ဖွေးဖွေးရဲ့ အနုပညာဖြတ်သန်းမှု အမှတ်တရပုံရိပ်လေးများ

Image:IG/Phway Phway

ဒီကနေ့ သြဂုတ်လ(၉)ရက်နေ့ကတော့ ပြည်သူချစ် မင်းသမီးချောလေး ဖွေးဖွေးရဲ့ မွေးနေ့လေးပါ။ဒီနှစ် မွေးနေ့ လေးကတော့ ဖွေးဖွေးရဲ့ အသက် (၃၁)နှစ်ပြည့် မွေးနေ့ လေးပါ။ဖွေးဖွေးကိုတော့ (၁၉၈၈)ခုနှစ် သြဂုတ်လ (၉) ရက်နေ့က မိုးကုတ်မြို့မှာ  ဦးမောင်ဦးနဲ့ ဒေါ်သိင်္ဂီတို့က မွေးဖွား ခဲ့တာပါ။

Image:IG/Phway Phway
Image:IG/Phway Phway
Image:IG/Phway Phway

ဖွေးဖွေးကတော့ ကမာရွတ်(၂) အထက်တန်းကျောင်းမှာ (၂၀၀၄)က တက်ရောက်ခဲ့ပါတယ်။နိုင်ငံခြား ဘာသာတက္ကသိုလ် ကနေ ကိုရီးယား မေဂျာနဲ့ (၂၀၀၈)မှာ ဘွဲ့ရခဲ့သူပါ။ငယ်ငယ်တုန်းက တော့ အဆိုတော် ဖြစ်ချင်ခဲ့သူပါ။

Image:IG/Phway Phway

 

Image:IG/Phway Phway
Image:IG/Phway Phway
Image:IG/Phway Phway

ဒါကြောင့်လည်း သူငယ်ချင်းတွေနဲ့ အတူ Art of Depression” ဆိုတဲ့ Band လေးတစ်ခု ထောင်ခဲ့ဖူးပါတယ်။တက္ကသိုလ် ရောက် ချိန်မှာတော့ မော်ဒယ် အလုပ်တွေကို စလုပ်လာခဲ့ပါတယ်။ပထမဆုံး မော်ဒယ် အလုပ်ကတော့ (၂၀၀၇)မှာ MAX Calendar အတွက် ရိုက်ပေးခဲ့တာပါ။နာမည်အရင်းကတော့ ရွှေရည်ကိုဦးဖြစ်ပြီး နောက်ပိုင်းကျမှ ဖွေးဖွေး လို့ အနုပညာ နာမည် သတ်မှတ်ခဲ့တာပါ။နောက်ပိုင်းမှာတော့ MV နဲ့ ကြော်ငြာ တွေ ပါ ရိုက်လာခဲ့ရပါတယ်။

READ
Lego Hogwarts ရဲတိုက်ပြုလုပ်အပြီး ကိုယ့်ကိုကိုယ်ဂုဏ်ယူကျေနပ်နေပုံရတဲ့ ဒေးဗစ်ဘက်ခမ်း
Image:IG/Phway Phway
Image:IG/Phway Phway
Image:IG/Phway Phway

ဗီဒီယိုပေါင်း(၁၀၀) ကျော် မှာ သရုပ်ဆောင်ခဲ့ပြီး မဂ္ဂဇင်းကာဗာတွေမှာပါ နေရာ ယူလာခဲ့ပါတယ်။(၂၀၀၉)မှာတော့ အအောင်မြင်ဆုံး မျက်နှာ သစ် သရုပ်ဆောင် အဖြစ် နဲ့ ဆုချီးမြှင့်ခံခဲ့ရပါတယ်။ (၂၀၁၂) မှာတော့ လက်ပံ ဇာတ်ကားနဲ့ အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆု ရခဲ့ပါတယ်။

Image:IG/Phway Phway
Image:IG/Phway Phway
Image:IG/Phway Phway

(၂၀၁၅)မှာတော့ ကျမက နှင်းဆီပါမောင် ဇာတ်ကားနဲ့ သူမရဲ့ ဒုတိယမြောက် အကယ်ဒမီ ဆုကို ရခဲ့ပါတယ်။ တတိယ မြောက် အကယ်ဒမီ ဆုကိုတော့ ရွှေကြာ ဇာတ်ကားနဲ့ (၂၀၁၈) မှာ ဆွတ်ခူးရရှိခဲ့ပါတယ်။မြန်မာအနုပညာလောကမှာဆိုရင် အချစ်ရေး ကောလာဟလသတင်းအရှုပ်အရှင်း မရှိသလောက်ကို နည်းပါးခဲ့တဲ့ ဖွေးဖွေးကိုတော့ သူမရဲ့ Fan တွေက ဖွေးစိန် ဆိုပြီး ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။

 

Image:IG/Phway Phway

ဖွေးဖွေးကတော့ သူမရဲ့ မွေးနေ့မှာ စတုဒီသာ အလှူကျွေးမွေးသွားမှာပါ။ကျွေးမယ့်နေရာကတော့ ဗိုလ်တစ်ထောင် ဆိပ် ကမ်းမှာပါ။သူမရဲ့ အိမ်မှာပဲချက်တဲ့ အိမ်ချက်လက်ရာ ထမင်းဟင်း လေးတွေနဲ့ ကျွေးမွေးသွားမှာပါ။ဘဲဥသီးစုံကုလားဟင်း  ချက်ကျွေးမယ်လို့ သူမရဲ့ အကောင့်မှာ သြဂုတ်လ (၈)ရက်နေ့တည်းက အသိပေးကြေညာထားပါတယ်။

READ
ချစ်စရာအလှလေး Jade Weber အကြောင်း သင်မသိသေးတဲ့ အချက် (၈ )ချက်
Image:IG/Phway Phway
Image:IG/Phway Phway
Image:IG/Phway Phway

Happy Birthday ပါ ဖွေးစိန်လေးရေ…………..

Source :wikipedia

SHARE