စွန့်စွန့်စားစား သွားရ တာကို ကြိုက်တဲ့ ခရီးသွားတွေ အတွက် ထူးခြားတဲ့ တည်းခို ခန်း အ ကြောင်းကို ဝေမျှ ပေးချင်ပါတယ်။ထူး ခြားတဲ့ ဒီ တည်းခိုခန်းက တော့ တောင်စောင်းမှာ ကပ်ပြီး တည်ဆောက်ထားတာပါ။ နာမည်က တော့ La Casa en el Aire ဖြစ် ပြီး မြေ ပြင် အထက် မီတာ (၃၀)၊ကိုလံဘီယာ တောင်တန်းတွေ နားမှာ ကပ် ဆောက်ထားတာပါ။ကိုလံဘီယာနိုင်ငံ Abejorral မြို့ မှာ တည်ရှိတာ ပါ။ထူးခြားတဲ့ ဒီ တည်းခိုခန်း အကြောင်းကိုတော့ odditycentral မှာ ဖော်ပြထားတာပါ။
စတီးဝိုင်ယာ ကြိုးတွေ နဲ့ သစ်သားဆောင်ကို ပံ့ပိုးပေးထားတာပါ။ပင်လယ်မြေ မျက်နှာ ပြင်အထက် မီတာ (၂၅၀၀) လောက် မှာ တည်ရှိတာပါ။တောင်စောင်းမှာ တံတား တစ်စင်းလည်း တည် ဆောက်ထားပါတယ်။ဒီ တည်းခို ခန်း က တော့ ကိုလံဘီယာတောင် တက်သမား Nilton López ရဲ့ စိတ်ကူးဥာဏ်ပါ။ဒီလို တည်းခိုခန်းမျိုးကို တည်ဆောက် ဖို့ က တော့ သူ့ရဲ့ စိတ်ကူး အိမ်မက် ပါ။သူ့ ရဲ့ အိမ်မက်ေ တွကို အ ကောင်အထည် ဖော်နိုင်ခဲ့တာပါ။
တည်းခိုခန်း အတွက် လျှပ်စစ်မီးကိုတော့ ဆိုလာပြားတွေ က နေ ရတာပါ။တောင်စောင်းမှာ တင် အိပ်လို့ ရရုံတင် မကပဲ လာ ရောက် လည် ပတ်သူတွေ အနေနဲ့ ဒီလို ကြောက်စရာ ကောင်းတဲ့ တောင် ပေါ်မှာ zip-line လည်း စီးလို့ရပါတယ်။အမြင့်က နေ ခုန် ချ လို့ ရတဲ့ bungee jumping. တို့ လို အသဲ တယားယား ဖြစ်စေမယ့် အရာ မျိုးတွေ လည်း လုပ်လို့ ရပါတယ်။
View this post on Instagram
Hamacas en el aire. #aeroHostal #aventura #hostal #climb #ig_colombia #abejorral
ဒီလို ထူးခြားတဲ့ အတွေ့ အကြုံ တွေကို ခံစားချင်ရင် တော့ ကိုလံဘီယာနိုင်ငံ Abejorral မြို့ကို လာရောက်ပြီး ခံစားလို့ ရပါတယ်။ဒါ ပေမယ့် ဝေးလံ ခေါင်ဖျားတဲ့ နေရာ တစ်ခု ဖြစ်တာကြောင့် သက်သောင့်သက်သာ ဇိမ်နဲ့ ခရီးသွားချင်သူတွေ အတွက် တော့ အဆင်မ ပြေပါဘူး။ဒ့ါအပြင် အဲ့ဒီ နေရာမှာတော့ အစားအစာနဲ့ ရေ က ရှားပါတယ်။ဒါကြောင့် တာရှည်ခံတဲ့ အစားအစာမျိုး. ဥပမာ- ပေါင်မုန့် ခြောက်၊ခေါက်ဆွဲ ခြောက်၊ကွက်ကီး တို့ ကို ပဲ ရနိုင်ပါတယ်။
#SHWEMOM