ဂန္တဝင်မြောက် ပန်းချီကားတစ်ချပ်ကို (၅)မိနစ်အတွင်း ဆွဲပြခဲ့တဲ့ ပန်းချီဆရာ ပီကာဆို

Wikimeida Commons

ပန်းချီလောကနဲ့ သိပ်မရင်းနှီးတဲ့လူတွေတောင်မှပဲ ပီကာဆိုဆိုတဲ့ နာမည်ကြားရင် အားလုံးနီးပါးဟာ ဂန္တဝင်မြောက်ပန်းချီဆရာတစ်ယောက်မှန်း သိကြမှာပါ။ ဒါဆို ပီကာဆိုရဲ့ “ငါးမိနစ်ပန်းချီ” ဆိုတာကိုရော သိကြလားမသိဘူး။၁၉၅၀ ခုနှစ်ကျော်လောက်တုန်းက မှတ်တမ်းတင်ဗီဒီယိုရိုက်ကူးသူ Henri-Georges Clouzot နဲ့လက်ထောက်တို့နှစ်ဦးဟာ ဆရာကြီးပီကာဆိုနဲ့ ရထောင့်ရခဲအခွင့်အရေးတစ်ခုကို ရခဲ့ကြပါတယ်။ အဲဒါကတော့ မှတ်တမ်းတင်ဗီဒီယို ရိုက်ကူးဖို့အခွင့်အရေးပါ။

Youtube-Watch Picasso Make a Masterpiece

အဲဒီခေတ်က ဖလင်ခေတ်ဆိုတော့ ဓာတ်ပုံဗီဒီယိုတွေရိုက်ကူးရင် ဖလင်တွေနဲ့ပဲ ရိုက်ကူးရတာမျိုးပါ။ ဒီတော့ ဖလင်ကုန်ရင် ထည့်ဖြည့်ပြီး ဆက်ရိုက် ရုပ်လုံးထွက်လာဖို့ နောက်မှ ဖလင်ပြန်ဆက်ရတာပါ။ Henri-Georges ရဲ့ ကင်မရာထဲမှာ ဖလင်ဟာ ပေ ၄၅၀ ပဲ ကျန်တော့တာပါ။ ဖလင်ပေ ၄၅၀ ဆိုတာ တကယ်ရိုက်ကူးမယ်ဆိုရင် အချိန် ၅ မိနစ်စာပဲ ခံမယ့်အနေအထားမျိုးဖြစ်ပါတယ်။

READ
ဓာတ်ပုံတွေလို့ ထင်မှားရလောက်အောင် အနုစိတ်လွန်းတဲ့ ပန်းချီလက်ရာများ

ဒါကို ဆရာကြီး ပီကာဆိုက ငါးမိနစ်ထဲနဲ့ ပန်းချီကားတွေ ရအောင်ဖန်တီးမယ်ဆိုပြီး ပြောပြီး စတင်ရေးဆွဲခဲ့ပါတယ်။ စစချင်း ပန်းလေးတစ်ပွင့်၊ ပန်းလေးတစ်ပွင့်ကနေ ငါး၊ ငါးကနေ ကြက်ဖ၊ ကြက်ဖကနေ မျက်နှာတစ်ခု စသဖြင့် ငါးမိနစ်အတွင်း ကင်းဘတ်တစ်ရွက်ထဲ ပုံတစ်ပုံပေါ် တစ်ပုံထပ်ပြီးဆွဲခဲ့ပုံက တော်တော်လေးကို အံ့အားသင့်စရာပါပဲ။

ကြည့်တဲ့လူတွေကတော့ ပီကာဆိုအတွက် ဒီပန်းချီကားဆွဲဖို့ ၅ မိနစ်သာကြာတယ်လို့ မြင်ကြပေမယ့် တကယ်တော့ ငါးမိနစ်မဟုတ်ပါဘူး။ တစ်သက်လုံးစာကြာတာပါ။ ဆိုလိုတာ ပန်းချီကားတစ်ကားရဖို့အတွက်ဆိုရင် တစ်သက်လုံးကြိုးစားလေ့လာခဲ့ရတဲ့ ပညာတွေနဲ့ စိတ်ကူးစိတ်သန်းတွေကို အသုံးချရတဲ့အတွက် ၇၄ နှစ်၊ တစ်သက်လုံးစာကြာတယ်လို့ တင်စားခဲ့တာပဲဖြစ်ပါတယ်။

Pyi Hein Kyaw

SHARE