စတီယာရင်ကို ခြေထောက်နဲ့ထိန်းပြီး ကားမောင်းနေတဲ့ ယာဉ်မောင်းရဲ့ ဗီဒီယိုဖိုင်

facebook/mabuk ketum

တစ်ခါတစ်လေ ဘတ်စ်ကားစီးရတဲ့အခါ ကိုယ့်အသက်ကိုယ် အလောင်းအစား လုပ်ထားသလိုမျိုး ခံစားရပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်ချို့ဘတ်စ်ကားဆရာတွေက ကားမောင်းတာ အရမ်းကြမ်းတာကြောင့် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေကဆိုရင် ဘတ်စ်ကားတိုက်မှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအခါမှာ နည်းပညာအကူအညီနဲ့ မဆင်မခြင်မောင်းနှင်တဲ့ ဘတ်စ်ကားဆရာတွေကို လူတွေသိအောင်၊ တာဝန်ရှိသူတွေသိအောင် ချက်ခြင်းသတင်းပေးလို့ ရနေပါပြီ။

အခုအခါမှာတော့ worldofbuzz သတင်းဌာနကတဆင့် တွေ့မြင်ရတဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်။ ဗီဒီယိုထဲမှာတော့ ကားဆရာဟာ ကားကို ကောင်းကောင်းမမောင်းပဲ စတီယာရင်ကို ခြေထောက်နဲ့ ထိန်းပြီး မောင်းနေခဲ့တာပါ။ သူ့ရဲ့ညာဘက်လက်ထဲမှာလည်း စီးကရက်နဲ့ဆင်တူတဲ့ အရာတစ်ခုကို ကိုင်ထားပြီး အဲ့ဒါကို သောက်နေခဲ့ပါသေးတယ်။

facebook/mabuk ketum

ပြီးတော့လည်း သူက လေထဲမှာ ဂီတာတီးနေဟန် လုပ်ပြခဲ့ပါသေးတယ်။ ကားဆရာရဲ့ အပြုအမူဟာ ကြောက်ဖို့ကောင်းလှပါတယ်။ တကယ်လို့များ ကားပေါ်မှာ အခြားခရီးသည်တွေပါလာနေရင်လည်း ခရီးသည်တွေအတွက်ပါ အရမ်းကို အန္တရာယ်များတဲ့ အပြုအမူပဲ ဖြစ်ပါတယ်။

READ
ချစ်သူကို ဓားနဲ့(11)ကြိမ်အထိ ထိုးသတ်ပြီး၊ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတဲ့ စစ်သား

နောက်ပိုင်းသိရတာက အဆိုပါ ကားဆရာဟာ ကရာတွမ်ကြောင့် အရှိန်တက်နေတာလို့ သိရပါတယ်။ ကရာတွမ်ဆိုတာကတော့ ကော်ဖီမိသားစုထဲ ပါဝင်တဲ့ အမြဲစိမ်းသစ်ပင်အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ၄င်းဟာ အပူပိုင်းသစ်တောဒေသတွေမှာ ပေါက်ရောက်နိုင်ပါတယ်။ ကရာတွမ်မှာ ဘိန်းကဲ့သို့အရည်အသွေးရှိတာကြောင့် အချို့လူတွေဟာ အနာသက်သာဖို့နဲ့ ဘိန်းအစားထိုးကုဖို့၊ စိတ်အပန်းဖြေဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုကြကြောင်းလည်း သိရပါတယ်။

Mabuk Ketum…

😱😱😱Wtf…

Posted by 我们是马来西亚人 We are Malaysians on Wednesday, 6 November 2019

လင်းလင်း (ShweMom)

SHARE