မိသားစုဝင်အားလုံး ဆုံးရှုံးပြီးနောက် တစ်ဦးတည်းရုန်းကန်နေရတဲ့ (၁၀) နှစ်သားလေး

facebook/LAO DONG TV

(၁၀) နှစ်သားအရွယ် ကောင်လေးတစ်ယောက်ဟာ အချိန်တိုလေးအတွင်းမှာတင် အဖွားဖြစ်သူနဲ့ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အခုအခါမှာ သီးနှံပင်လေးတွေစိုက်ကာ တစ်ယောက်တည်းရုန်းကန်နေရကြောင်း worldofbuzz သတင်းအရ သိရပါတယ်။ အဆိုပါ ကောင်လေးအမည်ဟာ ဒန်ဗန်ခူယန်ဆိုသူပါ။ ဒန်ဗန်ဟာ ဗီယက်နမ်ရွာလေးတစ်ရွာမှာ အဖွားဖြစ်သူနဲ့အတူ နေထိုင်ပါတယ်။ ဒန်ဗန်က နေ့တိုင်း ကျောင်းသွားပါတယ်။ သူဟာ ငယ်ငယ်လေးတည်းက မိခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပါတယ်။ ဖခင်ဖြစ်သူကတော့ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦးဖြစ်ပြီး ဒန်ဗန်တို့ မြေးအဖွားနဲ့ အတူတူမနေပါဘူး။

facebook/LAO DONG TV

ဒါကြောင့် ဒန်ဗန်ဟာ အဖွားဖြစ်သူနဲ့ပဲ တစ်ဦးအပေါ် တစ်ဦးမှီခိုကာ ဘ၀ကို ဖြတ်သန်းရပါတယ်။ ဒန်ဗန်ရဲ့ ဖခင်ကတော့ သူတို့မြေးအဖွားကို ငွေကြေးနဲ့ လိုအပ်တာလေးတွေတော့ ထောက်ပံ့ပေးပါတယ်။ ဒီလိုနဲ့နေလာရင်း အဖွားက လူကြီးရောဂါနဲ့ပဲ ဆုံးသွားပါတယ်။ ဒီတော့ အိမ်လေးမှာ ဒန်ဗန်တစ်ယောက်တည်း ဖြစ်သွားခဲ့ပါတယ်။ သိပ်မကြာပါဘူး။ ဒန်ဗန်ဟာ သူကျောင်းမှာ စာသင်နေတဲ့အခိုက် ဖခင်ဖြစ်သူဟာလည်း အလုပ်မှာ မတော်တဆမှုနဲ့ ဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။

facebook/LAO DONG TV

အဖော်လည်းမရှိ၊ ကြည့်ရှုပေးမယ့် ကျောထောက်နောက်ခံ မိသားစုလည်း မရှိတဲ့အတွက် အခုဆိုရင် ဒန်ဗန်လေးဟာ သူ့ဝမ်းရေးအတွက် သူကိုယ်တိုင် ရှာဖွေစားသောက်နေရပါပြီ။ ဘ၀မှာ ကြီးမားတဲ့ အခက်အခဲကြီးနဲ့ ကြုံရပေမယ့်လည်း ဒန်ဗန်ဟာ စိတ်မပျက်ခဲ့ပါဘူး။ မိုးရွာရွာ၊ နေပူပူ ကျောင်းကို နေ့တိုင်းသွားပြီး ကြိုးစားပညာသင်ဆဲပါပဲ။

facebook/LAO DONG TV

ဒန်ဗန်ရဲ့ အကြောင်းကို သိကြတဲ့ ကျောင်းနဲ့ ဒေသခံအစိုးရကတော့ ဒန်ဗန်ကို မွေးစားမယ့်အိမ်တစ်အိမ်ရှာပေးဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ဒန်ဗန်က သူတစ်ယောက်တည်းနေမယ်လို့ ငြင်းဆန်ခဲ့ပါတယ်။ ဒန်ဗန်ရဲ့ ကျောင်းက ဆရာမကတော့ အလုပ်ကနေ ခွင့်ယူပြီး ကလေးရဲ့အဖေ အသုဘမြေကျစေဖို့ အတွက် လိုအပ်တဲ့ငွေကိုစိုက်ထုတ်ကာ လိုက်လံကူညီပေးခဲ့ပါတယ်။ ဆရာမကပဲ အထီးကျန် ဒန်ဗန်လေးရဲ့ အကြောင်းကို အွန်လိုင်းပေါ်ဝေမျှခဲ့တာ ဖြစ်ပါတယ်။

Cậu bé 10 tuổi sống một mình bơ vơ nơi rẻo cao

Cậu bé 10 tuổi sống một mình bơ vơ nơi rẻo caohttps://laodong.vn/video/cau-be-10-tuoi-song-mot-minh-bo-vo-noi-reo-cao-768060.ldoBố bỏ đi làm xa khi em mới được 2 tuổi, lúc lên 4 tuổi, mẹ lại bỏ đi lấy chồng để em sống với bà nội. Trớ trêu thay năm 2018 bà nội cũng bỏ em đi theo người khác. Kể từ đó, cậu bé 10 tuổi sống lủi thủi một mình trong ngôi nhà tranh với hàng nghìn khe hở lạnh thấu trời. Đau thương chưa dứt thì cách đây 10 ngày, người bố mà em còn không nhớ mặt đã mất trong một vụ tai nạn trên Lạng Sơn. Hoàn cảnh éo le đó chính là em Đặng Văn Khuyên học sinh lớp 5D, trường tiểu học Thành Long, xã Thành Long (Hàm Yên, Tuyên Quang).

Posted by Lao Động TV on Sunday, 24 November 2019

အွန်လိုင်းပေါ်ရောက်တော့လည်း ကလေးကို မွေးစားချင်သူတွေက အများကြီးပေါ်လာပါသေးတယ်။ ဒါပေမယ့် ဒန်ဗန်က သူ့အိမ်လေးကနေ ဘယ်မှ မခွာချင်ဘူးလို့ ဆိုနေဆဲပါ။ လက်ရှိအချိန်ထိကို ကလေးဟာ အမှီအခိုကင်းစွာ ဘ၀ကို ဖြတ်သန်းနေပါတယ်။ ဒန်ဗန်ဟာ ကျောင်းကိုတော့ နေ့တိုင်းသွားတက်ပြီး သူစားဖို့ သီးနှံပင်လေးတွေကို ကိုယ်တိုင် စိုက်ပျိုးစားသောက်နေကြောင်းလည်း သိရပါတယ်။

READ
မိဘတွေဆီ စာပြန်မပို့မချင်း ဖုန်း Unclock ဖြစ်နေမယ့် App ကို တီထွင်လိုက်တဲ့ဖခင်
facebook/LAO DONG TV

လင်းလင်း (ShweMom)

SHARE