လူမရှိပဲ အလိုလိုလှုပ်နေတဲ့ထိုင်ခုံကို ထမင်းစားနေတာ မနှောင့်ယှက်ဖို့ ပြောခဲ့တဲ့ အမျိုးသား

twitter/HellmyAnwar

မလေးလူမျိုးတွေဟာ ပရလောကသားတွေနဲ့ ပတ်သက်တဲ့ ပုံဝတ္ထုတွေဆိုရင် အရမ်းနှစ်သက်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ဒီလိုသဘာဝလွန်ဖြစ်ရပ်တွေပေါ်မှာ စိတ်ဝင်စားကြပါတယ်။ တစ်ခါတစ်လေ တကယ့်လက်တွေ့မှာ ပရလောကသားတွေမရှိတာတောင်မှ ရှိသယောင်ပြောဆိုနေတာမျိုးတွေလည်း တွေ့ရတတ်တာကို အောက်က ဗီဒီိယိုလေးက သက်သေပြနေပါတယ်။

Worldofbuzz သတင်းဌာနအရ @HellmyAnwar ဆိုသူ မလေးအမျိုးသားတစ်ဦးဟာ ထိုင်သူမရှိပဲ အလိုအလျောက်လှုပ်နေခဲ့တဲ့ ခုံတစ်လုံးအကြောင်းကို လိုင်းပေါ်တင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ @HellymyAnwar ဟာ သူ့ကိုယ်သူ အခုလိုစကားပြောခဲ့ပါတယ်။ “ကျေးဇူးပြုပြီး ခုံကို မလှုပ်ပါနဲ့တော့။ ငါ ထမင်းစားချိန်ရောက်နေပြီ။ ကောင်းကောင်းစားပါရစေဦး….” လို့ ခုံတစ်လုံးဆီကို စကားပြောနေတာကို တွေ့ရမှာပါ။

twitter/HellmyAnwar

ရုတ်တရက်ကြည့်လိုက်ရင်တော့ တကယ့်ကို ခြောက်ခြားစရာပါ။ သူပြောတဲ့နေရာမှာရှိတဲ့ ခုံကလည်း မသိရင် လူတစ်ယောက်က ထိုင်ပြီး ဟိုဘက် ဒီဘက်လှည့်နေသလို လည်ထွက်နေတာပါ။ ဒါပေမယ့် ခုံကသာ လည်နေတယ်၊ လူထိုင်နေတာလည်း မတွေ့ရတဲ့အတွက် မသိရင် ပရလောကသားတစ်ဦးဦးက အဆိုပါအမျိုးသားဆီက  ထမင်းဟင်းအကြွင်းအကျန်ကို စားချင်လို့ အယောင်လာပြနေသလိုမျိုးပါပဲ။

READ
ထူးခြားတဲ့ အသွေးအမွေးကြောင့် အွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ခွေးလေး

@HellymyAnwar ဆိုသူက ထပ်ပြီး “ဒီမှာ စားဖို့ထမင်းတွေ အများကြီး ကျန်သေးတယ်။ ငါ ဘယ်လိုလုပ်ထွက်ပြေးလို့ရမလဲ။ ပြီးတော့ ဒီမှာလည်း ပုစွန်တွေတောင် ကျန်သေးတယ်…” ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။

@HellymyAnwar ရဲ့ ဗီဒီယိုလေးဟာ တကယ်ပဲ လူကြိုက်များခဲ့ပြီး ကြည့်ရှုသူပေါင်းများစွာ ရှိခဲ့ပါတယ်။ အွန်လိုင်းက လူတွေကတော့ ဒါတကယ်ပဲ သရဲခြောက်တာလားဆိုပြီး သို့လောသို့လောနဲ့ပါ။ ဒါပေမယ့် @HellymyAnwar ကတော့ လူတွေသိချင်နေကြတဲ့ ထိုင်ခုံနောက်ကွယ်က အဖြစ်မှန်ကို ရှင်းလင်းခဲ့ပါတယ်။ သူက သူဟာ သင်္ဘောပေါ်မှာ အလုပ်လုပ်တဲ့သူဖြစ်ကြောင်း၊ အမှန်တော့ ထိုင်ခုံဟာ အောက်ခင်းကြမ်းနဲ့ ညှပ်နေတာဖြစ်ကြောင်း၊ ဒါကြောင့် သင်္ဘောသွားနေတဲ့အခါ ခုံဘီးတွေလည်မယ့်အစား အပေါ်ပိုင်းဖင်ထိုင်ခုံကြီးသာ လည်ခဲ့တာ ဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါသေးတယ်။

READ
ဖန်တီးနိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ကြတဲ့ ကမ္ဘာတစ်ဝှမ်းက ဥာဏ်ကောင်းတဲ့ကလေးတွေ

လင်းလင်း (ShweMom)

SHARE