ဖုန်းအားသွင်းကြိုးကို မဟုတ်တဲ့နေရာထဲ ထိုးထည့်ခဲ့မိလို့ ဆေးရုံရောက်သွားခဲ့တဲ့ တရုတ်လူငယ်

တရုတ်နိုင်ငံက အသက် (၁၃) နှစ်အရွယ် ကောင်လေးတစ်ယောက်ကတော့ ဖုန်းအားသွင်းကြိုးကို ဆီးလမ်းကြောင်းထဲ ထိုးထည့်ဖို့ ကြိုးစားကြည့်မိရာကနေ ဆေးရုံမှာသွားပြီး ခွဲထုတ်ခဲ့ရပါတယ်။

တွေးကြည့်တာနဲ့ အသည်းယားစရာကောင်းတဲ့ ဖြစ်ရပ်ပဲဖြစ်ပြီး အမည်ဖော်ပြထားခြင်းမရှိတဲ့ ကောင်လေးဟာ သူ့ရဲ့ဆီးလမ်းကြောင်းအပေါက်ထဲကို ဖုန်းအားသွင်းတဲ့ USB Cable ကြိုးကို ဘယ်လိုခံစားချက်မျိုးနဲ့ ထည့်သွင်းခဲ့ပါလိမ့်လို့ အားလုံးတွေးမိကြပါလိမ့်မယ်။

TheSun

ကောင်လေးဟာ အဲဒီကေဘယ်လ်ကြိုးကို ဆီးလမ်းကြောင်းထဲ (၇.၈) လက်မလောက်အထိ ၀င်အောင်ထည့်ပြီးခဲ့တဲ့နောက် ပြန်ထုတ်ဖို့ ကြိုးစားတဲ့အချိန်မှာ သေလောက်အောင်နာကျင်မှုကို ခံစားခဲ့ရတာပါ။

မိဘတွေက သူတို့သားရဲ့ အဖြစ်အပျက်ကို သိသိချင်းပဲ ဆေးရုံကိုတင်ပို့ခဲ့ပြီး ပုံမှန်နည်းလမ်းနဲ့ ပြန်ထုတ်ဖို့ ဆရာဝန်တွေက ကြိုးစားခဲ့ပေမယ့် ကြိုးကအထဲမှာ ခွေနေခဲ့တဲ့အတွက် အောင်မြင်မှုမရခဲ့ပါဘူး။

TheSun

နောက်ဆုံးမှာတော့ ဟာဘင်း ကလေးဆေးရုံကို ပြောင်းလဲပို့ဆောင်ခဲ့ရပြီး အထဲက ကြိုးကို ခွဲစိတ်မှုပြုလုပ်ကာ ထုတ်ယူခဲ့ရပါတယ်။

READ
သွားများကို ညစ်ပတ်စွန်းထင်းစေသော အပြုအမူများ

ဆရာဝန်တွေက ဆီးအိမ်ကို ခွဲစိတ်ခဲ့တာဖြစ်ပြီး ကြိုးအထုံးကို အရင်ဖြေခဲ့တာပါ။ အဲဒီနောက်မှာမှ သူထည့်ခဲ့တဲ့အတိုင်း ဆီးလမ်းကြောင်းကနေ ကြိုးကို ပြန်ဆွဲထုတ်ခဲ့တာဖြစ်ပါတယ်။

iflscience

ဒီကောင်လေးကတော့ သူ့ဘ၀မှာ အဆိုးရွားဆုံးနာကျင်မှုနဲ့အတူ အမြဲတမ်းသတိရနေတော့မယ့် အဖြစ်အပျက်တစ်ခုကို ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။

Linn

Source : iflscience

 

SHARE