သားလူပျိုကြီးကို အမေက မိန်းမရှာဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုဖိုင် တရုတ်နိုင်ငံမှာ ရေပန်းစား

weibo/douyin

တရုတ်နိုင်ငံ အနောက်တောင်ဘက်မှာနေထိုင်တဲ့ အမေဖြစ်သူက ကိုယ်တိုင်သီဆိုပြီး ကနေတဲ့ ဗီဒီယိုဖိုင်လေးတစ်ခုဟာ အခုလက်ရှိတရုတ်နိုင်ငံမှာ အရမ်းခေတ်စားနေပါတယ်။ သီချင်းရဲ့ အကြောင်းအရာကတော့ လာမယ့် Lunar တရုတ်နှစ်သစ်ကူးအမှီ အိမ်ထောင်ဖက်အမြန်ဆုံးတွေ့အောင်ကြိုးစားဖို့ အားပေးထားတာပဲ ဖြစ်ပါတယ်။

Weibo/Douyin

သူမရဲ့သား Tao ဟာ အသက်၃၃နှစ်ရှိပြီဖြစ်ပြီး Bloger တစ်ယောက်လဲ ဖြစ်ပါတယ်။ Tao ဟာ သူရဲ့လူမှုကွန်ယက်ပေါ်မှာ သူ့အမေဆိုထားတဲ့ သီချင်းကိုတင်ခဲ့ပြီး လူ၆သန်းကျော်ဟာ အဆိုပါ ဗီဒီယိုကို ကြည့်ရှု့ခဲ့ကြောင်း Next Shark သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

သီချင်းထဲမှာ “ သားရေ၊ မင်းအခုဆို အသက်၃၀ကျော်ပြီ၊ မင်းဘ၀က လွင်ပြင်ထဲမှာ ထီးထီးကြီးပွင့်နေတဲ့ ပန်းကြီးတစ်ပွင့်ပါ။ စိတ်မပျက်ပါနဲ့ ငါ့သားလေးရယ်” “မင်းရဲ့မျက်ရည်တွေကို သုတ်လိုက်ပါ၊ Lunar New Year မှာ ချစ်သူရှာလို့ရပါသေးတယ်ကွယ်” “ မင်းပုံစံက ကြည့်မကောင်းကောင်းပေမယ့် မင်းကအရည်အချင်းရှိတဲ့ လူတစ်ယောက်ဆိုတာ မမေ့နဲ့နော်” အစရှိတဲ့ သီချင်းစာသားတွေပါဝင်ကြောင်း South China Morning Post ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

READ
Tattoo အထိုးခံတဲ့သူကဆက်စီ ကျလွန်းတော့ Tattooဆရာလည်းတလွဲတွေ လုပ်မိတာပေါ့
weibo/douyin

Tao ကတော့ “ အမတို့က ကျွန်တော့်တစ်ယောက်တည်း လက်ထပ်စေချင်တာမဟုတ်ဘူး။ ကျွန်တော့်မှာ အမတစ်ယောက်လည်းရှိတယ်။ သူ့ကိုပါ လက်ထပ်စေချင်တာ” လို့ Red Star News သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကြည်ရှု့သူတော်တော်များများကတော့ “သူ့အမေက ချစ်ဖို့ကောင်းလိုက်တာ” “ဒီလိုမိဘမျိုးကို ယောက္ခမတော်ချင်လိုက်တာ” “’ဒီလို မိဘမျိုးရှိတာ Tao တစ်ယောက်သိပ်ကံကောင်းတာပဲ” အစရှိသဖြင့် မှတ်ချက်ပေးခဲ့ကြောင်း သိရပါတယ်။

Pyi Hein Kyaw

SHARE