Snapchat ကြောင့် ပြန်ပေးဆွဲရာမှ လွတ်မြောက်လာတဲ့ ကောင်မလေး

Twitter/SacraBee

ကယ်လီဖိုးနီးယားဆယ်ကျော်သက် မိန်းကလေးတစ်ဦးဟာ ယောက်ျားသုံးယောက်ရဲ့ ပြန်ပေးဆွဲခံခဲ့ရပြီး Snapchat အသုံးပြုကာ သူမသူငယ်ချင်းတွေကို ဆက်သွယ်ပြီး အကူအညီတောင်းခံကာ ပြန်လည်လွတ်မြောက်လာမြောက်လာခဲ့ရကြောင်း Buzz Feed News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက်၁၄နှစ်သာရှိသေးတဲ့ အဆိုပါမိန်းကလေးကို ပြီးခဲ့တဲ့ အင်္ဂါနေ့ (၁၄.၁.၂၀၁၀) ကပြန်လည်တွေ့ရှိခဲ့ရပြီး အဲဒီမတိုင်ခင် သူမဟာ သူငယ်ချင်းဖြစ်သူတွေကို Snapchat မှ အကူအညီတောင်းခံကာ သူမဘယ်နေရာရောက်နေမှန်းမသိကြောင်း၊ သူမပြန်ပေးဆွဲခံရကြောင်း ပြောပြခဲ့ပါတယ်။ ထို့နောက်သူမ သူငယ်ချင်းတွေဟာ Sanapchat ရဲ့ Pinpoint ကိုထောက်ပြီး သူမ San Jose မြို့၊ E-Z 8 မိုတယ်မှာရှိတာ သိသိချင်း 911 ကိုဖုန်းဆက်ကာ အကူအညီတောင်းခံခဲ့ပါတယ်။

San Jose Police Department

San Jose ရဲစခန်းရှိ ရဲတွေဟာလည်း သတင်းရရချင်း အဆိုပါ မိုတယ်ကို သွားရောက်ဖမ်းဆီးတဲ့အချိန်မှာ ကောင်မလေးကို တွေ့ရှိခဲ့ပြီး ထွက်ပြေးဖို့ကြိုးစားနေတဲ့ အသက်(၅၅)နှစ်အရွယ်ရှိ Albert Thomas Vasquez ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း San Jose ရဲစခန်းရှိ တာဝန်ရှိသူများထံမှ သိရပါတယ်။ Albert Thomas ဟာ အဆိုပါကောင်မလေးကို မေ့ဆေးပေးပြီး Capitola မြို့မှ ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် Albert Thomas ဟာ အသက်၃၄နှစ်အရွယ်ရှိ Antonio Quirino Salvador နှင့် အသက်၃၁နှစ်အရွယ်ရှိ Hediberto Gonzalez Avarenga တို့ကိုပါ ကောင်မလေးကို ပြန်ပေးဆွဲရာမှာ ကူညီဖို့ ဖုန်းဆက် အကူအညီတောင်းခံခဲ့ပါတယ်။

READ
သားဖြစ်သူကို အိမ်သာထဲမှာ ၂ နှစ်ကျော် သော့ခတ်ထားခဲ့တဲ့ မိခင်ဖြစ်သူအဖမ်းခံရ

ပြန်ပေးဆွဲထားတဲ့အချိန်မှာ Albert Thomas ဟာ ကောင်မလေးကို (၂)ကြိမ်တိုင်တိုင် ကိုယ်ထိလက်ရောက် လိင်မှုကိစ္စကျူးလွန်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ကြောင့် ရဲတပ်ဖွဲ့ဟာ Albert Thomas ကို ကလေးသူငယ်ညှင်းဆဲနှိပ်စက်မှု၊ အသက်မပြည့်သူကို လိင်ပိုင်ူဆိုင်ရာစော်ကားမှု၊ ထိခိုက်နာကျင်စေမှု၊ ပြန်ပေးဆွဲမှု၊ အတင်းအဓမ္မကျင့်ရန် ကြိုပမ်းမှုတို့နဲ့ တရားစွဲဆိုထားပြီး ကျန်ယောက်ကိုတေယ့ ပြန်ပေးစွဲမှုနဲ့သာ တရားစွဲဆိုထားကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE