ကိုယ်တိုင်မီးသတ်သမားဖြစ်ပေမယ့် သားသမီးတွေအသက်ကိုတော့ မကယ်နိုင်ခဲ့တဲ့ ဖခင်

foxnews

အမေရိကန်နိုင်ငံ ပင်ဆီဗေးနီးယားပြည်နယ်ရှိ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းမှာ တနင်္ဂနွေနေ့မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ ကလေးငယ် (၅) ဦး မီးထဲ ပါသွားခဲ့ကြောင်း foxnews အရ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့နေရာဟာ Harris Family Day Care စင်တာ ဖြစ်ပါတယ်။ မီးလောင်မှုထဲ ပါသွားတဲ့ ကလေး(၅) ဦးတို့အနက် (၃) ဦးမှာ အပျော်တမ်းမီးသတ်သမားတစ်ဦးရဲ့ ကလေးတွေဖြစ်တယ်လို့လည်း သိရပါတယ်။

foxnews

၎င်းမီးသတ်သမားဟာ လူသာဂျုံးစ်ဆိုသူဖြစ်ကာ သူဟာ အလုပ်မသွားခင်မှာ ကလေးတွေကို နေ့ကလေးထိန်းကျောင်းဆီ ၀င်ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူကလေး(၃) ဦးမှာ မိန်းကလေး(၂) ဦး၊ ယောက်ျားလေး(၁) ဦး ဖြစ်တယ်လို့ သိရပါတယ်။ ကလေးအဖေဟာ Lawrence Park Volunteeer မီးသတ်ဌာနမှာ အလုပ်လုပ်နေပြီး သူ့သားသမီးတွေရှိတဲ့ နေ့ကလေးထိန်းစင်တာ မီးလောင်နေတာကို လုံးဝမသိခဲ့ပါဘူး။

READ
ယာဉ်တိုက်မှုကြောင့် ပျက်စီးခဲ့တဲ့မျက်နှာကို ပလပ်စတစ်ဆာဂျူရီအစွမ်းနဲ့ပြန်လည်ကုသ

နေ့ကလေးထိန်းစင်တာ မီးလောင်မှုကိုတော့ နောက်ထပ်မီးသတ်ဌာနတစ်ခုဖြစ်တဲ့ Erie မီးသတ်ဌာနဟာ သွားရောက်မီးငြိမ်းသတ်ခဲ့ရပါတယ်။ စင်တာဟာ (၃) ထပ်တိုက်အဆောက်အဦးကြီးဖြစ်ပါတယ်။ မီးလောင်သေဆုံးခဲ့တဲ့ ကလေးတွေဟာ (၈) လသားအရွယ်လေးတွေကနေ (၈) နှစ်သားအရွယ်ထိ အသီးသီးရှိတယ်လို့ သိရပါတယ်။

foxnews

အခင်းဖြစ်ပွားရာအချိန်မှာ ဂျုံးစ်ဟာ မီးလှန့်မှုတစ်ခုကို လှမ်းပြောတဲ့ အ၀င်ဖုန်းတစ်ခုကို ဖြေဆိုနေခဲ့တာပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်က မီးသတ်သမားဖြစ်နေပေမယ့် ကိုယ့်ကလေး(၃) ယောက်ကိုတော့ မီးထဲကနေ မကယ်တင်နိုင်ခဲ့တဲ့ ဂျုံးစ်ဟာ ကံဆိုးခဲ့ရှာတာပါ။ နေ့ကလေးထိန်းစင်တာပိုင်ရှင်ဖြစ်သူဟာလည်း ဆေးရုံရောက်ရှိနေပြီး လက်ရှိအခြေအနေမှာ တည်ငြိမ်နေပြီလို့ သိရပါတယ်။

၎င်းနေ့ကလေးထိန်းစင်တာ မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ လက်ရှိထိ မသိရသေးပါဘူး။ ဒါပေမယ့် (၂၀၁၈) ခုနှစ် ဒီဇင်ဘာ(၂၈) ရက်နေ့တုန်းက နေ့ကလေးထိန်းစင်တာကို စစ်ဆေးချက်အထဲမှာတော့ ကလေးတွေထိန်းသိမ်းစောင့်ရှောက်ရာနေရာမှာ စီးကရက်နဲ့ ဆေးလိပ်ဖင်စီခံတွေတွေ့ရကြောင်း မှတ်ချက်ပေးထားခဲ့တယ်လို့ သိရပါတယ်။

READ
ဖခင်ဖြစ်သူရဲ့ အသက်ကို ကယ်ခဲ့ပြီး မိဘကျေးဇူးကို အတတ်နိုင်ဆုံးဆပ်ခဲ့တဲ့အမျိုးသမီး

လင်းလင်း (ShweMom)

SHARE