ချီလီနိုင်ငံကိုချက်ချင်းသွားလည်ချင်စိတ်ပေါက်သွားမယ့်ဓာတ်ပုံများ

ချီလီနိုင်ငံဟာ အင်မတန်မှလှပတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တောင်အမေရိကတိုက်ရဲ့ အောက်ဆုံးမှာရှိပြီး လက်တင်ဘာသာစကားပြောဆိုတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ လှပတဲ့ရှုခင်းတွေ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်ပြီး ဝိုင်လည်း အထူးပေါ
ကြွဝပါတယ်။ အောက်မှာတော့ ချီလီနိုင်ငံရဲ့လှပတဲ့နေရာအချို့ကိုဖော်ပြပေးလိုက်ပါတယ်။

Santiago

view-from-the-costanera-center-santiago-backpackermacca

ချီလီနိုင်ငံရဲ့မြို့တော်ကြီးပါ။ မြို့တော်ကြီးတစ်ခုလုံးကိုအပေါ်စီးကကြည့်ချင်ရတော့ Costanera Centreအပေါ်ကနေ
ကြည့်၇ှုနိုင်ပါတယ်။ Santiagoဟာ အဆောက်အုံအသစ်တွေ၊ အဟောင်းတွေရောယှက်နေတဲ့ မြို့တော်ကြီးတစ်ခု
လည်းဖြစ်ပါတယ်။

ရောင်စုံသီးနှံများ

colourful-potatoes-in-la-vega-market-santiago-wanderlustchloe

ချီလီနိုင်ငံရဲ့ အလှအပကိုခံစားချင်ရင် အပြင်ရှုခင်းတွေတင်မဟုတ်ပဲ မြို့ဈေးထဲကိုလည်း သွားလည်သင့်ပါတယ်။ ပြီးရင်
တော့ အောက်က ဓာတ်ပုံထဲကလို အထူးအဆန်း ရောင်စုံအာလူးတွေအပြင် အခြားရောင်စုံသီးနှံတွေကိုပါလေ့လာနိုင်
မှာဖြစ်ပါတယ်။

Valparaiso မြို့ရဲ့အလှအပ

1

Valparaisoမြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့တစ်ခုလည်းဖြစ်ပါတယ်။ မြို့ထဲမှာရှိတဲ့နံရံတွေပေါ်မှာ အနုပညာပေါင်းစုံ စီခြယ်
ထားပါတယ်။ ဒါ့အပြင် Valparaiso မြို့ရဲ့အလှအပကိုကြည့်ဖို့ တောင်ကုန်းတွေပေါ်ကိုတက်ရမှာဖြစ်ပါတယ်။ အဲ့ဒိအတွက်
တောင်ကုန်းတက်တဲ့ရထားတွေလည်းရှိပါတယ်။ အသည်းယားစရာကောင်းကောင်းနဲ့ မြို့ရဲ့အလှအပကိုခံစားနိုင်မှာဖြစ်ပါ
တယ်။

12

 

Carreraရေကန်

23

Carreraရေကန်ဟာ အလွန်လှပပြီး သဘာဝအလျောက်ဖြစ်နေတဲ့ ဂူတွေများစွာရှိပါတယ်။

Atacama ကန္တာရ

lunar-valley-atacama-desert-wanderlustchloe

ချီလီနိုင်ငံမြောက်ပိုင်းဟာ ကမ္ဘာပေါ်မှာ အခြောက်အသွေ့ဆုံးဒေသတွေထဲကတစ်ခုဖြစ်ပြီး Atacama ကန္တာရကြီးတည်
ရှိပါတယ်။ Lunar Valleyလို့ခေါ်တဲ့ နေရာရောက်ရင် သင်ဟာ အခြားကမ္ဘာရောက်သွားသလားတောင် ခံစားရပါလိမ့်
မယ်။ Atacama ကန္တာရကြီးဟာ ကြယ်တွေကြည့်တတ်တဲ့သူတွေအဖို့တော့ တကယ့်ကိုသွားသင့်တဲ့နေရာပါပဲ။ ညဘက်
မှာ မြင်ရတဲ့မြင်ကွင်းက အင်မတန်ကိုလှပလွန်းပါတယ်။

READ
ကမ္ဘာပေါ်မှာ သွားလည်ချင်စရာအကောင်းဆုံး မြို့လေး (သို့) အမ်စတာဒမ်
Milky way arch
Milky way arch

ရေငန်ကန်ကြီးများ

miscanti-lagoon-wanderlustchloe

ချီလီနိုင်ငံမှာ အရမ်းလှပတဲ့ရေငန်အိုင်ကြီးများစွာရှိပါတယ်။ Miscanti ရေငန်အိုင်ကြီးကတော့ အလှပဆုံးတွေထဲက
တစ်ခုဖြစ်ပါတယ်။ လှပတဲ့အပြာရောင်ရေတွေနဲ့ အဖြူရောင်ဆားငန်ရေ ပတ်လည်ဝိုင်းထားတဲ့ ရေကန်ကြီးက တကယ်
ကိုရင်သက်ရှုမောဖွယ်ရာပါပဲ။

Torres Del Paine National Park သို့မဟုတ် ကမ္ဘာ့အလှဆုံးဥယျာဉ်ကြီး

park

ချီလီနိုင်ငံရဲ့တောင်ဘက်ကိုသွားမယ်ဆိုရင်တော့ ရင်သက်ရှုမော်ဖွယ်ရာ Torres Del Paineအမျိုးသားဥယျာဉ်ကြီးကို
လည်ပတ်နိုင်မှာဖြစ်ပါတယ်။ ရေကန်တွေ၊ မြစ်တွေ၊ ပန်းတွေ၊စတာတွေအပြင် နေထွက်ချိန်ကြည့်တဲ့သူအများအပြား
လည်းရှိပါတယ်။

 

 

အထက်မှာဖော်ပြခဲ့တဲ့ အရာတွေဟာ ချီလီနိုင်ငံရဲ့လှပတဲ့ နေရာအစုံအလင်မဟုတ်သေးပါဘူး။ အများအပြားကျန်ရှိနေ
သေးပြီး တော်တော်ကိုလှပတဲ့နိုင်ငံမို့ အခွင့်အရေးရရင်သွားရောက်လည်ပတ်သင့်တဲ့နိုင်ငံဖြစ်ပါတယ်။

Sourc:metro

shwemom-post-photo-1-1

 

 

 

SHARE