ရှေ့ခြေ(၂)ချောင်းမရှိတဲ့ ခွေးလေးအတွက် ၀ှီးချဲလုပ်ပေးပြီး မွေးစားခဲ့တဲ့ ကောင်လေး

[email protected] Amazinggracie.ga

ဗုဒ္ဓဘာသာအယူရဆိုရင်တော့ အရင်ဘဝကဝဋ်ကြွေးရှိခဲ့လို့ ဒီဘက်ဘဝမှာ ကိုယ်လက်အင်္ဂါမပြည့်စုံပဲ မွေးဖွားလာတတ်ကြတယ်လို့ အယူအဆရှိပါတယ်။ အဲဒီလိုပဲ Gracie ဆိုတဲ့ ခွေးမလေးဟာလည်း မွေးဖွားကတည်းက ရှေ့ခြေထောက်နှစ်ဖက်လုံး မပါရှိလာပါဘူး။ မွေးဖွားလာပြီး မျက်လုံးနှစ်လုံး စပွင့်လာကတည်းက ဘဝကို ကြမ်းကြမ်းတမ်းတမ်းဖြတ်သန်းခဲ့ရပါတယ်။

[email protected] Amazinggracie.ga

Bored Panda သတင်းဌာနက ဖော်ပြချက်အရ အဆိုပါ Gracie လေးကို မွေးဖွားပြီးကတည်းက ခွေးပိုင်ရှင် မိသားစုဟာ Gracie လေး သက်ဆိုးမရှည်နိုင်လောက်ဘူးလို့ ယူဆခဲ့ပုံရကြောင်း သိရပါတယ်။ ဒီလို Gracie လေး မွေးမွေးပြီးချင်း သိပ်မကြာခင်မှာပဲ ခွေးဂေဟာတစ်ခုကို ပို့ခဲ့ပါတယ်။

ခွေးဂေဟာက ဝန်ထမ်းတွေကတော့ Gracie လေးကို အတက်နိုင်ဆုံးစောင့်ရှောက်ကြပါတယ်. အစာစားချိန်ရောက်တိုင်း အခြားခွေးကလေးတွေနဲ့ ရောမကျွေးပဲ ဝန်ထမ်းတွေကိုယ်တိုင်ပဲ Gracie လေးကို အစာကျွေးကြပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာပဲ Turney မိသားစုဟာ ခွေးကလေးတစ်ကောင်မွေးစားဖို့ အဆိုပါခွေးဂေဟာကို ရောက်၇ှိလာပါတယ်။ ဒီလိုနဲ့ မွေးစားဖို့ ခွေးကလေးတွေ လျှောက်ကြည့်နေရင်းနဲ့ Gracie လေး ထော့နဲ့ထော့နဲ့ပြေးနေတာလေးကိုတွေ့ပြီး သနားစိတ်ဝင်ကာ မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

READ
ငယ်ငယ်ကမွေးခဲ့တဲ့ ခွေးနဲ့တူလို့ မွေးစားခဲ့ပြီးမှ တကောင်းတည်းဖြစ်နေမှန်း သိလိုက်ရတဲ့အဖြစ်
[email protected] Amazinggracie.ga

SHOW ME SOME LOVE!1. Login to Facebook 2. Search for World’s Most Amazing Dog3. Watch Episode 5 4. At the end of the…

Posted by Amazinggracie.ga on Thursday, March 7, 2019

ဒီလိုနဲ့ Gracie လေးဟာ Turney မိသားစုလက်ထဲမှာပဲ ကောင်းမွန်စွာ ကြီးပြင်းလာခဲ့ရပါတယ်။ Turney မိသားစုရှိ အသက်၁၂ နှစ်အရွယ်ရှိ Dylan လို့အမည်ရတဲ့ ကလေးတစ်ယောက်ကတော့ Graccie အတွက် Lego အတုံးတွေနဲ့ ပြုလုပ်ထားတဲ့ ဝှီးချဲလ်လေးတစ်ခုပြုလုပ်ခဲ့ပေးခဲ့ပါတယ်။ Gracie လေးအတွက် အစပိုင်းမှာတော့ အခက်အခဲဖြစ်ခဲ့ပေမယ့် နောက်ပိုင်းလေ့ကျင့်တာများလာတဲ့အခါမှာတော့ Gracie လေးနဲ့ အဆိုပါ ဝှီးချဲလ်လေးဟာ တော်တော်လေး အသားကျလာခဲ့ပါတယ်။ အခုဆိုရင်တော့ Gracie လေးဟာ ဘယ်သွားသွား အဆိုပါ ဝှီးချဲလ်လေးနဲ့ တော်တော်အဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

READ
လူတစ်ယောက်ကိုကူညီမိလို့ (၈)နှစ်စာလစာငွေကို ဆုကြေးအဖြစ်ပိုင်ဆိုင်ခဲ့ရတဲ့အမျိုးသား

Pyi Hein Kyaw

SHARE