တရားပွဲမှာ ဦးဇင်းတစ်ပါးရဲ့ သမာဓိကို စမ်းသပ်နေခဲ့တဲ့ ကြောင်ကလေး

facebook/Flash Nophayong Sookphan‎

ဖေ့စ်ဘုတ်ပေါ်တက်လာတဲ့ ဗီဒီိယိုတစ်ခုမှာ ထိုင်းဘုန်းကြီးကျောင်းတစ်ကျောင်းက ကြောင်လေးတစ်ကောင်ကို တွေ့ရပါတယ်။ ကြောင်လေးဟာ (၅) နာရီကြာ ရွတ်ဆိုရတဲ့ နှစ်သစ်ကူး ပရိတ်ရွတ်ဖတ်ပူဇော်ပွဲမှာ ရှိနေခဲ့တာပါ။ သူက ပရိတ်ရွတ်ဖတ်နေတဲ့ ဦးဇင်းတစ်ပါးဆီကို သွားပြီး ဦးဇင်းရဲ့ ပရိတ်တော်အပေါ် အာရုံစူးစိုက်ထားတဲ့ သမာဓိကို စမ်းသပ်ဖို့ ကြိုးစားခဲ့တာကို asiaone သတင်းမှာ တွေ့ရပါတယ်။

၎င်းဦးဇင်းကတော့ ကြောင်လေးကို ညင်သာစွာပဲ မောင်းထုတ်ဖို့ ကြိုးစားနေတာကိုလည်း ဗီဒိယိုမှာ တွေ့မြင်ရမှာပါ။ ကြောင်လေးက အဟိတ်တိရစ္ဆာန်ဖြစ်လို့ ဘုရားစာရွတ်ဖတ်နေတာကို နားမလည်ရှာပဲ သူ့ကို ပွတ်သပ်ကြည်စယ်စေဖို့သာ ပြုမူနေခဲ့တာပါ။ ကြောင်လေးဟာ ဘုန်းကြီးရဲ့ တင်ပလင်ခွေထိုင်ထားတဲ့ ပေါင်ပေါ်မှာ သူ့ကိုယ်လုံးကို ဟိုဘက်သည်ဘက်သွားပြီး ဦးဇင်းကိုနှောင့်ယှက်နေခဲ့တာ ဖြစ်ပါတယ်။

facebook/Flash Nophayong Sookphan‎

ကြောင်လေးရဲ့ အခုလို ချစ်စရာကောင်းတဲ့ မြင်ကွင်းလေးကိုတော့ အောက်မှာ ဗီဒီိယိုနဲ့အတူ ဖော်ပြပေးလိုက်ပါတယ်။ ကြောင်လေးက တရားစာအုပ်ကိုဖတ်ဖို့ မြင်ကွင်းကို ပိတ်ထားတဲ့အတွက် ဦးဇင်းခမျာမှာ နောက်ဆုံး လက်လျှော့လိုက်ရပါတယ်။ ကြောင်လေးကို ခေါင်းကို ကိုင်ကာ ပွတ်သပ်လိုက်ပြီး တရားစာအုပ်က စာမျက်နှာကို လှန်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Posted by Flash Nophayong Sookphan on Tuesday, December 31, 2019

အဆိုပါ ဦးဇင်းကတော့ အသက် (၂၅) နှစ်အရွယ် ဘွဲ့အမည် လွမ်ပီကွမ်ကရစ်တယ်ချာချိုတို ဖြစ်ပါတယ်။ “ကိုယ်တော်က တရားစာဖတ်ဖို့ ကြိုးစားပါသေးတယ်။ ဒါပေမယ့် အာရုံက ကြောင်ဆီပဲ ရောက်နေတယ်….” လို့ ပြောပြခဲ့ပါတယ်။ ကြောင်လေးဟာ ဦးဇင်းလွမ်ပီဘေးနားမှာရှိတဲ့ ဦးဇင်းကြီးရဲ့ အာရုံကိုလည်း ဆွဲဆောင်နိုင်ခဲ့သေးတာကို ဦးဇင်းကြီးက မျက်လုံးစွေကြည့်တဲ့ ပုံအရ သိနိုင်ပါတယ်။

นวดข้ามปี

Posted by Flash Nophayong Sookphan on Tuesday, December 31, 2019

ဘုရားကျောင်းက ဘန်ကောက်ရဲ့ အစွန်အဖျားမှာ ရှိတဲ့ ကျောင်းဖြစ်ပြီး ပုံမှန်ဘုရားဖူးဧည့်သည်တွေ လာရောက်တဲ့ Wat Udomrangsi ဘုရားကျောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

READ
လမ်းလယ်ကြီးမှာ လက်ရည်တူစွာလက်ဝှေ့ထိုး,ရန်သတ်နေကြတဲ့ သားပိုက်ကောင်(၂)ကောင်

လင်းလင်း (ShweMom)

SHARE