတယ်” လို့ Greta က ပြောကြားခဲ့ပါတယ်။

READ
ရှေးတရုတ်ရိုးရာကို အသက်သွင်းပြပြီး အောင်မြင်နေတဲ့ vlogger မလေး Li Ziqi

 

 

View this post on Instagram

 

School strike week 89. #climatestrikeonline #StayAtHome #fridaysforfuture #schoolstrike4climate #flattenthecurve

A post shared by Greta Thunberg (@gretathunberg) on

Pyi Hein Kyaw

SHARE