ဆွီဒင်နိုင်ငံရဲ့လမ်းမတွပေါ်မှာ အမှတ်မထင်တွေ့ရမယ့် ထူးထူးဆန်းဆန်း အရာလေးများ

[email protected] anonymouse_mmx

အနောက်နိုင်ငံတွေရဲ့ အနုပညာလက်ရာတွေဟာ တော်တော်ကို ထူးဆန်းပါတယ်။ သူတို့တွေဆီက အနုပညာရှင်တော်တော်တော်များများဟာ သူမတူပဲ ထူးဆန်းတဲ့ အတွေးအခေါ်နဲ့ အယူအဆတွေဟာ သူတို့နှလုံးသားထဲမှာ အမြဲရှိနေလေ့ရှိတတ်ပါတယ်။ အခုပြောပြချင်တဲ့အကြောင်းကတော့ ဆွီဒင်နိုင်ငံရဲ့ လမ်းမထက်တွေမှာ တွေ့တွေ့နေရတတ်တဲ့ နေရာသေးသေးလေးတွေပဲ ဖြစ်ပါတယ်။

 

 

ဒီလိုအိမ်ပုံစံနေရာသေးသေးလေးတွေကို Anonymouse လို့ ခေါ်ပါတယ်။ မြန်မာလိုဘာသာပြန်မယ်ဆိုရင်တော့ ကြွက်တွေနေနိုင်တဲ့ အိမ်နေရာပုံစံသေးသေးလေးတွေကို ပြောခြင်းပဲဖြစ်ပါတယ်။ ဒီလို Anonymouse လေးတွေကို တည်ဆောက်ခဲ့တဲ့ လူတွေကတော့ အမည်မသိအနုပညာရှင်များအဖွဲ့ပဲ ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်အထိ အဲဒီ Anonymouse လေးတွေကို ဘယ်သူတွေ တည်ဆောက်ဖန်တီးနေလဲဆိုတာ မသိရပါဘူး။

 

ဒီလို Anonymouse ပုံစံအိမ်နေရာလေး စတင်ပေါ်ပေါက်ခဲ့တာကတော့ ၂၀၁၆ ခုနှစ်တုန်းက ဆွီဒင်နိုင်ငံ၊ Malmo မြို့ရဲ့ လမ်းမတစ်ခုပေါ်မှာပဲ ဖြစ်ပါတယ်။ ပုံစံကတော့ အီတလီစားသောက်ဆိုင်တစ်ဆိုင်ရဲ့ ပုံစံလေးပါပဲ။ အဲဒီနောက်ပိုင်းကစပြီး ဆွီဒင်နိုင်ငံရဲ့ လမ်းမ အနှံ့ပေါ်မှာ Anonymouse ပုံစံလေးတွေ အများအပြားပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီ Anonymouse ပုံစံလေးတွေဟာ စားသောက်ဆိုင်တွေ၊ စာအုပ်ဆိုင်တွေ၊ အခွေဆိုင်တွေ၊ ကုန်စုံဆိုင်တွေ အစရှိသဖြင့် ပုံစံမျိုးစုံ ပါဝင်ကြောင်း သိရပါတယ်။

READ
အနိဌာရုံ လက်ရာတွေ ကြောင့် နာမည်ကြီးလာတဲ့ စင်ကာပူ Artist

 

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ကျွန်တော်တို့ သာမန်လူမျက်စိနဲ့ မမြင်နိုင်တဲ့ သတ္တဝါတွေ နေထိုင်ဖို့ပါပဲ။ ကျွန်တော်တို့ထက် အဆပေါင်းများစွာသေးတဲ့ သတ္တဝါတွေ၊ ဒဏ္ဏာရီတွေထဲမှာရှိတဲ့ နတ်သူငယ်တွေ၊ အပြိုင်ကမ္ဘာမှာ နေထိုင်တဲ့ သက်ရှိတွေ နေထိုင်ဖို့ပါပဲ။ ဒါကြောင့်မို့လို့လည်း ဒီလိုပုံစံလေးတွေတည်ဆောက်ခဲ့တာပါ” လို့ အဆိုပါဖန်တီးသူများအဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ယောက်က Bored Panda သတင်းဌာနကို ဆက်သွယ်ပြောကြားခဲ့ပါတယ်။

READ
မှူတ်ဆေးတစ်မျိုးတည်းနဲ့ နံရံတွေကို ဖောက်ထွင်းမြင်ရအောင် ဖန်တီးနေတဲ့ အမျိုးသား

 

Pyi Hein Kyaw

SHARE