ဒိုင်တွေတောင် မတ်တပ်ရပ် လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ရတဲ့ AGT ပြိုင်ပွဲဝင် ကောင်မလေး

YouTube/Talent Recap

ရော့ခ်ဂီတ၀ိုင်း တစ်ခုဖြစ်တဲ့ Queen ရဲ့ Bohemian Rhapsodyသီချင်းကိုတော့ကိုတော့ လူတော်တော်များများ ကြားဖူးကြမှာပါ။သူ့ရဲ့သီချင်းတွေဟာ တော်ရုံလူလိုက်ဆိုလို့မရပါဘူး။ အခုကတော့”American God Talent”မှာ အသက်၁၃နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ Queen ရဲ့ Bohemian Rhapsodyသီချင်းကို ဆိုပြီး Golden Buzzeer ရရှိသွားတာပဲ ဖြစ်ပါတယ်။

American God Talentဆိုတာကတော့ တကယ့်ကောင်းမွန်ပြီး သူမတူထူး ချွန်တဲ့သူတွေ လာရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတစ်ခုပါပဲ။ Angelina Jordan လို့ အမည်ရတဲ့ကောင်မလေးဟာ Golden Buzzerဆုကို ဆွတ်ခူးရရှိသွားတာပဲ ဖြစ်ပါတယ်။

“ကျွန်မဒီသီချင်းကို Simonရှေ့မှာ ဆိုပြဖို့စောင့်နေတာ (၁၀)နှစ်ကျော်သွားပြီ”လို့ Angelina ကပြောပြခဲ့ပါတယ်။ “Angelina ဟာတကယ်ကို ကောင်းမွန်တဲ့ အသံပိုင်ရှင်မိန်းကလေးပါ။ ဒီသီချင်းကို ဒီလိုပုံစံနဲ့ ပြန်ဆိုထားတာ ကျွန်တော် ဘယ်တုန်းကမှ နားမထောင်ဖူးပါဘူး”လို့ Simonက ပြောပြခဲ့ပါတယ်။ Angelinaဟာ အသက်(၇)နှစ်တုန်းက France God Talent မှာ ဝင်ပြိုင်ခဲ့ဖူးပြီး American God Talent မှာ ပြန်လည်ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။

READ
စစ်ပွဲတွေထပ်မဖြစ်စေရတော့ဘူးလို့ အိုဘားမားနဲ့တွေ့ဆုံစဉ်မှာပြောခဲ့တဲ့ဂျပန်ဝန်ကြီးချုပ်

 

Angelina ရဲ့ ကိုယ်ပိုင် Version နဲ့ ပြန်လည် သီဆိုမှုကို Queen အဖွဲ့ကတောင် သူတို့ရဲ့ တွစ်တာစာမျက်နှာပေါ်မှာ ချီးကျူးစကား ဆိုခဲ့ပါတယ်။

Pyi Hein Kyaw

SHARE